Saturday, November 23, 2024

မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများထံ လက်ဆွဲမျိုးစေ့ချ ကိရိယာ...

မကွေးတိုင်း ဒေသကြီးအတွင်း၌ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ စပါးသီးနှံ စိုက်ပျိုးရာတွင်စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးနှင့် စပါးတစ်ဧက အထွက်နှုန်း တိုးတက်ရရှိရေး တောင်သူများထံ Manual Drum...

အလုပ်ရှင်၊ အလုပ်သမားများ၏ အငြင်းပွားမှု ဖြေရှင်းရာတွင်...

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က...

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၄...

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၄ ကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ကိုရီးယား(KOGAM) ၊ ဟောင်ကောင် (HKMMA)...

အရှေ့ဒဂုံ ကျန်စစ်သားလမ်းတွင် ရပ်ထားသည့် YBS...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၂) ရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် ရပ်ထားသည့် ခရီးသည်တင် YBS ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီး သတ်တပ်ဖွဲ့နှင့် နယ်မြေခံ...
HomeNewsLocal Newsမြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့်ရာပြည့်သဘင်နှင့် Naypyitaw State...

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့်ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲ ဂုဏ်ပြုညစာစားပွဲတက်ရောက်ခဲ့သည့် နစက ဥက္ကဋ္ဌ

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာ ၂၂ ရက်ညပိုင်းကပြုလုပ်သော မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့်ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်ခဲ့သည်။

နစက ဥက္ကဋ္ဌအား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့်တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ခဲ့ကြပြီးနောက် နစက ဥက္ကဋ္ဌနှင့်တက်ရောက်လာသူများမှဂုဏ်ပြုညစာသုံးဆောင်ခဲ့ကြသည်။

ဂုဏ်ပြုညစာစားပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အနုပညာရှင်များက တေးသီချင်းများ၊ သရုပ်ဖော်အကများ၊ တိုင်းရင်းသားယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး နစက ဥက္ကဋ္ဌမှ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နစကဥက္ကဋ္ဌကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများထံ လက်ဆွဲမျိုးစေ့ချ ကိရိယာ Drum Seeder အလက်(၅၀၀) ဖြန့်ဖြူးပေးသွားမည်

မကွေးတိုင်း ဒေသကြီးအတွင်း၌ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ စပါးသီးနှံ စိုက်ပျိုးရာတွင်စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးနှင့် စပါးတစ်ဧက အထွက်နှုန်း တိုးတက်ရရှိရေး တောင်သူများထံ Manual Drum Seeder Type II အမျိုးအစား လက်ဆွဲမျိုးစေ့ချ ကိရိယာ Drum Seeder အလက်(၅၀၀)ကို နွေစပါးစိုက်ပျိုးချိန်ရာသီအမှီဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ဒေသခံတောင်သူများ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စေပြီး တစ်ဧက အထွက်နှုန်း တိုးတက်စေရေး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တပ်မတော်အကြီးစားစက်ရုံ(ဆင်တဲ)က ထုတ်လုပ်သည့် လက်ဆွဲမျိုးစေ့ချကိရိယာ...

အလုပ်ရှင်၊ အလုပ်သမားများ၏ အငြင်းပွားမှု ဖြေရှင်းရာတွင် ဘက်မလိုက်ဘဲ သမာသမတ်ကျစွာ ဖြေရှင်းရန် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က အလုပ်ရှင်၊ အလုပ်သမားများ၏ အငြင်းပွားမှုများကို ဘက်မလိုက်ဘဲ သမာသမတ်ကျစွာ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။ အဆိုပါ နှီးနှောဖလှယ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးများ၊ ခုံသမာဓိကောင်စီဝင်များ၊ အထက်မြန်မာပြည် ခုံသမာဓိအဖွဲ့ဝင်များ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၊ UMFCCI နှင့် MRCCI တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးက အလုပ်သမား ၃၀ နှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားရေးရာ...

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၄ ကို ဒီဇင်ဘာတွင် ကျင်းပမည်

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၄ ကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ကိုရီးယား(KOGAM) ၊ ဟောင်ကောင် (HKMMA) တို့မှ အသင်းဝင်စက်ရုံများ၏ Pavilion များ၊ အခြားသော အာဆီယံနိုင်ငံများ၏ Pavilion ကိုလည်း သက်ဆိုင်ရာအသင်းများနှင့် အတူခင်းကျင်း ပြသသွားမည် ဖြစ်သည်။ " မြန်မာ့အထည်ချုပ်လုပ်ငန်းမှ ထုတ်ကုန်များအတွက် ဈေးကွက်အသစ်များရရှိစေရန် ကုန်စည်ပြပွဲများ၊ စီးပွားရေးမိတ်ဖက်များနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးခြင်းနှင့် အပြည်အပြည်ဆိုင်ရာကုန်စည်ပြပွဲများတွင် ဝင်ရောက်ပြသခြင်းဖြင့်၊ ယခုလို အထည်အလိပ် နှင့် စက်ပစ္စည်းများပြပွဲမှ မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071