Tuesday, January 14, 2025

ကာစီနိုကိုတရားဝင်ခွင့်ပြုမည့်ဥပဒေကြမ်းကို ထိုင်းအစိုးရအဖွဲ့ အတည်ပြု

လောင်းကစားလုပ်ငန်းနှင့် ကာစီနိုရုံများကို တရားဝင်ခွင့်ပြုမည့် ဥပဒေကြမ်းတရပ်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုပေးလိုက်ပြီး ယင်းသို့ ပြုလုပ်ခြင်းသည် ခရီးသွားလုပ်ငန်း၊ အလုပ်အကိုင်နှင့် ရင်းနှီးမြှပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်...

ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိက တို့...

ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိကတို့သည် အာရှ၏ ရေပြင်ပိုင်နက်တွင် တင်းမာမှုများမြင့်တက်နေမှုနှင့် ရင်ဆိုင်ကြုံ‌ေတွ့‌ေနရသဖြင့် သုံးနိုင်ငံအစီအစဉ်ဖြင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုခဲ့ကြကြောင်း ခေါင်းဆောင်သုံးဦး ဖုန်းဆက်သွယ်ပြောဆိုခဲ့အပြီးတွင်...

မြို့ပြဒေသများတွင် အပူလှိုင်းဒဏ်ခံစားနေရသည့်အပေါ် ဆောလျင်စွာတုန့်ပြန်ရေးလုပ်ငန်းစဉ် ဆွေးနွေးပွဲ...

မြို့ပြဒေသများတွင် အပူလှိုင်းဒဏ်ခံစားနေရသည့်အပေါ် ဆောလျင်စွာတုန့်ပြန်နိုင်ရေးဆိုင်ရာလုပ်ငန်းစဉ် ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်း ဆွေးနွေးပွဲကို စင်ကာပူနိုင်ငံ၌ ယခုလ ဇန်နဝါရီ (၇)ရက်မှ (၁၀)ရက်အထိ...

Myanmar National League 2024-25...

Myanmar National League 2024-25 Week-15 ပွဲစဉ်ကို ယမန်နေ့ ဇန်နဝါရီ (၁၃)ရက်၌ တောင်ကြီးကွင်း၌ အိမ်ရှင် ရှမ်းယူနိုက်တက်နှင့် သစ္စာအားမာန်အသင်းတို့...
HomeNewsLocal Newsမုံရွာမြို့တွင် မေမေများအတွက် ဈေးရောင်းပွဲတော်ကျင်းပ

မုံရွာမြို့တွင် မေမေများအတွက် ဈေးရောင်းပွဲတော်ကျင်းပ

မေမေများကို လက်ဆောင်ပေးရန် ရည်ရွယ်ချက်ဖြင့် လက်မှုအနုပညာလက်ရာများ၊ မြန်မာ့ရိုးရာအစားအစာများကို အမေများနေ့ဖြစ်သည့် ပြာသိုလပြည့်နေ့၊ ဇန်နဝါရီလ (၁၃)ရက် နေ့လယ်ပိုင်းက မုံရွာမြို့၊ ကျောက်ကာလမ်း၊ ဝါစက်ဝင်းရှေ့တွင် ရောင်းချပေးခဲ့သည်။

“ဒီပွဲလေးလုပ်တာဟာ ဝါသနာတူတဲ့ သူတွေစုပြီး အမေများနေ့တစ်ရက်တည်း မေမေတွေလက်ဆောင်ပေးဖို့ရည်ရွယ်ချက်နဲ့ ရောင်းပေးတာပါ။ ဒီလိုပွဲလုပ်တာ ပထမဆုံးအကြိမ်ပါ။ အရင်ကလုပ်ခဲ့တာမရှိဘူး။ အခုမှဝါသနာတူသူငယ်ချင်းတွေစုပြီး သွားရောင်းကြမယ်ဆိုပြီးစိတ်တူကိုယ်တူလာရောင်းဖြစ်ကြတာပါ။ အခုလာမယ့်ချစ်သူများနေ့မှာ ရောင်းဖြစ်ကြမလားဆိုတာတိုင်ပင်နေကြပါတယ်”ဟု မသက်ထားမောင် (ဒေါ်ကြီးရွှေ မြန်မာ့ရိုးရာအစားအစာ)က ပြောသည်။

အမေများနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတွင် မြေစာဥဆ နွင်းမကင်း၊ ရွှေကြည်ပူတင်း၊ သီးစုံဆနွင်းမကင်း၊ အုန်းနို့ကျောက်ကျော၊ သာခွေယိုင်၊ အုန်းနို့ငှက်ပျောပေါင်း၊ ကလိန့်စေ့အုန်းနို့ပေါင်း၊ ပင်လယ်ရေခူသုပ်၊ ငပိ ၊ငါးခြောက်၊ ပုစွန် ခြောက်၊ ဘိတ်ဒေသထွက် အခြောက်အခြမ်းများ၊ Clay Art Mug ၊ငှက်ပျောပေါင်း၊လက်ဆောင်ပန်းစည်းမျိုးစုံ၊ ချည်ထည်ပန်းထိုးဝမ်းဆက်များ၊ ချစ်စရာ ချည်ပန်းထိုး ခေါင်းစည်း ကြိုးလေးများ၊ ချည်ပန်းထိုး အမွှေစိန် ခေါင်းစည်းပဝါများ၊ ချစ်စရာကောင်းတဲ့ Crochet လက်ရာများကို နေ့လယ် (၁၂) နာရီမှ ညနေ(၄)နာရီအထိ ရောင်းချပေးခဲ့ကြသည်။

“မေမေ့ အတွက် ပိုက်ဆံပန်းစည်းပေးဖို့ဝယ်တာပါ။ မေမေတွေနဲ့ ဆိုင်တဲ့ကံကောင်းစေတဲ့ နေကြာပန်းလို အရုပ်လေးတွေ ဖန်တီးထားတာတွေ့ရတယ်။ ကလေ-းတွေ သင်နေတဲ့ Clay Art လို့ခေါ်တဲ့ ရွံ့ တစ်မျိုးနဲ့ ဖန်တီးရတဲ့ အရုပ်ကလေးတွေ၊ လက်ဝတ်လက်စားလေးတွေလည်းရောင်းပေးနေတာတွေ့ရပါတယ်”ဟု ဈေးဝယ်လာသူ အမျိုးသမီးက ပြောသည်။

အမေများနေ့ အထိမ်းအမှတ် ဈေးရောင်းပွဲကို ဒေါ်ကြီးရွှေမြန်မာ့ရိုးရာအစားအစာ ၊ Craftlife Myanmar၊ Foodie Thet ၊ Suprise Gift in Monywa ၊ Pann Ei Phyu ၊ 88 PAN Burmese Cotton ၊ Karkar နှင့် တောင်ပင်လယ် တို့ပူးပေါင်းရောင်းချကြခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကာစီနိုကိုတရားဝင်ခွင့်ပြုမည့်ဥပဒေကြမ်းကို ထိုင်းအစိုးရအဖွဲ့ အတည်ပြု

လောင်းကစားလုပ်ငန်းနှင့် ကာစီနိုရုံများကို တရားဝင်ခွင့်ပြုမည့် ဥပဒေကြမ်းတရပ်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုပေးလိုက်ပြီး ယင်းသို့ ပြုလုပ်ခြင်းသည် ခရီးသွားလုပ်ငန်း၊ အလုပ်အကိုင်နှင့် ရင်းနှီးမြှပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည် ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက ဇန်နဝါရီ ၁၃ ရက်တွင် ပြောဆိုခဲ့သည်။ ယခုအခါ လွှတ်တော်က သုံးသပ်ဆုံးဖြတ်နိုင်ရန် တင်ပြရမည်ဖြစ်သော ဥပဒေကြမ်းအရ ကြီးမားသော ဖျော်ဖြေရေးအဆောက်အအုံများတွင် လောင်းကစားလုပ်ခြင်းကို ခွင့်ပြုမည်ဖြစ်သည်။ လက်ရှိတွင် လောင်းကစားအမျိုးမျိုးကို ထိုင်းနိုင်ငံ၌ တားမြစ်ထားသော်လည်း မြင်းပြိုင်ပွဲနှင့် အစိုးရထီကဲ့သို့ တရားဝင်လောင်းကစားခွင့်ပြုထားသည့်အရာများနှင့်အတူ မြေအောက်လောင်းကစားလုပ်ငန်းများနှင့် ထီလောင်းကစားခြင်းများသည် ကျယ်ကျယ်ပြန့်ပြန့်ဆက်ကာရှိနေခဲ့သည်။ ကမ္ဘောဒီးယား၊ စင်ကာပူနှင့် ဖိလစ်ပိုင်ကဲ့သို့...

ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိက တို့ ပိုမိုနက်ရှိုင်းစွာပူးပေါင်းမည်ဟု ကတိပြု

ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိကတို့သည် အာရှ၏ ရေပြင်ပိုင်နက်တွင် တင်းမာမှုများမြင့်တက်နေမှုနှင့် ရင်ဆိုင်ကြုံ‌ေတွ့‌ေနရသဖြင့် သုံးနိုင်ငံအစီအစဉ်ဖြင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုခဲ့ကြကြောင်း ခေါင်းဆောင်သုံးဦး ဖုန်းဆက်သွယ်ပြောဆိုခဲ့အပြီးတွင် အဆိုပါသုံးနိုင်ငံက ထုတ်ဖော်ပြောကြားလိုက်သည်။ ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ၊ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနှင့် ရာထူးမှဆင်းတော့မည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် အာရှစံတော်ချိန် တနင်္လာနေ့မနက်ပိုင်းက အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ကြသည်။ စီးပွားရေး၊ ရေကြောင်းနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမို ခိုင်မာ အားကောင်း လာစေရေးနှင့် နက်ရှိုင်းစေရေး ကို ခေါင်းဆောင်များက သဘောတူခဲ့ကြသည်ဟု...

မြို့ပြဒေသများတွင် အပူလှိုင်းဒဏ်ခံစားနေရသည့်အပေါ် ဆောလျင်စွာတုန့်ပြန်ရေးလုပ်ငန်းစဉ် ဆွေးနွေးပွဲ ကျင်းပပြုလုပ်

မြို့ပြဒေသများတွင် အပူလှိုင်းဒဏ်ခံစားနေရသည့်အပေါ် ဆောလျင်စွာတုန့်ပြန်နိုင်ရေးဆိုင်ရာလုပ်ငန်းစဉ် ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်း ဆွေးနွေးပွဲကို စင်ကာပူနိုင်ငံ၌ ယခုလ ဇန်နဝါရီ (၇)ရက်မှ (၁၀)ရက်အထိ လေးရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ကိုယ်စားလှယ်အဖြစ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးဒေါ်မိုးသီတာဝင်း တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲအတွင်း မြို့ပြဒေသများအတွင်း ခံစားရသည့် အပူလှိုင်းဒဏ်ကို ဆောလျင်စွာတုန့်ပြန်ရေးလုပ်ငန်းစဉ်များ (Urban Heatwave Simplified Early Action Protocol) အပေါ် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသည်များကို အသင်းကိုယ်စားလှယ်က ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများနှင့် အမြင်ချင်း ဆွေးနွေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071