ယခုနှစ် ကျင်းပပြုလုပ်မည့် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲသို့ ပြည်တွင်းကလပ်အသင်းတစ်သင်းဖြစ်သည့် Young Boy FC က တန်းတက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း နေရှင်နယ်လိဂ်ကော်မတီထံက သိရသည်။
တန်းတက်ခွင့်ရရှိရန်အတွက် MNL 2 Promotion Amateur Club Tournament 2025ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နေသည့် Young Boy အသင်းသည် ယနေ့မတ်လ (၂၆)ရက် ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း 10/Mon FC ကို (၃)ဂိုး(၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရကာ တန်းတက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ယနေ့ Young Boy FCအသင်းအတွက်
သွင်းဂိုးများကို အောင်သက်စံ၊ ပြည့်အောင်သိန်း၊ ကျော်ပြည့်စုံတို့က တစ်ဂိုးစီသွင်းယူခဲ့ပြီး 10/Mon အသင်းအတွက် ချေပဂိုးတစ်ဂိုးကို လူစားဝင်းတိုက်စစ်မှူး လွင်ကိုနိုင်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ယနေ့ပွဲအနိုင်ရရှိခဲ့သည့် Young Boy အသင်းသည် MNL 2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲအုပ်စု(ခ)မှ ဆီမီးဖိုင်နယ်ပွဲစဉ်မှ ဗိုလ်လုပွဲ
သို့တက်လာမည့် YRFA (သို့မဟုတ်)Zan United အသင်းဖြင့် နောက်ဆုံးယှဉ်ပြိုင်ရဦးမည်ဖြစ်ကြောင်းသိရသည်။