Friday, November 15, 2024

လုပ်ဆောင်ချက် အစီအစဉ်သစ် တိုင်းပြည်သို့ ချပြမည်ဟု...

ယူကရိန်းအတွက် အစီအစဉ်သစ်တစ်ခုကို နိုင်ငံသို့ ချပြတော့မည်ဟု သမ္မတ ဇလန်းစကီးကကြေညာခဲ့သည်။ “စုစုပေါင်း အချက် ၁၀ ချက်ကို နောက်အပတ်မှာ ချပြသွားမှာဖြစ်ပါတယ်" ဟု သူ၏...

၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်...

ဖီလစ်ပိုင်နိုင်ငံမှ နိုဝင်ဘာ ၁၆ ရက်မှ ၂၁ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိရန် အကောင်းဆုံးကြိုးစားသွားမည်ဟု...

အိန္ဒိယ၌လေထုညစ်ညမ်းနေ၍အများပြည်သူပို့ဆောင်ရေးစနစ်များရပ်ဆိုင်း

နူးဒေလီ၊နိုဝင်ဘာ ၁၄ ကြာသပတေးနေ့နံနက်ပိုင်းက အိန္ဒိယနိုင်ငံမြို့တော်နှင့် ဆင်ခြေဖုံးများတွင် မီးခိုးမြူများ ဖုံးလွှမ်းသွားခဲ့ပြီး လေယာဉ်ခရီးစဉ်များနှင့် ရထားအချိန်များကို ရပ်ဆိုင်းခဲ့ရကြောင်းသိရသည်။ ခရီးသည်များအနေဖြင့်လည်း လေကြောင်းခရီးစဉ်ဆိုင်ရာ နောက်ဆုံးအခြေအနေအတွက် သတင်းအချက်အလက်များရစေရန် မိမိတို့၏...

တရုတ်၊ရုရှားတရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမြှင့်မည်

ပေကျင်း၊နိုဝင်ဘာ ၁၄ တရုတ်နှင့်ရုရှားတို့သည် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုယန္တရား၏ ၉ ကြိမ်မြောက် အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ပေကျင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။ ယင်းအစည်းအဝေးကို တရုတ်ကွန်မြူနစ်ပါတီ (စီပီစီ) ၏အကြီးတန်းအရာရှိ...
HomeNewsLocal Newsမူဆယ်တွင် စက်သုံးဆီတစ်လီတာ ကျပ်...

မူဆယ်တွင် စက်သုံးဆီတစ်လီတာ ကျပ် (၁၂၀၀၀) အထိ ဈေးမြင့်တက်

တရုတ် – မြန်မာ နယ်စပ် မူဆယ်မြို့တွင် စက်သုံးဆီတစ်လီတာလျှင် ကျပ် (၁၂၀၀၀)အထိ ဈေးမြင့်တက်နေပြီး အချို့စက်သုံးဆီဆိုင်များ ပိတ်ထားရကြောင်း မူဆယ်ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

တရုတ်နိုင်ငံဘက်မှ စက်သုံးဆီအပါအဝင် အခြားလူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန်များကို တင်သွင့်ခွင့်ပိတ်လိုက်ပြီးနောက် ဒေသတွင်း စက်သုံးဆီဈေးများ မြင့်တက်လာပြီး လက်ကျန်ဆီများကို အကန့်အသတ်ဖြင့် ရောင်းချပေးနေရကြောင်း ဆိုသည်။

“ဂိတ်တွေပိတ်တော့ ဆီလက်ကျန်မရှိတော့တဲ့ ဆိုင်တွေက ပိတ်ထားပြီ။ လက်ကျန်ဆီရှိတဲ့ ဆိုင်တွေကပဲ ရောင်းပေးနေတာ။ ဆိုင်တွေမှာဆိုရင်တော့ ၉၅၀၀ ကျပ်နဲ့ရတယ်။ လိုချင်သလိုမရဘူး။ အပြင် ဆီဆိုင်အသေးတွေကတော့ ဒီနေ့အထိ ၁၂၀၀၀နဲ့ ရောင်းပေးနေတယ် “ဟု ၎င်းက ဆိုသည်။

အလားတူ ဒီဇယ်ဆီမှာ ဝယ်၍ မရလောက်သည်အထိ ပြတ်တောက်နေပြီး တရုတ်နိုင်ငံဘက်မှတင်သွင်းလာသည့် ဓာတ်ဆီ (၂၀) လီတာ တစ်ပုံးလျှင် ကျပ်(၂)သိန်း ကျော်ပေးဝယ်နေကြရကြောင်း နောက်ထပ်ဒေသခံတစ်ဦးကပြောသည်။

” ဆီပြတ်တယ်ပဲပြောရမှာပေါ့။ ဆီပြတ်လို့ အရင်လှောင်ထားတဲ့သူတွေက ဈေးတင်ရောင်းနေတာ။ ပြတ်တာကလည်း ဘာမှတင်သွင်းခွင့် မရတော့ဘူးလေ။ မူဆယ်မှာက တော်ရုံ ဈေးဝယ်လောက်ဆို ဆိုင်ကယ်တောင်မစီးရဲတော့ဘူး။ စက်ဘီးနဲ့ သွားရင်သွားမသွားရင် လမ်းလျှောက်ပဲ။ အခြေခံစားကုန်တွေလည်း မြင့်တင်လာပြီ”ဟု မူဆယ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လွန်ခဲ့သည့်ရက် နိုဝင်ဘာ (၁၁) ရက်၌ တရုတ်-မြန်မာ နယ်စပ် ကျယ်ဂေါင်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့ကို တရုတ်နိုင်ငံဘက်မှ တစ်ပြိုင်တည်းပိတ်လိုက်သည့်အပြင် ခရီးသည်တင်ယာဉ်အပါအဝင် ဆိုင်ကယ် ၊ သုံးဘီး၊ လက်တွန်းလှည်း စသည့်ယာဥ်များဖြင့် တစ်ပိုင်တနိုင်ကုန်စည်သယ်ယူခွင့်များကိုပါ ပိတ်လိုက်သည့် အတွက် ဒေသတွင်း စက်သုံးဆီအပါ အဝင် လူသုံးကုန်နှင့်စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာသည်အထိ ဂယက်ရိုက်ခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လုပ်ဆောင်ချက် အစီအစဉ်သစ် တိုင်းပြည်သို့ ချပြမည်ဟု ဇလန်းစကီးကြေညာ

ယူကရိန်းအတွက် အစီအစဉ်သစ်တစ်ခုကို နိုင်ငံသို့ ချပြတော့မည်ဟု သမ္မတ ဇလန်းစကီးကကြေညာခဲ့သည်။ “စုစုပေါင်း အချက် ၁၀ ချက်ကို နောက်အပတ်မှာ ချပြသွားမှာဖြစ်ပါတယ်" ဟု သူ၏ Telegram ချန်နယ်တွင် တင်ထားသော ဗီဒီယိုတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစီအစဉ်တွင် လုံခြုံရေး၊ စွမ်းအင်နှင့် လက်နက်တပ်ဆင်ရေး စသည့်အချက်များ ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ လက်နက်များနှင့်ပတ်သက်၍မူ အဆိုပါ အစီအစဉ်သည် ယူကရိန်းတွင် ထုတ်လုပ်မှုအပေါ် အာရုံစိုက်မည်ဖြစ်ပြီး မိတ်ဖက်များနှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ ယူကရိန်းလွှတ်တော်အမတ် Alexey Goncharenko (ရုရှားတွင် အကြမ်းဖက်သမားများနှင့် အစွန်းရောက်များစာရင်းတွင် ပါ၀င်သည်)က...

၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိရန် အကောင်းဆုံးကြိုးစားသွားမည်ဟု နည်းပြချုပ်ဦးဌေးမြင့်ဆို

ဖီလစ်ပိုင်နိုင်ငံမှ နိုဝင်ဘာ ၁၆ ရက်မှ ၂၁ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိရန် အကောင်းဆုံးကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဦးဌေးမြင့်ကပြောသည်။ ပြိုင်ပွဲအကြိုသတင်းစာရှင်းလင်းပွဲအား ယနေ့ နိုဝင်ဘာ ၁၅ ရက်နံနက်ပိုင်းက ဖီလစ်ပိုင်နိုင်ငံရှိ ပြိုင်ပွဲဝင်အသင်းများတည်းခိုသော Marcopolo Hotel ၌ကျင်းပစဉ်ပြောကြားခဲ့ခြင်းဖြစ်ပြီး သတင်းစာရှင်းလင်းပွဲသို့ ဖိလစ်ပိုင်၊အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်အသင်းများမှ နည်းပြနှင့် အသင်းခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။ "အာဆီယံ အမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲဟာ အတွေ့အကြုံကောင်းတွေရရှိစေမယ့် ပြိုင်ပွဲဖြစ်ပါတယ်။ ပွဲတိုင်းခက်ခဲမှာပါ။ ဒီပြိုင်ပွဲမတိုင်ခင် ထိုင်းမှာလေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲကစားခဲ့ပါတယ်။...

အိန္ဒိယ၌လေထုညစ်ညမ်းနေ၍အများပြည်သူပို့ဆောင်ရေးစနစ်များရပ်ဆိုင်း

နူးဒေလီ၊နိုဝင်ဘာ ၁၄ ကြာသပတေးနေ့နံနက်ပိုင်းက အိန္ဒိယနိုင်ငံမြို့တော်နှင့် ဆင်ခြေဖုံးများတွင် မီးခိုးမြူများ ဖုံးလွှမ်းသွားခဲ့ပြီး လေယာဉ်ခရီးစဉ်များနှင့် ရထားအချိန်များကို ရပ်ဆိုင်းခဲ့ရကြောင်းသိရသည်။ ခရီးသည်များအနေဖြင့်လည်း လေကြောင်းခရီးစဉ်ဆိုင်ရာ နောက်ဆုံးအခြေအနေအတွက် သတင်းအချက်အလက်များရစေရန် မိမိတို့၏ သက်ဆိုင်ရာလေကြောင်းလိုင်းများထံဆက်သွယ်မေးမြန်းရန်ပြောကြားထားသည်။ ပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုဖြစ်သည့် အင်ဒီဂို သည် မြူများက အမ်ရစ်ဆာ၊ဗာရာဏသီနှင့် ဒေလီသို့ အသွားအပြန်ပျံသန်းမှုများအပေါ် သက်ရောက်မှုရှိနိုင်ကြောင်းထုတ်ပြန်ခဲ့ပြီး ခရီးသည်များအနေဖြင့်လည်း လေဆိပ်သို့ မသွားရောက်မီ လေကြောင်းပျံသန်းမှု အခြေအနေကို စောင့်ကြည့်ရန်တိုက်တွန်းထားသည်။ Flightradar 24 ၏ ပြသချက်များအရ ဒေလီလေဆိပ်တွင် လေကြောင်းခရီးစဉ် ၃၀၀ ကျော် နှောင့်နှေးခဲ့ကြောင်းသိရပြီး ကြာသပတေးနေ့တွင် မြို့တော်၏လေထုအရည်အသွေးသည် ပိုမိုကျဆင်းလာကာ ပြင်းထန်သည့်အခြေအနေတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071