Saturday, February 22, 2025

ကီရှီဒါကို ပိုက်ဗုံးဖြင့် ပစ်ပေါက်သူ ထောင်ဒဏ်...

ဂျပန်ဝန်ကြီးချုပ်ဟောင်း ဖူမီယို ကီရှီဒါကို ၂၀၂၃ ခုနှစ် မဲဆွယ်စည်းရုံးရေး အခမ်းအနားတွင် လက်လုပ် ပိုက်ဗုံးဖြင့် ပစ်ခဲ့သူ အမျိုးသားကို တရားရုံးက ထောင်ဒဏ်...

တရားသောစစ်ကိုဆက်လက်ဆင်နွှဲသွားမည်ဟု ပြတ်သားစွာပြောကြားခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဒေသခံများနှင့်ပူးပေါင်းကာ တရားသောစစ်ကိုဆက်လက်ဆင်နွှဲသွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြတ်သားစွာပြောကြားခဲ့သည်။ ၎င်းမှ ယနေ့ ဖေဖော်ဝါရီ...

အိမ်ရှင် နီပေါနိုင်ငံအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် မြန်နာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း...

အိမ်ရှင် နီပေါနိုင်ငံ လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားကြရမည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဖေဖော်ဝါရီ (၂၁)ရက် မွန်းလွဲပိုင်းအချိန်၌ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည့်...

နိုင်ငံပေါင်း (၁၄)နိုင်ငံပါဝင် ယှဉ်ပြိုင်မည့် မြင်းစီးတန်းခုန်ပြိုင်အတွက်...

နိုင်ငံပေါင်း (၁၄)နိုင်ငံပါဝင် ယှဉ်ပြိုင်မည့် မြင်းစီးတန်းခုန်ပြိုင်အတွက် မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် မြင်းစီးကစားသမား ကျော်ဝဏ္ဏအောင်သည် ယနေ့ ထိုင်းနိုင်ငံသို့ ထွက်ခွာပြီဖြစ်ကြောင်း သိရသည်။ ၎င်းအနေဖြင့် ဖေဖော်ဝါရီ...
HomeNewsLocal Newsမုံရွာမြို့ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရန်...

မုံရွာမြို့ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရန် (ပထမအကြိမ်)အလှူငွေပေးအပ်ပွဲ၌ အလှူငွေကျပ်သိန်း(၃)ထောင်ကျော်ရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရန် (ပထမအကြိမ်)အလှူငွေပေး အပ်ပွဲကို ယနေ့ ဇန်နဝါရီ ၃၀ ရက်နံနက်ပိုင်းကကျင်းပရာ အလှူငွေကျပ်သိန်း(၃)ထောင်ကျော်ရရှိခဲ့ကြောင်း သိရသည်။

အလှူတော်ငွေပေးအပ်ပွဲသို့ မုံရွာမြို့၊ သာစံ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ သက်တော်ရှည်ဆရာတော်ကြီးနှင့် ဆရာတော်၊သံဃာတော်များကြွရောက်တော်မူခဲ့ကြပြီး စစ်ကိုင်း တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တာဝန်ရှိသူများနှင့် အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။

ထိုသို့ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြပြီးနောက် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန် တိုင်းဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများနှင့် အလှူရှင်များက အလှူငွေကျပ်သိန်း(၃၂၀၀)ကျော်အားပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြသည်။

တိုင်းဝန်ကြီးချုပ်နှင့်ဇနီးတို့သည် သက်တော်ရှည်ဆရာတော်ကြီးနှင့် ကြွရောက်တော်မူလာကြသည့် ဆရာတော်၊သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကီရှီဒါကို ပိုက်ဗုံးဖြင့် ပစ်ပေါက်သူ ထောင်ဒဏ် ၁၀ နှစ်ကျ

ဂျပန်ဝန်ကြီးချုပ်ဟောင်း ဖူမီယို ကီရှီဒါကို ၂၀၂၃ ခုနှစ် မဲဆွယ်စည်းရုံးရေး အခမ်းအနားတွင် လက်လုပ် ပိုက်ဗုံးဖြင့် ပစ်ခဲ့သူ အမျိုးသားကို တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည်။ ဝါခါယားမာ ခရိုင်တရားရုံးက ဗုဒ္ဓဟူးနေ့တွင် ချမှတ်သော စီရင်ချက်အရ အသက် ၂၅ နှစ်အရွယ်ရှိ ယူဂျီ ကီမုရာ က ၎င်း၏တိုက်ခိုက်မှုသည်ပြင်းထန်ပြီး သေဆုံးနိုင်သည့်အလားအလာရှိသည်ဟု ဂျပန်ကျိုဒိုသတင်း အေဂျင်စီက ဖော်ပြခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုသည် ဒီမိုကရေစီအတွက် ပြင်းထန်သော စိန်ခေါ်မှုတစ်ခုဖြစ်ပြီး လူများစွာအတွက် ကြီးမားသော အန္တရာယ်ရှိသည်ဟု...

တရားသောစစ်ကိုဆက်လက်ဆင်နွှဲသွားမည်ဟု ပြတ်သားစွာပြောကြားခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဒေသခံများနှင့်ပူးပေါင်းကာ တရားသောစစ်ကိုဆက်လက်ဆင်နွှဲသွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြတ်သားစွာပြောကြားခဲ့သည်။ ၎င်းမှ ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်နံနက်ပိုင်းက ဗထူးမြို့၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(ဗထူး)စစ်ရေးပြကွင်း၌ကျင်းပသည့် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၈)သူရတပ်ခွဲ၏ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့သည် NUG၊ CRPH၊ PDF အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အကြမ်းဖက်လက်နက်ကိုင်နည်းလမ်းကို တရားလက်လွတ်ဥပဒေမဲ့လုပ်ဆောင်လျက်ရှိ၍ နယ်မြေဒေသအချို့တွင် မတည်မငြိမ်ဖြစ်ခဲ့ရပြီး ဒေသခံများ၏ လူမှုစီးပွားဘဝနှင့် အသက်အန္တရာယ်များထိခိုက်ဆုံးရှုံးနေရသည်ဟု ပြောသည်။ ထို့ပြင် အကြမ်းဖက်အဖွဲ့များသည် ထာဝရငြိမ်း...

အိမ်ရှင် နီပေါနိုင်ငံအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် မြန်နာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း လေ့ကျင့်ပြင်ဆင်

အိမ်ရှင် နီပေါနိုင်ငံ လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားကြရမည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဖေဖော်ဝါရီ (၂၁)ရက် မွန်းလွဲပိုင်းအချိန်၌ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည့် နီပေါအသင်းနှင့် ဖေဖော်ဝါရီ (၂၃) ရက် ညနေ (၆)နာရီ (၄၅)မိနစ်အချိန်တွင် တတိယအကျော့ပွဲစဥ်အဖြစ် ယှဉ်ပြိုင် ကစားသွားရမည်ဖြစ်သည်။ မြန်မာအသင်းသည် ဖေဖော်ဝါရီ (၁၇) ရက် ပွဲဦးထွက်အ‌ဖြင့် လက်ဘနွန်အမျိုးသမီးအသင်းဖြင့် ယှဉ်ပြိုင်ကစားကြရာတွင် (၃)ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိထားပြီး ဖေဖော်ဝါရီ(၂၀)ရ က်က ကာဂျစ္စတန် လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားရာတွင် (၅)ဂိုး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071