မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို) ယာယီမှာ အမှုဆောင် အဖွဲ့ဝင်အဖြစ် ထည့်သွင်းခြင်း ခံထားရတဲ့ အဆိုတော် မနောဟာ အမှုဆောင် အဖြစ်လုပ်ဆာင်ရန် အခက်အခဲ ရှိတဲ့အတွက် သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ မေတ္တာရပ်ခံချက် စာထဲမှာ ရေးသားပြောဆိုခဲ့ပါတယ်။
မေတ္တာရပ်ခံချက်စာထဲမှာ “ကျွန်တော် မနောသည် အနုပညာပိုင်း မှာလည်း ဝါသနာရှင် အဆင့်သာဖြစ်ပါသည်။ ပညာရှင် မဟုတ်ပါ ခင်ဗျာ။ အတန်းပညာပိုင်း မှာလည်း မူလတန်းသာ အောင်ခဲ့သူဖြစ်ပါသည်။ အသက်အရွယ်ပိုင်း ဆိုလျှင်ဖြင့် ၃၈နှစ်သာ ရှိသေးသောကြောင့် အဘက်ဘက်မှ အားနည်းချက် များစွာ ရှိနေပါသည်။ သိုြ့ဖစ်ပါ၍ မြန်မာနိုင်ငံ ဂီတ အစည်းအရုံး (ဗဟို)၏ အမှုဆောင် အဖွဲ့ဝင် အဖြစ်နှင့် မသင့်တော်ခြင်းကြောင့် ခွင့်လွှတ် နားလည်စေလိုပါသည်။ ကျွန်တော် မနောအား မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)အနေဖြင့် အမှုဆောင် အဖွဲ့ဝင် မဟုတ်ဘဲ ပရဟိတ ကိစ္စများ ခိုင်းစေလိုလျှင် အချိန်မရွေး မဆိုင်းမတွဘဲ ဆောင်ရွက်ပေးပါမည်ဟု အသိပေးရင်း လေးစား အပ်ပါသော လူကြီးမင်းများ၊ အနုပညာရှင်များအား အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။”လို ရေးသားထားပါတယ်။
အဆိုတော်မနောဟာ မန္တလေးမြိုမှာနေထိုင်ပြီး ဗိုလ်အောင်ဒင်၊အကြွေး၊ ကြာဖြူ၊ အချစ်စစ်ရဲ့တန်ဖိုး ၊တောင်သမန်အင်းရဲ့ကဗျာ စတဲ့ သီချင်းတွေ နဲ့ နာမည်ကြီးခဲ့သူ လည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို)ယာယီ အမှုဆောင်အဖွဲ့ အမည်စာရင်းမှာ နာယက အဖြစ် (ဦး)ဘိုကလေးတင့်အောင်၊ (ဒေါ်)တင်တင်မြ၊ (ဦး)ဟင်္သာတမြင့်ငွေ၊ ဦးတင်ဦးလေး ၊မြန်မာပြည် သိန်းတန် တို့ပါဝင်ပြီး ဥက္ကဋ္ဌ အဖြစ်
ဦးညီညီဝင်း(ခ)ကိုင်ဇာ၊ ဒုဥက္ကဋ္ဌ(၁) အဖြစ် ဦးလွင်မြင့်၊ ဒုဥက္ကဋ္ဌ (၂)အဖြစ် စန္ဒယားသိန်းမြင့်သန်း စတဲ့သူတွေ ပါဝင်ပါတယ်။