Saturday, December 21, 2024

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅...

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ...

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက...

အေးချမ်းသည့်ဆောင်းရာသီ၌ စောင်အထည် (၂၀၀၀)လှူဒါန်းခဲ့သည့် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

နေပြည်တော်ရှိ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီက နေပြည်တော်အနီးတစ်ဝိုက်ရှိ ဆောင်းရာသီ၌စောင်လိုအပ်နေသူများအတွက် (၄)နှစ် မြောက်အဖြစ် စောင်အထည်(၂၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်း...

နိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ၅၅ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိ

နိုင်ငံအတွင်းရှိ နေရာအနှံ့၌ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်များပြားကြာမြင့်လာခြင်းနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရှင်းလင်းထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် (၉)ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိပြီး လျှပ်စစ်မီးသုံးစွဲသူများ၏ တစ်ရက်အတွက် လျှပ်စစ်ဓာတ်အားပျမ်းမျှလိုအပ်ချက်မှာ (၄၄၀၀)မဂ္ဂါဝပ်ဖြစ်သော်လည်း...
HomeInternationalမြန်မာနိုင်ငံတွင် တိုယိုတာမော်တော်ကား ထုတ်လုပ်မှု...

မြန်မာနိုင်ငံတွင် တိုယိုတာမော်တော်ကား ထုတ်လုပ်မှု စတင်​လျှက်ရှိပြီးအမှာစာများလက်ခံ​နေ

တိုယိုတာမော်တာသည် မြန်မာနိုင်ငံ၊ ရန်ကုန်အနီးတွင် ၎င်း၏ တပ်ဆင် စက်ရုံကို စတင်လည်ပတ်နေပြီဟုသိရ​ကြောင်း Nikkei တွင် သတင်း​ဖော်ပြထားသည်။

သီလဝါ အထူးစီးပွားရေးဇုန်တွင် တည်ရှိသည့် အဆိုပါ စက်ရုံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်လည်ပတ်ရန် စီစဉ်ထားခဲ့​သော်လည်း နိုင်ငံရေးနှင့် စီးပွားရေး ကမောက်ကမဖြစ်ခဲ့သော ​ကြောင့် ကြန့်ကြာခဲ့ရခြင်းဖြစ်သည်။

တိုယိုတာသည် ဩဂုတ်လနှောင်းပိုင်းတွင် စီးပွားလုပ်ငန်းများစတင်ရန် အထူးစီးပွားရေးဇုန်အာဏာပိုင်များထံ တင်ပြခဲ့သည်။ သတင်းရင်းမြစ်များအရ Hilux ပစ်ကပ်ထရပ်ကားကို တပ်ဆင်သည့် စက်ရုံသည် စက်တင်ဘာလတွင် အစမ်းသ​ဘော စတင်လည်ပတ်ခဲ့သည်။ လစဉ် ထုတ်လုပ်မှုသည် ဒါဇင်အနည်းငယ်သာ ရှိ​နေဦးမည်ဟု မျှော်လင့်ရသည်။

မြန်မာနိုင်ငံရှိ တိုယိုတာ အရောင်းကိုယ်စားလှယ်များသည် ကားအမှာစာများကိုယခု​အောက်တိုဘာလဆန်းမှစ၍ စတင်လက်ခံနေပြီဖြစ်သည်။

Nikkei မှ အရောင်းကိုယ်စားလှယ်တစ်ဦးကို​ဆက်သွယ်မေးမြန်းရာတွင် ထုတ်လုပ်မှုကန့်သတ်ထားသောကြောင့် ကားရနိုင်မည့်ရက်အတိအကျကို အာမမခံနိုင်​သေးကြောင်း ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် မေလတွင် ကြေညာခဲ့သည့် မူလအစီအစဉ်အရ Toyota သည် တစ်နှစ်လျှင် Hilux ပစ်ကပ် အစီးရေ ၂၅၀၀ ထုတ်လုပ်ရန် အတွက်စက်ရုံတွင် ဒေါ်လာ ၅၂.၆သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

မြန်မာနိုင်ငံရှိToyota ကို Toyota မှ ၈၅ ရာခိုင်နှုန်းနှင့် Toyota Tsusho မှ ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

ဇန်နဝါရီမှ ဩဂုတ်လအတွင်း မြန်မာနိုင်ငံတွင် မော်တော်ယာဥ်ရောင်းချမှုမှာ အစီးရေ ၆၅၀၀ ရှိခဲ့ပြီး အာဏာထိမ်းမှုမတိုင်မီကထက် ထက်ဝက်ကျော် လျော့နည်းခဲ့သည်။ ထိုသို့အရောင်းပါးနေရခြင်း၏အ​ကြောင်းများထဲကတခုမှာ နိုင်ငံခြားအရန်ငွေများပြည်ပသို့ထွက်မူကို ဟန့်တားရန်အတွက် အစိုးရက မော်တော်ယာဥ် တင်သွင်းခြင်းအား ကန့်သတ်ထား​ခြင်း​ကြောင့်လည်းပါဝင်သည်။

Source : nikkeiasia

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း ရုံးပိတ်ရက်ရှည် (၄) ကြိမ်ရရှိစေရန် ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေး

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တစ်ဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်သည့် ရုံးဖွင့်ရက်များကို အနီးစပ်ဆုံး စနေနေ့တစ်ရက်စီဖြင့် အစားထိုးရုံးပိတ်ရက်များအဖြစ် ပြန်လည် သတ်မှတ်ထားကြောင်းလည်း သိရသည်။ ပထမရုံးပိတ်ရက်ရှည်တွင် ပိတ်ရက် ၅ ရက်ရှိမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက် (ကရင်နှစ်သစ်ကူးနေ့)နှင့် လာမည့်...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲမှ ထွက်ခွာရ

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၅)ဂိုးပြတ်ဖြင့် ရှူံးနိမ့်ခဲ့ရသည်။ ယနေ့ ပွဲစဉ်အတွင်း ပထမပိုင်းပွဲပြီးချိန်အထိ နှစ်ဘက်အသင်း သွင်းဂိုးမရရှိဘဲ ဒုတိယပိုင်း ပွဲချိန်၌ ဗီယက်နမ်အသင်း က (၅)ဂိုး သွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗီယက်နမ်အသင်းသည် ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ပြီး မြန်မာအသင်းမှာ အုပ်စုအဆင့်မှသာ အိမ်ပြန်ခဲ့ရခြင်းဖြစ်သည်။ အာဆီယံ မစ်ဆူဘီရှီဖလား ပြိုင်ပွဲအုပ်စု (ဘီ)တွင် အင်ဒိုနီးရှားအသင်းက ရမှတ် (၄)မှတ်ဖြင့် အုပ်စုတွင်းထိပ်ဆုံးနေရာတွင်...

အေးချမ်းသည့်ဆောင်းရာသီ၌ စောင်အထည် (၂၀၀၀)လှူဒါန်းခဲ့သည့် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

နေပြည်တော်ရှိ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီက နေပြည်တော်အနီးတစ်ဝိုက်ရှိ ဆောင်းရာသီ၌စောင်လိုအပ်နေသူများအတွက် (၄)နှစ် မြောက်အဖြစ် စောင်အထည်(၂၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ထိုသို့ လှူဒါန်းရာ၌ လူကြီး၊ ကလေ-း(လမ်း လျှောက်အလှူခံနိုင်သူ)အားလုံးကို တစ်ဦးလျင်စောင်တထည်စီလှူဒါန်းပေးခြင်းဖြစ်ပြီး ကိုယ် စားအလှူခံခြင်းများကို ခွင့်ပြုလှူဒါန်းပေးခဲ့ခြင်းမရှိကြောင်း သိရသည်။ " ဒီနှစ်ဆောင်းက နည်းနည်းပိုအေးတော့ တချို့တွေက အချမ်းဒဏ်ကိုပိုခံစားနေရပါတယ်။ "ထိုက်သူပန်"အနေနဲ့က နှစ်စဉ်ဒီလိုအချိန်ကာလရောက်တိုင်း အနွေးစောင်တွေကိုလှူဒါန်းပေးလာခဲ့တာ(၄)နှစ်ကျော်လာပါပြီ။ ဒီနှစ်မှာလည်း လှူချင်လွန်းလို့ကို စောင်တွေကြိုဝယ်ထားလိုက်တာပါ။ နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်းလှူဒါန်းပေးနေတာ(၄)နှစ်ရှိပါပြီ။ ပထမနှစ်နဲ့ဒုတိယနှစ်ကစောင်(၁၀၀၀)၊ တတိယနှစ်ကစောင်(၁၂၀၀)၊ ဒီနှစ်ကစောင်(၂၀၀၀)ပါ"ဟု ထိုက်သူပန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071