မုံရွာမြို့၊ ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄)နှစ် မြောက် မွေးနေ့အထိမ်းအမှတ် ပူဇော်ပွဲအဖြစ်လယ်တီမဟာသရဏဂုမ်တော်ကြီး ပါဠိတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် မဟာလယ်တီကျောက်စာတိုက် ဓမ္မစေတီများကို ဆီမီး (၅၀၀၀)ထွန်းညှိပူဇော်ကြမည်ဖြစ်ကြောင်းသိရသည်။
ကောဇာသက္ခရာဇ် ၁၃၈၆ ခု၊ နတ်တော်လဆန်း (၁၃)ရက် ၊ဒီဇင်ဘာလ (၁၃) ရက်တွင် ကျရောက်သော ကျေးဇူးတော်ရှင် ပထမလယ်တီ ဆရာတော်ဘုရားကြီး၏ (၁၁၄)နှစ် မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် နတ်တော်လဆန်း (၁၁) ရ က် ၊ (၁၂) ရက်နှင့် (၁၃) ရက်များတွင် နေ့စဉ် နံနက် (၇)နာရီမှ ည (၇)နာရီ အထိ မဟာလယ်တီကျောင်းတိုက် သံဃာတော်များက လယ်တီမဟာသရဏဂုမ်တော်ကြီး ပါဠိတော်များ ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်သည်။
နတ်တော်လဆန်း (၁၂)ရက်ညတွင် ကျောက်စာတိုက် ဂေါပကအဖွဲ့နှင့် ဒါယကာ ဒါယိကာမများကလည်းကောင်း၊ နတ် တော်လဆန်း (၁၃)ရက်ညတွင် မဟာလယ်တီကျောင်းတိုက် ဒသမပဓာန နာယကဆရာတော်နှင့် မဟာလယ်တီ စာချနာ ယက စာချဘုန်းဘုန်းကြီးများကလည်းကောင်း၊ မဟာလယ် တီကျောက်စာတိုက် ဓမ္မစေတီများကို ဆီမီး(၅၀၀၀)ထွန်းညှိပူဇော်ကြမည်ဖြစ်သည်။
ပထမလယ်တီ ဆရာတော်ဘုရားကြီး၏ မွေးနေ့အထိမ်းအမှတ်ဆွမ်းဆန်တော်လောင်းလှူပွဲကို အကြောင်းအမျိုးမျိုးကြောင့် ယခုနှစ်တွင်လည်းမကျင်းပဖြစ်သေးကြောင်း မုံရွာမြို့ မဟာလယ်တီကျောင်းတိုက် ဒသမ ပဓာနနာယကဆရာ တော်ဘုရားနှင့် မဟာလယ်တီ စာချနာယက စာချဘုန်းကြီး ကျောင်းဘုန်းကြီးများ၏ နိုဝင်ဘာလ (၃၀)ရက် ညနေ (၄) နာရီအချိန် အစည်းအဝေးဆုံးဖြတ်ချက်အရ သိရသည်။
ဓာတ်ပုံ – ယခင်နှစ် ပုံဟောင်းများ