မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ စက်သုံးဆီဆိုင်မီးလောင်မှုမှ ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်တွင် ဆေးကုသမှု ခံယူနေသည့် ဆီဆိုင်ပိုင်ရှင်သည် နိုဝင်ဘာလ (၂၃) ရက်က ကွယ်လွန်သွားခဲ့ကြောင်း ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
နိုဝင်ဘာ (၇)ရက် ညနေပိုင်းက ဆီဘောက်ယာဉ်မှ ဆီထည့်နေစဉ် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဆီဆိုင်ပိုင်ရှင်ဖြစ်သူမှာ ဒဏ်ရာပြင်းထန်သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရာမှ နိုဝင်ဘာ (၂၃)ရက်တွင် အသ-က်ဆုံရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ကျန်(၅)ဦးတွင် မီးသတ်တပ်ဖွဲ့ဝင် (၂)ဦး ဒဏ်ရာသက်သာ၍ နိုဝင်ဘာ (၂၆)ရက်က ဆေးရုံဆင်းခွင့်ရခဲ့ပြီးလ က်ရှိတွင် မော်လမြိုင်ဆေးရုံကြီး၌ ဘိုဘိုဝင်းအဖွဲ့မှ (၂) ဦး၊ ရွှေနတ်တောင်အဖွဲ့မှ(၁)ဦး စုစုပေါင်း(၃)ဦး ဆေးကုသမှု ခံယူနေရသေးကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ (၂၀) ကျော်တွင် ဆေးရုံဆင်းခွင့်ရသူ (၁၇)ဦး၊ ဆေးကုသမှုခံယူနေသူ (၃)ဦးရှိပြီး ဆီဘောက်ဆာယာဉ်မောင်းနှင့် ဆီဆိုင်ပိုင်ရှင်တို့မှာ အ သက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။