Sunday, November 17, 2024

မြန်မာနိုင်ငံထွက် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြု

မြန်မာပြည်တွင် စိုက်ပျိုးထွက်ရှိသည့် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ အသိပေးထုတ်ပြန်ထားသည်။ မကြာသေးမီက " မြန်မာနိုင်ငံမှ လတ်ဆတ်သောနာနတ်သီး တင်သွင်းမှုအတွက် ပိုးမွှားကင်းရှင်းကြောင်း (Phytosanitary)...

မန္တလေးတွင် ရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားခြင်းနှင့် ပတ်သက်၍...

ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ ရွှေလုပ်ငန်းရှင်များအား လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား...

ထရမ့်ပ်သမ္မတဖြစ်ပြီးမကြာခင်စစ်ပွဲအဆုံးသတ်လိမ့်မည်–ဇလန်းစကီး

၂၀၂၅ ခုနှစ်တွင် ဒေါ်နယ်ထရမ်ပ့် သမ္မတရာထူးတာဝန်ထမ်း‌ဆောင်လိုက်သည်နှင့် သူ့နိုင်ငံအပေါ် ရုရှားကဆင်နွှဲနေသော စစ်ပွဲသည် ဆောလျင်စွာ အဆုံးသတ်သွားလိမ့်မည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက နိုဝင်ဘာ...

တရုတ်-ထိုင်း ရထားလမ်း ဖောက်လုပ်ရေး အရှိန်မြှင့်ဖို့...

လီမာ၊နိုဝင်ဘာ ၁၅ တရုတ်နှင့်ထိုင်းတို့သည် နှစ်နိုင်ငံမီးရထားလမ်း တည်ဆောက်မှုကို အရှိန်မြှင့်သင့်ပြီး စွမ်းအင်သစ်၊ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဉာဏ်ရည်တုကဲ့သို့သော ထွန်းသစ်စနယ်ပယ်များ၌ပါ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သင့်သည်ဟု တရုတ်သမ္မတကပြောကြားခဲ့သည်။ ၃၁ ကြိမ်မြောက် အေပက်စီးပွားရေးခေါင်းဆောင်များ...
HomeNewsLocal Newsမုံရွာမြို့ တန်ဆောင်တိုင်ပွဲတော်တွင် မီးပုံးပျံအလုံး...

မုံရွာမြို့ တန်ဆောင်တိုင်ပွဲတော်တွင် မီးပုံးပျံအလုံး (၃၈၀) လွှတ်တင်၍ စတုဒီသာများဖြင့် ကျွေးမွေးဧည့်ခံ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် တန်ဆောင်တိုင် မီးပုံးပျံလွှတ်ပွဲနှင့် စတုဒီသာပွဲကို ကန်သာယာပြည်ထောင်စုကျွန်းတွင် တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာလ ၁၅ ရက်) ညပိုင်းက ကျင်းပရာ တန်ဆောင်တိုင် မီးပုံးပျံအလုံး (၃၈၀) လွှတ်တင်ခဲ့ကြောင်း သိရသည်။

တန်ဆောင်တိုင်မီးပုံးပျံများလွှတ်တင်ရာတွင် ပထမအကြိမ် အမြင့် (၁၂) ပေရှိ အလှ မီးပုံးပျံအကြီး အလုံး (၄၀)၊ ဒုတိယအကြိမ် အမြင့် (၁၂) ပေရှိ အလှမီးပုံးပျံအကြီး အလုံး (၄၀)၊ တစ်ကြိမ်လျှင် မီးပုံးပျံအသေး အလုံး (၅၀) စီဖြင့် (၆) ကြိမ် မီးပုံးပျံအလုံး‌ရေ (၃၀၀)၊ စုစုပေါင်း မီးပုံးပျံ (၃၈၀)လွှတ်တင်ခဲ့ကြခြင်းဖြစ်သည်။

တန်ဆောင်တိုင်ပွဲ လာရောက်ဆင်နွှဲကြသူများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့တို့က စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

ထို့ပြင်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ရှမ်းရိုးရာအက၊ မုံရွာမြို့ပေါ်ရှိ အနုပညာရှင်များက ဦးရွှေရိုးအက၊ တစ်ပင်တိုင်အက ၊ ပဒေသာအက ၊မုံရွာမြို့ မိုးဇော် ဆင်အကအဖွဲ့မှ ဆင်အကတို့ဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံထွက် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြု

မြန်မာပြည်တွင် စိုက်ပျိုးထွက်ရှိသည့် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ အသိပေးထုတ်ပြန်ထားသည်။ မကြာသေးမီက " မြန်မာနိုင်ငံမှ လတ်ဆတ်သောနာနတ်သီး တင်သွင်းမှုအတွက် ပိုးမွှားကင်းရှင်းကြောင်း (Phytosanitary) သတ်မှတ်ချက်များဆိုင်ရာ ကြေညာချက်" ကို တရုတ်နိုင်ငံအ‌ကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ချက်အရ နိုဝင်ဘာ (၁၁) ရက်မှ စတင်၍ သက်ဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာ့နာနတ်သီးများသည် အခြားနိုင်ငံမှ နာနတ်သီးများနှင့် မတူဘဲ တမူထူးခြားသော...

မန္တလေးတွင် ရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပွဲပြုလုပ်

ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ ရွှေလုပ်ငန်းရှင်များအား လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းသည့် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းရှင်းလင်းပွဲကို နိုဝင်ဘာလ (၁၃)ရက်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ကနဦး စိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတို့က လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တားမြစ်ချက်များအား အသေးစိတ် ရှင်းလင်း‌ပြောကြားခဲ့ကြသည်။ ထို့ပြင် အဖွဲ့ဝင် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက...

ထရမ့်ပ်သမ္မတဖြစ်ပြီးမကြာခင်စစ်ပွဲအဆုံးသတ်လိမ့်မည်–ဇလန်းစကီး

၂၀၂၅ ခုနှစ်တွင် ဒေါ်နယ်ထရမ်ပ့် သမ္မတရာထူးတာဝန်ထမ်း‌ဆောင်လိုက်သည်နှင့် သူ့နိုင်ငံအပေါ် ရုရှားကဆင်နွှဲနေသော စစ်ပွဲသည် ဆောလျင်စွာ အဆုံးသတ်သွားလိမ့်မည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက နိုဝင်ဘာ ၁၅ ရက်တွင် ပြောကြားလိုက်သည်။ “အခု အိမ်ဖြူတော်ကို ဦးဆောင်မယ့် အဖွဲ့ရဲ့ မူဝါဒတွေကြောင့် စစ်ပွဲက အဆောတလျင် ပြီးသွားမယ်ဆိုတာ သေချာပါတယ်။ ဒါက သူတို့ရဲ့ ချဉ်းကပ်မှု နည်းလမ်းနဲ့ သူတို့နိုင်ငံသားတွေအပေါ် ပေးထားတဲ့ ကတိကဝတ်ပါ” ဟု ယူကရိန်းမီဒီယာတစ်ခုဖြစ်သော Suspilne နှင့် အင်တာဗျူးတွင် မစ္စတာ ဇလန်စကီးက ပြောကြားခဲ့သည်။ “နေ့ရက်အတိအကျတော့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071