မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရန် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။
ထိုသို့ ကပ်လှူပူဇော်ရာ၌ စေတီတော်၏ ငှက် ပျောဖူးတော်တွင် ၉ လက်မပတ်လည် (၁)ကျပ်သား ရွှေစင်ရွှေ့ပြား(၁၇၂)ချပ်၊ စိန်ဖူးတော်၊ ငှက် မြတ်နားတော်၊ ထီးတော်၊ ကြာမှောက်ကြာလန်၊ ဖောင်းကိုးရစ်၊ ပန်းဆွဲ၊ ခေါင်းလောင်းတို့တွင် ၂ လက်မပတ်လည်ရွှေဆိုင်း(၁၉၅၀)ဆိုင်းတို့ဖြင့် ကပ်လှူပူဇော်သွားမည်ဖြစ်သည်။
လက်ရှိအချိန်၌ လုံးတော်ပြည့်ရွှေသင်္ကန်းကပ် လှူခြင်း၊ ရွှေစင်ရွှေပြားကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်များအားအကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ၂၀၂၅ ခုနှစ် မတ် ၁၃ ရက်မတိုင်မီပြီးစီးရန် ဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့် ရွှေစင်ရွှေပြားများနှင့် ရွှေဆိုင်းများလှူဒါန်းလိုသူများအနေဖြင့် ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားသည်။