ဘန်ကောက်၊နိုဝင်ဘာ ၂၀
အမေရိကန်ဒုတိယသမ္မတကမ်မလာဟဲရစ်သည် မဲခေါင်ဒေသအတွင်း သန့်ရှင်းသောစွမ်းအင်စီမံကိန်းများအတွက် ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၂၀ ကူညီမည်ဖြစ်ကြောင်း ဒေသတွင်းထိပ်သီးအစည်းအဝေးအပြီး ထိုင်းနိုင်ငံခရီးစဉ်၏နောက်ဆုံးနေ့၌ ထုတ်ဖော်ကြေငြာခဲ့သည်။
ယမန်နေ့အစောပိုင်းက အဖွဲ့ဝင် ၂၁ ဦးပါ သောအေပက်အဖွဲ့၏ အစည်းအဝေးအပြီးတွင် မစ္စဟဲရစ်သည် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် စီးပွားရေးခေါင်းဆောင်များနှင့်လည်း တွေ့ဆုံစကားပြောဆိုဆွေးနွေးခဲ့သည်ဟုသိရှိရသည်။
“ရာသီဥတုလုပ်ဆောင်ချက်ဟာ ကျွန်မတို့ကမ္ဘာနဲ့ကျွန်မတို့ရဲ့သဘာဝရင်းမြစ်တွေကို ကာကွယ်ပေးနိုင်ဖို့ လိုအပ်ရုံသာမကဘဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းတဲ့တွန်းအားတစ်ခုလည်းဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ရေရှည်တည်တံ့ခိုင်မြဲသော စွမ်းအင်မြှင့်တင်ရေးတစ်ရပ်အနေဖြင့် ဒေသတွင်းနိုင်ငံများနှင့်လက်တွဲဆောင်ရွက်လျက်ရှိသည့် ဂျပန် – အမေရိက- မဲခေါင် လျှပ်စစ်ဆိုင်ရာမိတ်ဖက်ပူးပေါင်းရေး (JUMPP) အတွက် အစိုးရထံမှရန်ပုံငွေတောင်းယူမည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
ယင်းနောက်ဟဲရစ်ကပင် ထိုင်း၊ဗီယက်နမ်နှင့်လာအိုနိုင်ငံများသည် မဲခေါင်မြစ်အပေါ်မှီခိုနေရသူများဖြစ်ကြပြီး အဆိုပါနိုင်ငံများအပေါ် ရာသီဥတုအကျပ်အတည်းသည် အမှန်တကယ်ခြိမ်းခြောက်လာနိုင်သည့်အနေအထားရှိနေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
Source : Reuters