ဝါရှင်တန်၊မတ် ၂၅
မတ်လ ၂၃ ရက်နေ့ကဖြစ်ပွားခဲ့သည့် မော်စကိုကပွဲခန်းမတို-က်ခို-က်မှုသည် ယူကရိန်းနှင့်ပတ်သက်နိုင်သည်ဟု ရုရှား သမ္မတပူတင်က ပြောသော်လည်း ယူကရိန်းနှင့် မပတ်သက်ကြောင်း အိမ်ဖြူတော်ကထုတ်ဖော်ပြောကြားလိုက်သည်။
“ဒီတို-က်ခို-က်မှုအတွက် ISIS မှာသာတာဝန်ရှိပါတယ်။ ယူကရိန်းပါဝင်ပတ်သက်မှုတော့မရှိပါဘူး” ဟု အိမ်ဖြူတော် နိုင်ငံတော် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရ အမျိုးသမီး အန်ဒရီယန် ဝက်ဆန် ကပြောကြားခဲ့သည်။
အလားတူပင် ယခုဖြစ်စဥ်၌ ယူကရိန်းပါဝင်ပတ်သက်သည့် အထောက်အထားမရှိကြောင်းလည်း အမေရိကန်ဒုတိယ သမ္မတ ကမ်မလာဟဲရစ်က တနင်္ဂနွေနေ့ကထုတ်လွှင့်ခဲ့သည့် အေဘီစီနူးစ်သတင်းဌာနနှင့်ပြုလုပ်သည့်ပွဲတွင်ပြောကြားခဲ့သည်။
အဆိုပါပစ်ခတ်မှုကြောင့် လူပေါင်း ၁၃၇ ဦးေ-သဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ISIS အဖွဲ့ကမူ ၎င်းတို့၏လုပ်ရပ်ဖြစ်ကြောင်းလည်းအတိအလင်းကြေငြာချက်ထုတ်ပြန်ခဲ့သည်။
သမ္မတပူတင်ကမူ ယခုတို-က်ခို-က်မှုအတွင်း ပါဝင်ပတ်သက်သူများနှင့်နောက်ကွယ်မှတာဝန်ရှိသူများအားလုံးကိုဖော်ထုတ်ကာ ထိထိရောက်ရောက်ပြစ်ဒဏ်ပေးသွားမည်ဟုပြောကြားခဲ့ပြီး ေ-သဆုံးသူများ၏မိသားစုဝင်များနှင့်ထပ်တူဝမ်းနည်းကြောင်းလည်းပြောကြားခဲ့သည်။
Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်