Friday, March 14, 2025

ယူကရိန်း အကျပ်အတည်းဆွေးနွေးရန် အမေရိကန် စေ့စပ်ညှိနှိုင်းသူများ...

မော်စကို၊ မတ် ၁၃ ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ ဆွေးနွေးရန် အမေရိကန်တာဝန်ရှိသူများသည် မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း ရုရှားမီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါအဖွဲ့ကို အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်...

နစက ဥက္ကဋ္ဌမှ ကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ယမန်နေ့ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)က ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။ နိုင်ငံတော်ကာကွယ်ရေးနှင့်...

“အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရ ဆရာ တော်အား...

၂ဝ၂၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ခြင်းမင်္ဂလာအခမ်းအ နားအား ယနေ့ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)မွန်းလွဲပိုင်းက မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပ ရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့...

ယခုနှစ် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ အသင်းသစ် (၂)သင်း...

ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် အသင်းသစ်(၂)သင်းဖြစ်သည့် Young Lioness နှင့် Yangon Royals FC...
HomeNewsLocal Newsမြန်မာငွေကျပ် သန်း (၄၀၀၀)...

မြန်မာငွေကျပ် သန်း (၄၀၀၀) နှင့် အမေရိကန်ဒေါ်လာ (၄) သန်းကျော်ရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် (၅) ခုကိုခွင့်ပြု

ရန်ကုန်တိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီက မတည်ငွေရင်းပမာဏ မြန်မာငွေကျပ် သန်း (၄၀၀၀) နှင့်အမေရိကန်ဒေါ်လာ (၄) သန်းကျော်ပမာဏရှိ ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းသစ် (၅) ခုကိုခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးမှ သိရသည်။

ယမန်နေ့ ဧပြီ (၂၄) ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခု၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီး မြှု ပ်နှံမှု လုပ်ငန်း (၂) ခုနှင့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလု ပ်ငန်း (၂) ခုတို့ကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ပဲအမျိုးမျိုး၊ နှမ်းနှင့်ပြောင်းကြိတ်ခွဲသန့်စင်ထုတ်ပိုးပြီး ပြည်ပတင်ပို့သည့် လုပ်ငန်း၊ CMP စနစ်နှင့်စက္ကူအိတ်အမျိုးမျိုးထုတ်လုပ်သည့်လုပ်ငန်း၊ CMP စနစ်နှင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်သည့်လုပ်ငန်း၊CMP စနစ်နှင့် သတို့သမီးဝတ်စုံများ ချုပ်လုပ်သည့် လုပ်ငန်းများဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများမှ လူဦးရေ (၁,၉၅၂) ယောက်အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူကရိန်း အကျပ်အတည်းဆွေးနွေးရန် အမေရိကန် စေ့စပ်ညှိနှိုင်းသူများ မော်စကိုသို့ ရောက်ရှိ

မော်စကို၊ မတ် ၁၃ ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ ဆွေးနွေးရန် အမေရိကန်တာဝန်ရှိသူများသည် မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း ရုရှားမီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါအဖွဲ့ကို အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့် ၏ အထူးကိုယ်စားလှယ် စတိဗ် ဝတ်ကော့ဖ် က ဦးဆောင်ခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြခဲ့သည်။ အမေရိကန် စေ့စပ်ညှိနှိုင်းရေးမှူးများနှင့် ဆက်သွယ်ရန် စီစဉ်ထားကြောင်း ခရင်မ္မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထွီ ပက်စကော့ဖ် က ကြာသပတေးနေ့ အစောပိုင်းတွင်ပြောကြားခဲ့သည်။ ရုရှားသမ္မတလက်ထောက် ယူရီ အူရှာခေါဗ် နှင့် ထရမ့် ၏ နိုင်ငံတော်လုံခြုံရေးအကြံပေး မိုက်...

နစက ဥက္ကဋ္ဌမှ ကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်း

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ယမန်နေ့ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)က ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သည်ဟု အမိန့်ကြော်ငြာစာအမှတ် ၄၈/၂၀၂၅ ဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် "သူရ"ဘွဲ့အား ကာကွယ်ရေးဝန်ကြီး ဌာနမှ ဗိုလ်မှူးကြီးရန်နောင်စိုးနှင့် ဗိုလ်မှူးအောင်သူတို့ကို နစက ဥက္ကဋ္ဌမှ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။ ထို့ပြင် တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ် ထူးဆောင်တံဆိပ်ဖြစ်သည့် "သူရဲကောင်းမှတ် တမ်းဝင်တံဆိပ်"အား ကာကွယ်ရေးဝန်ကြီးဌာနမှ (၁၆)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သ တ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော...

“အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရ ဆရာ တော်အား နစက ဥက္ကဋ္ဌမှ ဘွဲ့တံဆိပ်တော်နှင့် အ ဆောင်အယောင်များဆက်ကပ်ပူဇော်

၂ဝ၂၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ခြင်းမင်္ဂလာအခမ်းအ နားအား ယနေ့ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)မွန်းလွဲပိုင်းက မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပ ရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်နှင့် နိုင်ငံတော်သံဃမ ဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကျောင်းဆရာတော်တို့အပါအဝင် ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခံယူတော်မူမည့် ပြည်တွင်း/ပြည်ပမှဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများကြွရောက်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။ နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071