Wednesday, January 1, 2025

KBZ Pay အကောင့်အချို့ငွေလိ-မ်ထုတ်ခံရသည့် ဖြစ်စဉ်အမြန်ဆုံးစိစစ်နေဟုဆို

ယခုရက်ပိုင်းအတွင်း KBZ Pay အကောင့်အချို့မှ ငွေလိ-မ်ထုတ်ခံရသည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး အမြန်ဆုံးစိစစ်နေကြောင်း KBZPay က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းက KBZ...

ရှီနှင့်ပူတင်တို့ အပြန်အလှန် နှစ်သစ်ကူးဆုမွန်‌တောင်းကြ

ပေကျင်း၊ဒီဇင်ဘာ ၃၁ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့သည် နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် နှုတ်ခွန်းဆက်စကားဖလှယ်ခဲ့ကြကြောင်းသိရသည်။ တရုတ်နှင့်ရုရှားတို့သည် မဟာမိတ်မဟုတ်၊ထိပ်တိုက်ရင်ဆိုင်ခြင်းမဟုတ်၊မည်သည့်နိုင်ငံကိုမျှ ပစ်မှတ်မထားဘဲ မှန်ကန်သောလမ်းစဉ်တစ်လျှောက် လက်တွဲလုပ်ဆောင်နေသည်ဟုလည်း ရှီကပြောကြားခဲ့သည်။ နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုနှင့် မဟာဗျူဟာမြောက်ညှိနှိုင်းဆောင်ရွက်မှုသည်...

ရှေ့ဆက်လျှောက်လှမ်းရမည့်ခရီး၏ အခက်အခဲများကို မိမိတို့အားလုံးက စုစည်းညီညွတ်သည့်ပူးပေါင်းစွမ်းအားဖြင့်...

ရှေ့ဆက်လျှောက်လှမ်းရမည့်ခရီး၏ အခက်အခဲများကို မိမိတို့အားလုံးက စုစည်းညီညွတ်သည့်ပူးပေါင်းစွမ်းအားဖြင့် ကျော်ဖြတ်နိုင်မည်ကိုယုံကြည်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁...

တရုတ်နှင့် အာဆီယံ နိုင်ငံများအကြား စီးပွားရေးနှင့်...

တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ စီးပွားရေး ပညာရှုထောင့်မှ အမြင်ချင်းဖလှယ်ဆွေးနွေးသည့် ဖိုရမ်သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း...
HomeNewsLocal Newsမုံရွာမြို့နယ် ကျေးရွာအုပ်စု (၃၂)အုပ်စုတွင်...

မုံရွာမြို့နယ် ကျေးရွာအုပ်စု (၃၂)အုပ်စုတွင် ကြက်သွန်ဧက (၇၆၅၀) ကျော်စိုက်ပျိုးထား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ၊ ကျေးရွာအုပ်စု (၃၂) အုပ်စုတွင် ကြက်သွန်ဧက (၇၆၅၀)ကျော်စိုက်ပျိုးထားကြောင်း သိရသည်။

ထွက်နှုန်းကောင်းလျင် ကောင်းသလောက် တစ်ဧကလျင် ကြက်သွန်ပိသာ (၇၀၀၀)ကျော်မှ ပိသာ (၁၀၀၀၀)ကျော်အထိထွက်သလို ကြက်သွန်ထွက်ချိန် စျေးကောင်းရင်ကောင်းသလောက်အဆင်ပြေသည့်အတွက် ကြက်သွန်စိုက်သည်ကိုတောင်သူများ ပိုမိုစိတ်ပါဝင်စားကြကြောင်း သိရသည်။

ကြက်သွန်စိုက်ရာတွင် ကိုယ်ပိုင်မြေ၊ အငှားမြေတို့တွင်စိုက်ပျိုးကြပြီး အလုပ်သမားခအပါအဝင် အထွေထွေကုန်ကျ စရိတ်ကျပ်သိန်း (၃၀) ကျော်ရှိသည့်အတွက် ကြက်သွန်ထွက်ချိန်တွင် စျေးကောင်းရရန်တောင်သူများ မျှော်လင့်နေကြကြောင်း သိရသည်။

မုံရွာမြို့နယ်တွင် ရွှေဖလားထိပ်မောက်မျိုးကို အများအပြားစိုက်ပျိုးကြပြီး ကြက်သွန်ပျိုးရာတွင် အချိန်(၁)လခွဲခန့်ကြပြီး စိုက်လျင် (၄)လခန့်ကြာကြောင်း သိရသည်။

ကြက်သွန်စိုက်လျင် လုပ်အားခအနေဖြင့် အမျိုးသမီးတစ်ဦးတစ်ရက် ကျပ် (၈၀၀၀)၊ ရေသွင်းဆေးဖျန်းအမျိုးသားတစ်ဦးကျပ် (၁၂၀၀၀) ပေးရပြီး ကြက်သွန်ခင်းကို မပြတ်စောင့်ကြည့်ကာ မှိုဆေး၊ ပိုးဆေးလိုက်ရသလို ရေ၊ မြေဆီမပြတ်ပေးရကြောင်း တောင်သူများထံက သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

KBZ Pay အကောင့်အချို့ငွေလိ-မ်ထုတ်ခံရသည့် ဖြစ်စဉ်အမြန်ဆုံးစိစစ်နေဟုဆို

ယခုရက်ပိုင်းအတွင်း KBZ Pay အကောင့်အချို့မှ ငွေလိ-မ်ထုတ်ခံရသည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး အမြန်ဆုံးစိစစ်နေကြောင်း KBZPay က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းက KBZ Pay အသုံးပြုသူတချို့သည် ကိုယ်တိုင်မသိရှိရဘဲ အကောင့်ထဲမှ ငွေကြေးများ လွှဲပြောင်းထုတ်ယူခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဝေဖန်မှုများရှိလာခြင်းဖြစ်သည်။ ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ အမြန်ဆုံးစိစစ်ဆောင်ရွက်နေသလို ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ စုံစမ်းထုတ်ဖော်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ လတ်တလောတွင် အသုံးပြုသူတချို့၏ အကောင့်များကို OT-P ရယူပြီး PIN နံပါတ်ကိုခန့်မှန်းကာ ဝင်ရောက်ခဲ့သည့်ဖြစ်စဉ်များနှင့်ပတ်သက်ပြီး က‌မ္ဘောဇဘဏ်က သိရှိသတိပြုမိထားပြီးဖြစ်သလို အသုံးပြုသူများ၏...

ရှီနှင့်ပူတင်တို့ အပြန်အလှန် နှစ်သစ်ကူးဆုမွန်‌တောင်းကြ

ပေကျင်း၊ဒီဇင်ဘာ ၃၁ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့သည် နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် နှုတ်ခွန်းဆက်စကားဖလှယ်ခဲ့ကြကြောင်းသိရသည်။ တရုတ်နှင့်ရုရှားတို့သည် မဟာမိတ်မဟုတ်၊ထိပ်တိုက်ရင်ဆိုင်ခြင်းမဟုတ်၊မည်သည့်နိုင်ငံကိုမျှ ပစ်မှတ်မထားဘဲ မှန်ကန်သောလမ်းစဉ်တစ်လျှောက် လက်တွဲလုပ်ဆောင်နေသည်ဟုလည်း ရှီကပြောကြားခဲ့သည်။ နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုနှင့် မဟာဗျူဟာမြောက်ညှိနှိုင်းဆောင်ရွက်မှုသည် ခေါင်းဆောင်နှစ်ဦး၏ လမ်းညွှန်မှုအောက်တွင် ပိုမိုမြင့်မားသောအဆင့်သို့ စဉ်ဆက်မပြတ်ချီတက်နေပြီဖြစ်ကြောင်းလည်းဆက်လက်ပြောကြားခဲ့သည်။ နှစ်နိုင်ငံသည် BRICS ယန္တရားနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ဥက္ကဋ္ဌများအဖြစ် အပြန်အလှန် ပံ့ပိုးကူညီခဲ့ကြပြီး ကမ္ဘာ့တောင်ခြမ်းနိုင်ငံများအကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို သိသိသာသာအထောက်အကူပြုနိုင်ကြောင်း ရှီကပြောကြားခဲ့သည်။ နှစ်ဖက်စလုံးက အိမ်နီးချင်းကောင်းများအဖြစ် ချစ်ကြည်ရင်းနှီးမှု၊ အရေးပါသော ပေါင်းစပ်ညှိနှိုင်းမှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိသော တရုတ်-ရုရှားဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းနိုင်ရန်သာမက သမ္မတပူတင်နှင့် အနီးကပ်ဆက်ဆံမှုများကိုပါ ဆက်လက်ထိန်းသိမ်းသွားရန် အဆင်သင့်ရှိကြောင်းလည်း...

ရှေ့ဆက်လျှောက်လှမ်းရမည့်ခရီး၏ အခက်အခဲများကို မိမိတို့အားလုံးက စုစည်းညီညွတ်သည့်ပူးပေါင်းစွမ်းအားဖြင့် ကျော်ဖြတ်နိုင်မည်ကိုယုံကြည်

ရှေ့ဆက်လျှောက်လှမ်းရမည့်ခရီး၏ အခက်အခဲများကို မိမိတို့အားလုံးက စုစည်းညီညွတ်သည့်ပူးပေါင်းစွမ်းအားဖြင့် ကျော်ဖြတ်နိုင်မည်ကိုယုံကြည်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင်ကျရောက်သည့် နှစ်သစ်ကူးအခါသမယတွင် နစက ဥက္ကဋ္ဌမှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နစက တာဝန်ယူချိန်မှစတင်ကာ ရှေ့လုပ်ငန်းစဉ်များကို ခိုင်ခိုင်မာမာဖြင့် ကြိုးစားလျှောက်လှမ်းခဲ့သဖြင့် သိသာထင်ရှားသည့် ရည်မှန်းချက်ပန်းတိုင်များကို တွေ့မြင်နေရပြီဖြစ်ကာ ပြည်သူများမှလည်း တက်တက်ကြွကြွနှင့်ဝိုင်းဝန်းကူညီပေးခဲ့ကြသည်ဟု ပြောသည်။ " ရှေ့ဆက်လျှောက်လှမ်းရမယ့်ခရီးမှာ စိန်ခေါ်မှုတွေ၊ အကြပ်အတည်း၊ အခက်အခဲတွေကို ရင်ဆိုင်တွေ့နိုင်ရပေမယ့် ကျွန်တော်တို့အားလုံးရဲ့ စုစည်းညီညွတ်တဲ့ ပူးပေါင်းစွမ်းအားနဲ့ကျော်ဖြတ်နိုင်မယ်လို့ယုံကြည်ပါတယ်"ဟု နစက ဥက္ကဋ္ဌက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071