မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေဟု ရုရှားနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် က ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် မြန်မာနိုင်ငံ၏ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ရာ၌ ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အခါသမယအ တွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုကာ မိမိတို့နှစ်နိုင်ငံကြားဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှုနှင့်အပြန်အလှန်လေးစားမှုအစဥ်အလာများအပေါ် အခြေခံပါသည်ဟုလည်း ရေးသားပြောဆိုခဲ့သည်။
ထို့ပြင် ရုရှားနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် က ၂၀၂၅ နှစ်သစ်အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး အဆွေတော် ကျန်းမာပျော်ရွှင် ၍ အောင်မြင်မှုများရရှိပါစေနှင့် မြန်မာပြည်သူ များ ငြိမ်းချမ်းသာယာဝပြောပါစေဟုလည်း ဆုမွန်ကောင်းတောင်းပေးခဲ့သည်။