Sunday, November 17, 2024

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပွဲပြိုင်ပွဲ...

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြုအသင်း အမရရွှေပြည် ရက်ကန်းအဖွဲ့မှ ပထမဆုရရှိခဲ့သည့်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့က ဂုဏ်ပြုဆုငွေထပ်မံချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ ဂုဏ်ပြုသည့်အခမ်းအနားကို နိုဝင်ဘာ...

တောင်တရုတ်ပင်လယ် အငြင်းပွားမှုများတွင် အမေရိကန် ဝင်မပါသင့်ဟု...

တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွားမှုတွင် အမေရိကန်က ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် သို့မဟုတ် ရန်စလှုံ့ဆော်တိုက်တွန်းခြင်း မပြုသင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖိန်က (၃၁)ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု...

စူပါတိုက်ဖွန်းမန်ယီ ဖိလစ်ပိုင်ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီးအားပျော့သွား

လူတစ်သန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး နေရာအများအပြားရှိ နေအိမ်အဆောက်အအုံများ ကိုထိခိုက်ပျက်စီးစေခဲ့သည့် စူပါတိုက်ဖွန်း မန်ယီသည် တနင်္ဂနွေနေ့ တွင် ဖိလစ်ပိုင်၏ အဓိကကျွန်း လူဇုန်တစ်ဝန်းကို...

ထရပ်ကားအောက်မှာ ခိုလိုက်လာသည့် မြန်မာနိုင်ငံသား ရှစ်ဦး...

၁၈ ဘီး ထရပ်ကားအောက်၌ ခိုလိုက်လာသည့် မြန်မာနိုင်ငံသားရှစ်ဦးကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ဖမ်းဆီးရမိကြောင်း တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ပြောသည်။ ဘန်ကောက်လိုင်စင်နံပါတ်တပ်ထားသည့် ၁၈ ဘီးကားကို...
HomeNewsLocal Newsမော်လမြိုင်တွင် တန်ဆောင်တိုင်ကာလယာဉ်တို-က်မှုကြောင့် လူ...

မော်လမြိုင်တွင် တန်ဆောင်တိုင်ကာလယာဉ်တို-က်မှုကြောင့် လူ (၁၀) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိကြဟု ဆို

မော်လမြိုင်မြို့တွင် တန်ဆောင်တိုင်ကာလ ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၀) ဦးခန့်အထိ ရှိခဲ့ကြောင်း ဒေသအခြေစိုက် ဘိုဘိုဝင်း လူမှုကူညီရေးအဖွဲ့ တာဝန်ခံ ကိုဘိုဘိုဝင်းက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

အဆိုပါ ယာဉ်တို-က်မှုများမှာ ဆိုင်ကယ်အချင်းချင်း မတော်တဆတိုက်မှုအပါအဝင် ကားနှင့် ဆိုင်ကယ်တိုက်မိသည့် အခြေအနေမျိုးများဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရရှိရုံမှအပ အသက်ဆုံးရှုံးမှုမျိုးအထိ မရှိကြောင်း သိရသည်။

သို့သော် မုဒုံမြို့နယ်၊ မော်လမြိုင်-ရေးကားလမ်းပေါ်ရှိ ခပ်ရခပ်ယူထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်အနီး နိုဝင်ဘာ (၁၅) ရက်က လမ်းကြားအတွင်းမှ ထွက်လာသည့် ဆိုင်ကယ်နှင့် လမ်းမကြီးပေါ် မောင်းလာသည့် ခြောက်ဘီးယာဉ်တို့ တို-က်မိကြရာ ဆိုင်ကယ်စီးနင်းလာသူ ဆယ်ကျော်သက်အရွယ် လူငယ်သုံးဦး အသက်ဆုံးရှူံးခဲ့ရသည်။

၎င်းတို့မှာ အသက် (၁၀)နှစ်မှ (၁၆)နှစ်ကြားရှိ လူငယ်သုံးဦးဖြစ်ပြီး အခင်းဖြစ်နေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ကြကြောင်း သိရသည်။

တန်ဆောင်တိုင်မီးထွန်းပွဲ‌တော်ကာလအတွင် မော်လမြိုင်မြို့သည် ယခင်နှစ်များထက် ဘုရားဖူးလာရောက်သည့် ဧည့်သည်များဖြင့် စည်းကားလျှက်ရှိသည့်အပြင် မြို့လုံးကျွတ် စတုဒီသာအလှူပွဲများကြောင့် အထူးစည်ကားခဲ့သည်။

ယင်းအတွက် မော်လမြိုင်၊ သံဖြူဇရပ်၊ မုဒုံမြို့နယ်များအတွင်း ဘုရားပွဲများ၊ ဘုရားဖူးယာဉ် များဖြင့် အသွား အလာစည်ကားနေသဖြင့် ကား၊ ဆိုင်ကယ်များကို သတိထားမောင်းနှင်ကြရန် လူမှုကူညီရေးအသင်းများက တိုက်တွန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပွဲပြိုင်ပွဲ ပထမဆုရရှိသည့် မန္တလေးမှ အမရရွှေပြည်ရက်ကန်းအဖွဲ့အား တိုင်းဒေသကြီးအစိုးရမှ ဂုဏ်ပြုဆုထပ်မံချီးမြှင့်

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြုအသင်း အမရရွှေပြည် ရက်ကန်းအဖွဲ့မှ ပထမဆုရရှိခဲ့သည့်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့က ဂုဏ်ပြုဆုငွေထပ်မံချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ ဂုဏ်ပြုသည့်အခမ်းအနားကို နိုဝင်ဘာ (၁၆)ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်ခဲ့သည့် အမရရွှေပြည်ရက်ကန်းအဖွဲ့၏ ကြိုတင်ပြင်ဆင်ကြိုးစားခဲ့မှု၊ အောင်မြင်မှုပန်းတိုင်ကို စိုက်ထူနိုင်ခဲ့မှုတို့အပေါ် ဂုဏ်ပြုစကားပြောကြားပြီး နောင်ပြိုင်ပွဲများတွင်လည်း မျိုးဆက်သစ်လူငယ်များအား ပညာအမွေများ လက်ဆင့်ကမ်းလှမ်းရင်း စဉ်ဆက်မပြတ်ကြိုးစား လုပ်ဆောင်နေရန်ကိုလည်း မှာကြားသည်။ ဆက်လက်၍...

တောင်တရုတ်ပင်လယ် အငြင်းပွားမှုများတွင် အမေရိကန် ဝင်မပါသင့်ဟု ရှီပြော

တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွားမှုတွင် အမေရိကန်က ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် သို့မဟုတ် ရန်စလှုံ့ဆော်တိုက်တွန်းခြင်း မပြုသင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖိန်က (၃၁)ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးကျင်းပနေစဉ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် သီးသန့်တွေ့ဆုံရာဝယ် သတိပေး‌ပြောကြားခဲ့သည်။ "သက်ဆိုင်ရာပြည်နယ်များကြား ဆွေးနွေးညှိနှိုင်းခြင်းသည် တောင်တရုတ်ပင်လယ်ရှိ ကွဲလွဲမှုများကို စီမံခန့်ခွဲရန် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး၊ နန်ရှားကျွန်းများနှင့်ပတ်သက်၍ နှစ်နိုင်ငံအငြင်းပွားမှုများတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် မပါဝင်သင့်သလို ရန်စမှုများပြုလုပ်ရန် လှုံ့ဆော်မှုကိုလည်း အထောက်အကူမ‌ပြုသင့်ပေ။"ဟု တရုတ်ခေါင်းဆောင်က ပြောကြားသည်။ ထိုင်ဝမ်ရှိ ခွဲထွက်ရေးလှုပ်ရှားမှုများသည် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအတွက် သဟဇာတမဖြစ်ကြောင်းကို ရှီက...

စူပါတိုက်ဖွန်းမန်ယီ ဖိလစ်ပိုင်ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီးအားပျော့သွား

လူတစ်သန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး နေရာအများအပြားရှိ နေအိမ်အဆောက်အအုံများ ကိုထိခိုက်ပျက်စီးစေခဲ့သည့် စူပါတိုက်ဖွန်း မန်ယီသည် တနင်္ဂနွေနေ့ တွင် ဖိလစ်ပိုင်၏ အဓိကကျွန်း လူဇုန်တစ်ဝန်းကို ဝင်ရောက်တိုက်ခတ်နေကာ မြို့တော်မနီလာဒေသတွင် မိုးကြီးနိုင်သည့် အန္တရာယ်ရှိနေသည်။ လေတိုက်နှုန်း တစ်နာရီ ၁၁၅ မိုင်ရှိ မန်ယီသည် စနေနေ့ညပိုင်းတွင် ကာတန်ဒူယန်နက်စ်ပြည်နယ် ပန်ဂါနီဘန်မြို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် သီတင်းပတ်ကုန်ပိုင်းတွင် အနည်းငယ်အားပျော့သွားကာ Camarines Norte ပြည်နယ် ကမ်းလွန်ရေပြင်သို့ နံနက် ၈ နာရီခန့်တွင် ရောက်ရှိနိုင်သည်ဟု မိုးလေဝသအရာရှိများက ပြောဆိုသည်။ “တိုက်ဖွန်းမုန်တိုင်းဝင်ရောက်တိုင်း အနီးက မြစ်မှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071