Sunday, December 1, 2024

အာလူးစိုက်တောင်သူများ စိုက်ပျိုးစရိတ်များခြင်းကြောင့် တွက်ချေမကိုက်ဟုဆို

အာလူးစိုက်တောင်သူများအနေဖြင့် အာလူးအထွက်နှုန်းနည်းပြီး စံချိန်တင်ဈေးရရှိခဲ့သော်လည်း စိုက်ပျိုးစရိတ်များခြင်းကြောင့် တွက်ချေမကိုက်ကြောင်း အာလူးစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အဆက်မပြတ်ရွာသွန်းခဲ့သည့်မိုးကြောင့် အာလူးပင်ညှိုးရောဂါ ဖြစ်ပွားခဲ့ပြီး အာလူးအထွက်နှုန်းသည်လည်း...

ထားဝယ်အမျိုးသားနေ့အခမ်းအနားသို့ နစက ဥက္ကဋ္ဌ သဝဏ်လွှာပေးပို့၊...

ယနေ့ ဒီဇင်ဘာ ၁ ရက်တွင်ကျရောက်သည့် သတ္တမအကြိမ်မြောက် ထားဝယ်အမျိုးသားနေ့အခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာ ပေးပို့ခဲ့ပြီး ထားဝယ်တိုင်းရင်းသားများ၏...

ကယားပြည်နယ်၌ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ ရှေ့လပထမပတ်တွင်...

ကယားပြည်နယ်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများနှင့် သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး သူနာပြုနှင့် သားဖွားသင်တန်းကျောင်းကိုလည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီ ပထမပတ်တွင်...

ကမာရွတ် ဗဟိုလမ်းထောင့်ရှိ နှစ်ထပ်နေအိမ်မီးလောင်မှုတွင် ‌ေ-သဆုံးနေသည့်အမျိုးသားတစ်ဦး၏ရုပ်အလေ-ာင်းတွေ့ရှိ

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် ဗဟိုလမ်းထောင့်ရှိ နေအိမ်တစ်လုံးတွင် ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်ည ၉ နာရီ ၄၀ မိနစ်ခန့်က နှစ်ထပ်နေအိမ်မီးလောင်မှုဖြစ်တွင်...
HomeNewsLocal Newsမူဆယ်မြို့ ဆင်ဖြူဂိတ်မှ အေးခဲအသားအပါအဝင်...

မူဆယ်မြို့ ဆင်ဖြူဂိတ်မှ အေးခဲအသားအပါအဝင် အခြားလူသုံးကုန်ပစ္စည်းများ သယ်ဆောင်ခွင့်မပြု

တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ အတွင်းသို့ တရုတ်နိုင်ငံဘက်မှ မီးဖိုချောင်းသုံးအသီးအနှံနှင့် သားငါးများကို ယမန်နေ့ နိုဝင်ဘာ (၃၀)ရက်မှ စတင်၍ သယ်ဆောင်ခွင့်ပြုပြီဖြစ်‌သော်လည်း အေးခဲအသားအပါအဝင် အခြားလူသုံးကုန်ပစ္စည်းများနှင့် ကန့်သတ်ကုန်ပစ္စည်းများသယ်ဆောင်ခွင့်မပြုဘဲ စစ်ဆေးတွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း ဆင်ဖြူဂိတ် စစ်ဆေးရေးအဖွဲ့က ယနေ့တွင် အသိပေးထားသ ည်။

ယနေ့ ဒီဇင်ဘာ (၁) ရက် ဆင်ဖြူဂိတ်မှတဆင့် တရုတ်ပြည်ဘက်သို့ ဝင်ထွက်သွားလာကြမည့် ယာဉ်နှင့်ဆိုင်ကယ်များအနေဖြင့် ခွင့်ပြုမိန့်ပါရှိရမည့်အပြင် သတ်မှတ်ကုန်ပစ္စည်းများကိုသာ သယ်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အိမ်စီးကား၊ လက်တွန်းလှည်းနှင့် စက်ဘီးများဖြင့် သယ်ဆောင်ခွင့်မပြုဘဲ ဆိုင်ကယ်ဖြင့်သယ်ဆောင်ရာတွင် သတ်မှတ်ကုန်ပစ္စည်းများ အရှေ့တစ်ထုတ် အနောက်တစ်ထုတ်သာ သယ်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးထားသည်။

တရုတ်နိုင်ငံဘက်မှ ပစ္စည်းသယ်ဆောင်ခွင့်အတွက် နိုဝင်ဘာ (၂၈) ရက်နှင့် (၂၉) ရက်တို့တွင် မူဆယ်မြို့ ကုန်သည်ကြီးများအသင်းရုံးတွင် စာရင်းပေးသွင်းထားရပြီး၊ စာရင်းပေးသွင်းထားသော ယာဉ်များကို အများရှေ့တွင် မဲနှိုက်၍ ဆင်ဖြူဂိတ်မှ ဝင်ရောက်ရမည့် ရက်အသီးသီးကို သတ်မှတ်ပေးထားကြောင်း မူဆယ်ကုန်သည်ကြီးများအသင်းထံက သိရသည်။

ဓာတ်ပုံ-CJ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာလူးစိုက်တောင်သူများ စိုက်ပျိုးစရိတ်များခြင်းကြောင့် တွက်ချေမကိုက်ဟုဆို

အာလူးစိုက်တောင်သူများအနေဖြင့် အာလူးအထွက်နှုန်းနည်းပြီး စံချိန်တင်ဈေးရရှိခဲ့သော်လည်း စိုက်ပျိုးစရိတ်များခြင်းကြောင့် တွက်ချေမကိုက်ကြောင်း အာလူးစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အဆက်မပြတ်ရွာသွန်းခဲ့သည့်မိုးကြောင့် အာလူးပင်ညှိုးရောဂါ ဖြစ်ပွားခဲ့ပြီး အာလူးအထွက်နှုန်းသည်လည်း ထက်ဝက်မှ သုံးပုံတပုံအထိ ကျသွားခဲ့ကြောင်း သိရသည်။ " ဒီနှစ်က မိုးများတဲ့အပြင် ရေပါကြီးတော့ အာလူးစိုက်ခင်းတွေကအကုန်ပျက်ကုန်တာ။ အဆင်မပြေဘူး။ သွင်းအားစုစရိတ်တွေကလည်းကြီးတော့ ဘယ်လိုမှအဆင်‌မပြေဘူး။ တအားရှုံးတယ်" ဟု ပင်းတယမြို့ရှိ အာလူးစိုက်တောင်သူတစ်ဦးကပြောသည်။ ပုံမှန်နှစ်မျာတွင် အာလူးမျိုး ပိဿာ (၁,၀၀၀)စိုက်ပျိုးပါက အာလူးအထွက်နှုန်း ပိဿာ (၈,၀၀၀)မှ (၁၀၀၀၀) ကျော်အထိ ထွက်သော်လည်း ယခုနှစ်မိုးရာသီတွင် ပိဿာချိန်...

ထားဝယ်အမျိုးသားနေ့အခမ်းအနားသို့ နစက ဥက္ကဋ္ဌ သဝဏ်လွှာပေးပို့၊ ထားဝယ်တိုင်းရင်းသားများသည် ပြည်ထောင်စုအကျိုးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးနေသည်ကိုတွေ့ရှိရဟု ဆို

ယနေ့ ဒီဇင်ဘာ ၁ ရက်တွင်ကျရောက်သည့် သတ္တမအကြိမ်မြောက် ထားဝယ်အမျိုးသားနေ့အခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာ ပေးပို့ခဲ့ပြီး ထားဝယ်တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကို ဂုဏ်ပြုဖော်ပြခဲ့သည်။ နစကအနေဖြင့် နိုင်ငံတော်၏ ဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများကောင်းမွန်လာစေရေးအတွက် အခြေခံအုတ်မြစ်များ ခိုင်မာစေရေးကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ထားဝယ်တိုင်းရင်းသားတို့က နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကိုအားပေးထောက်ခံပြီး ပြည်ထောင်စုအကျိုးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးနေသည်ကိုတွေ့ရှိရသည်ဟု နစက ဥက္ကဋ္ဌကပြောသည်။ ထို့ပြင် ထားဝယ်ဒေသသည် စီးပွားရေးအရ အချက်အချာကျသည့်နေရာဖြစ်ခြင်းကြောင့် တစ်နှစ်ထက်တစ်နှစ် စီးပွားရေးဖွံ့ဖြိုးတိုးတက်နေပြီး မြန်မာနိုင်ငံ...

ကယားပြည်နယ်၌ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ ရှေ့လပထမပတ်တွင် ပြန်လည် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိ

ကယားပြည်နယ်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများနှင့် သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး သူနာပြုနှင့် သားဖွားသင်တန်းကျောင်းကိုလည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီ ပထမပတ်တွင် ပြန်လည် ဖွင့်လှစ်နိုင်ရန် လိုအပ်သည်များ ဆောင်ရွက်လျက်ရှိကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်များနှင့် ကောလိပ်ကျောင်းများ ဖွင့်လှစ်လျက်ရှိပြီး ထပ်မံ ဖွင့်လှစ်မည့် သင်တန်းကျောင်းများကိုလည်း စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ သင်တန်းကျောင်းအား ဇန်နဝါရီ ပထမပတ်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကျောင်းများ ပြန်လည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071