မဲခေါင်မြစ်ကြောင်းတစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့ ဒီဇင်ဘာ ၂၇ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၌ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ (၄)နိုင်ငံမှအဆင့်မြင့်ကိုယ်စားလှယ်အရာရှိများက နှစ်ပတ်လည်အကျဉ်းချုပ်အစည်း အဝေး(၂၀၂၄)တွင် မဲခေါင်မြစ်ကြောင်းတစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ မဲခေါင်မြစ်ဝှမ်းဒေသနေ ပြည်သူများ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးတို့အားဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း(၄)နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့်ပူးပေါင်းကင်းလှည့်ရေး ဆိုင်ရာ နှစ်ပတ်လည်အကျဉ်းချုပ်အစည်းအဝေး(၂၀၂၄)ဖွင့်ပွဲကိုလည်းကျင်းပခဲ့ကြပြီး ရေကြောင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်နေမိုးသက်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ထို့အတူ နေ့လည်ပိုင်း၌ နှစ်နိုင်ငံအလုပ်သဘော အစည်းအဝေးများအဖြစ် မြန်မာ-တရုတ်၊ တရုတ်-လာအို၊ တရုတ်-ထိုင်း အစည်းအဝေးများကို ဆက်လက်ပြုလုပ်ခဲ့ကြသည်။