Wednesday, April 2, 2025

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ရုရှားကတရုတ်ကိုတိုက်တွန်း

မော်စကို၊ဧပြီ ၂ ရုရှားသမ္မတဗလာဒီမာပူတင်က တစ်ကမ္ဘာလုံးမငြိမ်မသက် ဖြစ်နေချိန်တွင် ရုရှားနှင့်တရုတ်နိုင်ငံတို့အနေဖြင့် အရေးပါသောပူးပေါင်းဆောင်ရွက်မှုကိုခိုင်မြဲ‌စေရန် အင်္ဂါနေ့ကတောင်းဆိုခဲ့သည်ဟု သိရသည်။ ခရမ္မလင်သို့ အလည်အပတ်ရောက်ရှိနေသည့်တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့်တွေ့ဆုံစဉ် သမ္မတပူတင်က ယခုလကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ နှစ်ဦးတွေ့ဆုံစဉ် သမ္မတပူတင်က...

မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ငွေကျပ် သိန်း...

မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျန်းမာ ရေးစောင့်ရှောက်မှုများခံယူနိုင်စေရန် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ငွေကျပ်သိန်း (၁,၁၀၀) ယမန်နေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်ပေးမှုသည် ရန်ကုန်ယူနိုက်တက်အသင်း၏ အသင်းအုပ်ချုပ်သူ၊...

ငလျင်ဒဏ်ခံစားနေရသည့် မြန်မာနိုင်ငံပြည်သူများအတွက် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို...

ငလျင်ဒဏ်ခံစာနေရသည့် မြန်မာနိုင်ငံပြည်သူများအတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ​ ရှိတ်ဆာလ်မန်ဘင် အီဗရာဟင် ခါလီဖာတို့က ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြောင်း...

နီပွန်ဖောင်ဒေးရှင်းကငလျင်အတွက် ဒေါ်လာ၃သန်းဖိုးကူညီထောက်ပံ့မည်

       ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက မြန်မာငလျင်ဘေးအတွက် ဒေါ်လာ ၃ သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း မတ်လ ၃၁ ရက်‌နေ့တွင် ကြေညာခဲ့ပြီး မြန်မာနိုင်ငံနှင့် အနီးတစ်ဝိုက်တွင်...
HomeInternationalမြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ခဲ့သည့်အပေါ် များစွာကြေကွဲဝမ်းနည်းရသည်ဟု...

မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ခဲ့သည့်အပေါ် များစွာကြေကွဲဝမ်းနည်းရသည်ဟု အိိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဖုန်းဖြင့် ဆက်သွယ်ပြောကြား

မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ခဲ့သည့်အပေါ် များစွာကြေကွဲဝမ်းနည်းရသည်ဟု ယနေ့မတ်လ(၂၉)ရက်၌ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ အိိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။

ထိုဆက်သွယ်ပြောကြားမှုတွင် အိိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီ က မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်ခဲ့သည် ကြောက်မက်ဖွယ်ဆိုးရွားသည့် ငလျင် လှုပ်ခတ်မှုကို ကြားသိခဲ့ရအတွက် အိန္ဒိယနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံ၏ ထိခိုက်ပျက်စီးဆူံရှုံးမှုအပေါ်များစွာကြေကွဲဝမ်းနည်းရကြောင်း ပြောကြားခဲ့သည်။

OperationBrahma၏အစိတ်အပိုင်းအနေဖြင့် ဘေးသင့်ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို အမြန်ဆုံးစေလွှတ်ဆောင်ရွက်ပေးလျက်ရှိသည် ဟုပြောကြားခဲ့ကြောင်းသိရသည်။

” အဆွေတော်အခုလိုအားပေးစကားပြောတာရယ် နောက် သတင်းဌာနတွေမှာလည်း အဆွေတော်တို့ဘက်ကနေပြီးတော့ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ လူတွေလွှတ်ပြီးဆိုတာ ကျွန်တော် အများကြီးအားရှိပါတယ်။”ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကျေးဇူးတင်စကားဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် ကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်ထားသည့် လေယာဉ်မှာ မြန်မာနိုင်ငံသို့ဆိုက်ရောက်ခဲ့ပြီးဖြစ်ကာ ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ရုရှားကတရုတ်ကိုတိုက်တွန်း

မော်စကို၊ဧပြီ ၂ ရုရှားသမ္မတဗလာဒီမာပူတင်က တစ်ကမ္ဘာလုံးမငြိမ်မသက် ဖြစ်နေချိန်တွင် ရုရှားနှင့်တရုတ်နိုင်ငံတို့အနေဖြင့် အရေးပါသောပူးပေါင်းဆောင်ရွက်မှုကိုခိုင်မြဲ‌စေရန် အင်္ဂါနေ့ကတောင်းဆိုခဲ့သည်ဟု သိရသည်။ ခရမ္မလင်သို့ အလည်အပတ်ရောက်ရှိနေသည့်တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့်တွေ့ဆုံစဉ် သမ္မတပူတင်က ယခုလကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ နှစ်ဦးတွေ့ဆုံစဉ် သမ္မတပူတင်က တရုတ်သမ္မတရှီကို နှုတ်ခွန်းဆက်စကားပြောကြားပြီး နှစ်နိုင်ငံ အကြီးအကဲများကြား သဘောတူညီမှုများကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ခဲ့ခြင်းအပေါ် ကျေနပ်အားရကြောင်းပြောကြားခဲ့သည်။ ရုရှား-တရုတ်ဆက်ဆံရေးသည် နယ်ပယ်အသီးသီး၌ လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှုများဖြင့်တိုးတက်လာကာ ပြည်သူများကစိတ်အားထက်သန်စွာ ထောက်ခံအားပေးသဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးကိုပိုမိုခိုင်မာစေခဲ့ကြောင်းလည်းမှတ်ချက်ပြုခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် တရုတ်-ရုရှားဆက်ဆံရေးသည် နိုင်ငံရေးယုံကြည်မှုကိုတိုးမြင့်စေခြင်း၊ပိုမိုနီးကပ်သောပေါင်းစပ်မှုနှင့် လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ခိုင်မာသည့်မိတ်ဖက်ဆက်ဆံရေးဖြစ်လာခဲ့သည်ဟုလည်း ဝမ်ယိ ကပြောကြားခဲ့သည်။ Source : ရှင်းဟွာ

မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ငွေကျပ် သိန်း (၁,၁၀၀) ကျပ် လှူဒါန်း

မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျန်းမာ ရေးစောင့်ရှောက်မှုများခံယူနိုင်စေရန် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ငွေကျပ်သိန်း (၁,၁၀၀) ယမန်နေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်ပေးမှုသည် ရန်ကုန်ယူနိုက်တက်အသင်း၏ အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ ကစားသမားများ နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ မတည်ပါဝင်လှူဒါန်းခဲ့သည့် ပမာဏတစ်ခုဖြစ်ကြောင်း အသင်းက အသိပေးထုတ်ပြန်သည်။ ယင်း လှူဒါန်းမှုဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်သင့်ပြည်သူများကျန်းမာရေစောင့်ရှောက်မှုများခံယူနိုင်စေရန်နှင့် ပြန်လည်ထူထောင်ရေးလုပ် ငန်းများအသုံးပြုနိုင်ရန် ရည်ရွယ်လှုဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ငလျင်ဒဏ်ခံစားနေရသည့် မြန်မာနိုင်ငံပြည်သူများအတွက် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ငလျင်ဒဏ်ခံစာနေရသည့် မြန်မာနိုင်ငံပြည်သူများအတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ​ ရှိတ်ဆာလ်မန်ဘင် အီဗရာဟင် ခါလီဖာတို့က ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်များဖြစ်သည့် ဗီယက်နမ်၊ ဘင်္ဂလားဒေရှ့်၊ ထိုင်း၊ အင်ဒိုနီးရှား၊ နီပေါ၊ မြောက်မာရီယားနား နိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌများကလည်း ဝမ်းနည်းခြင်း သဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြကြောင်း သိရသည်။ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများအား စာနာထောက်ထားမှုဖြင့် ပေးပို့လာသော ဝမ်းနည်းခြင်း သဝဏ်လွှာများအတွက် ငလျင်ဘေးသင့် ပြည်သူများကိုယ်စား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကျေးဇူးအထူး တင်ရှိကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071