Friday, November 29, 2024

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့်...

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU)ရထားတွဲဆိုင်းအသစ်များဖြင့် ယနေ့ နိုဝင်ဘာ ၂၉ ရက်နံနက်ပိုင်းက စတင်ပြေးဆွဲရာ စတင်ပြေးဆွဲခြင်းဖွင့်ပွဲအား...

မူဆယ်မြို့ ဆင်ဖြူဂိတ်မှ စားသောက်ကုန်များ တင်သွင်းခွင့်ပြုမည်

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဆင်ဖြူဂိတ်မှ ယခုလ ၃၀ ရက်နေ့မှစ၍ ဒေသတွင်း စားသောက်ကုန်များဖြစ်သည့် မီးဖို‌ချောင်သုံး အသီးအနှံနှင့် သားငါးများကို ယာယီတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း မူဆယ်မြို့ကုန်သည်ကြီးများအသင်း...

ဖီဖာအသိမှတ်ပြု ခြေစမ်းပွဲများ ရှုံးပြီးနောက် မြန်မာအသင်း...

ယခု နိုဝင်ဘာလအတွက် ထုတ်ပြန်လိုက်သည့် ကမ္ဘာ့အဆင့် အမျိုးသားလက်ရွေးစင် သတ်မှတ်ချက်၌ မြန်မာ့လက်ရွေးစင်အသင်းသည် အဆင့်နှစ်ဆင့်ထပ်ကျကာ ကမ္ဘာ့အဆင့် (၁၆၇) တွင် ရှိနေသည်။ မြန်မာအသင်းသည် နိုဝင်ဘာလအတွင်း...

(၇)ကြိမ်မြောက် CLMV ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကျင်းပခဲ့

ယနေ့ နိုဝင်ဘာလ ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ (၇)ကြိမ်မြောက် CLMV ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကျင်းပခဲ့သည်။ အခမ်းအနားသို့ အဖွဲ့ဝင်နိုင်ငံများဖြစ်‌သော ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊...
HomeNewsLocal Newsမြန်မာနိုင်ငံ လူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်း ၏...

မြန်မာနိုင်ငံ လူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်း ၏ ၂၀၂၅-၂၀၂၇ သက်တမ်းကာလ ကော်မတီအဆင့်ဆင့် ရွေးချယ်ပွဲပြုလုပ်

မြန်မာနိုင်ငံလူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်း MRF -Young Entrepreneurs Society ၏ ၂၀၂၄ ခုနှစ် အထွေထွေညီလာခံနှင့် ၂၀၂၅-၂၀၂၇ သက်တမ်းကာလ ကော်မတီအဆင့်ဆင့် ရွေးချယ်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာ (၂၉) ရက် နံနက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ ကျင်းပခဲ့သည်။

အဆိုပါ အသင်းသည် ဆန်စပါးကဏ္ဍရှိ အသင်းမျာအားလုံးတွင် သက်တမ်းအငယ်ဆုံးသော အသင်းတစ်ခုဖြစ်ပြီး ယခု ၂၀၂၄ ခုနှစ် (၇) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

” ၂၀၂၂ – ၂၀၂၄ သက်တမ်းကာလအတွင်းမှာ ဆန်စပါးအသင်းချုပ်ရဲ့လမ်းညွှန်ချက်များနဲ့ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများစွာကို လုပ်ဆောင်ခဲ့ပ့တယ်။ ဒါ့အပြင် လုပ်ငန်းရှင်လူငယ်များအတွက် လိုအပ်တဲ့ဆန်စပါးဆိုင်ရာကျွမ်းကျင်မှုများအတွက် ဆန်စပါးအရည်အသွေးစစ်ဆေးခြင်းဆိုင်ရာသင်တန်းတွေ ဆန်ပြည်တွင်းရောင်းချမှုဈေးကွက်သင်တန်း၊ ဆန်ပြည်ပတင်ပို့ရောင်းချမှုသင်တန်း၊စီမံခန့်ခွဲမှုသင်တန်း၊ ပညာရပ်ဆိုင်ရာဟောပြောပွဲတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်” ဟု မြန်မာနိုင်ငံလူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်ယမင်းနိုင်က ပြောသည်။

မြန်မာနိုင်ငံ လူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်းအား ၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် Supply Chain တစ်ခုလုံးတွင်ပါဝင်သည့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ၊ သိုလှောင်ကြိတ်ခွဲရေးကဏ္ဍ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် ယနေ့စ တင်ပြေးဆွဲ

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU)ရထားတွဲဆိုင်းအသစ်များဖြင့် ယနေ့ နိုဝင်ဘာ ၂၉ ရက်နံနက်ပိုင်းက စတင်ပြေးဆွဲရာ စတင်ပြေးဆွဲခြင်းဖွင့်ပွဲအား မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်ဘူတာကြီး၌ကျင်းပခဲ့ပြီး နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် နစက ဥက္ကဋ္ဌက မြန်မာ့မီးရထား သမိုင်းကြောင်းနှင့် ရထားပို့ဆောင်ရေးလုပ်ငန်းသည် မြန်မာ့သယ်ယူပို့ဆောင်ရေး၏ အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် အစိုးရအနေဖြင့် အခြားနိုင်ငံများနည်းတူ ရထားသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ခေတ်မီတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်နေသည်ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ " လက်ရှိကာလမှာ နိုင်ငံအတွင်း ရထားလမ်းခရီးမိုင်...

မူဆယ်မြို့ ဆင်ဖြူဂိတ်မှ စားသောက်ကုန်များ တင်သွင်းခွင့်ပြုမည်

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဆင်ဖြူဂိတ်မှ ယခုလ ၃၀ ရက်နေ့မှစ၍ ဒေသတွင်း စားသောက်ကုန်များဖြစ်သည့် မီးဖို‌ချောင်သုံး အသီးအနှံနှင့် သားငါးများကို ယာယီတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း မူဆယ်မြို့ကုန်သည်ကြီးများအသင်း ထံမှ သိရသည်။ ထိုသို့ ဒေသတွင်းစားသောက်ကုန်များအတွက် ယာယီတင်သွင်းခွင့်ပြုရာ၌ တစ်ရက်လျှင် မော်တော်ယာဉ်အစီး (၅၀) နှင့် ဆိုင်ကယ် အစီး(၂၀၀)တို့အား သယ်ဆောင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ " တင်သွင်းခွင့်ပြုတာကိုပဲ ကျေးဇူးတင်ပါတယ်။ တင်သွင်းခွင့်မပြုရင် အသီးတွေက ပုတ်ကုန်တော့မှာ။ အခုဆို တရုတ်ဘက်က အအေးခန်းတွေမှာ ရက်ကြေးပေးပြီး လှောင်ထားရတာ"ဟု ဒေသခံကုန်သည်တစ်ဦးက ပြောသည်။ ယင်းအတွက် နိုဝင်ဘာ (၂၈)ရက်နှင့်...

ဖီဖာအသိမှတ်ပြု ခြေစမ်းပွဲများ ရှုံးပြီးနောက် မြန်မာအသင်း ကမ္ဘာ့အဆင့် နှစ်ဆင့် ထပ်ကျ

ယခု နိုဝင်ဘာလအတွက် ထုတ်ပြန်လိုက်သည့် ကမ္ဘာ့အဆင့် အမျိုးသားလက်ရွေးစင် သတ်မှတ်ချက်၌ မြန်မာ့လက်ရွေးစင်အသင်းသည် အဆင့်နှစ်ဆင့်ထပ်ကျကာ ကမ္ဘာ့အဆင့် (၁၆၇) တွင် ရှိနေသည်။ မြန်မာအသင်းသည် နိုဝင်ဘာလအတွင်း ကစားခဲ့သည့် ဖီဖာနိုင်ငံတကာခြေစမ်းပွဲ နှစ်ပွဲ၌ စင်ကာပူနှင့် လက်ဘနွန် နှစ်သင်းလုံးကို (၃) ဂို (၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာလအတွက် ထုတ်ပြန်လိုက်သည့် ကမ္ဘာ့အဆင့် အမျိုးသားလက်ရွေးစင်အသင်း သတ်မှတ်ချက်များအရ အာဆီယံဒေသအတွင်း ထိုင်းလက်ရွေးစင်အသင်းက အာဆီယံနံပါတ်တစ်အဖြစ် ဦးဆောင်နေသည်။ လက်တလောတွင် ခြေစွမ်းပိုမိုမြင့်မားလာသည့် အင်ဒိုနီးရှားက အဆင့်ငါးဆင့်မြင့်တက်ခဲ့ပြီး အာဆီယံ၏ နံပတ်သုံးနေရာတွင် ရပ်တည်နေပြီး ဗီယက်နမ်သည်လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071