မျောက်ကျောက်ရောဂါလက္ခဏာသစ်များတွေ့
မျောက်ကျောက်ဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်းတွင် ဆက်လက်ပျံ့နှံ့နေကာ လေ့လာမှုအသစ်တစ်ခုအရ ယခင်ကအာဖရိကတွင် ဖြစ်ပွားသည့်ရောဂါလက္ခဏာနှင့်မတူသည့် လက္ခဏာအသစ်များတွေ့လာရသည်ဟုသိရှိရသည်။
ဗြိတိသျှဆေးပညာဂျာနယ် (BMJ) ၏ လေ့လာမှုအရ အချို့လူနာများသည် စအို (သို့) စအိုဝနာခြင်း နှင့် အချို့တွင်နှစ်မျိုးလုံးခံစားရကြောင်း တွေ့ရှိခဲ့သည်။New England Journal of Medicine အား ကိုးကားထားသော လေ့လာမှုအရ လူနာများ၏ ၉၅ ရာခိုင်နှုန်းသည် အဓိကအားဖြင့် အနာနှင့် အကျိတ်အနာများ အပါအဝင် ခန္ဓာကိုယ်၌အဖုအပိမ့်များပင်ပေါက်သည်ဟုဆိုသည်။
မျောက်ကျောက်ရောဂါရှိသူ ၁၅ ရာခိုင်နှုန်း၌ စအိုနှင့်စအိုဝတွင်နာကျင်ခြင်းလက္ခဏာများ ပြသနေသည်ကိုမထင်မှတ်ပဲတွေ့ရှိပြီးနောက် ယခုလက္ခဏာအသစ်များကို မျောက်ကျောက်၏လက္ခဏာများအဖြစ်ထည့်သွင်းသင့်သည်ဟု လေ့လာမှုတစ်ရပ်ကဆိုသည်။ထပ်မံ၍လည်းယခုသုံးသပ်ချက်များသည် လက္ခဏာအားလုံးကို မခြုံငုံမိသဖြင့် အခြားလက္ခဏာများလည်းရှိနိုင်သည်ဟု သိရှိရသည်။
မျောက်ကျောက်သည် ကျောက်ရောဂါကဲ့သို့ ဗိုင်းရပ်စ်မျိုးစုဝင်ဖြစ်သည်။အင်္ဂလန်တွင် မျောက်ကျောက်လူနာ ၂,၀၅၀ နှင့် အမေရိကတွင် ၂,၀၀၀ ကျော်ကို တွေ့ရှိထားပြီး အင်္ဂလန်ရှိလန်ဒန်မြို့တွင် အဆိုးရွားဆုံးဖြစ်ကြောင်း အစီရင်ခံစာများကဆိုသည်။
အမေရိကန် CDC မှဖော်ပြချက်အရ မျောက်ကျောက်ရောဂါလက္ခဏာများတွင် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ ခန္ဓာကိုယ်တွင်းရှိအဖုလေးများ ရောင်ရမ်းခြင်း၊ ချမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများဖြစ်သည့် လည်ချောင်းနာခြင်း၊ နှာပိတ်ခြင်းနှင့် ချောင်းဆိုးခြင်းများပါဝင်သည်။
မျောက်ကျောက် ရောဂါပိုးကူးစက်ပြီး တပတ်(သို့)နှစ်ပတ်အကြာတွင် ရောဂါလက္ခဏာများ ပေါ်လေ့ရှိပြီး မျက်နှာတွင် ဝက်ခြံ (သို့) အရည်ကြည်ဖုများကဲ့သို့ အဖုများထွက်နိုင်ကာ ဖျားနာမှုသည် ပုံမှန်အားဖြင့် နှစ်ပတ်မှလေးပတ်ကြား ကြာတတ်သည်ဟုလည်း CDC ကပြောကြားခဲ့သည်။
Source – Wio News