မြန်မာဘောက်ဆင်အဖွဲ့ချုပ်(MBC)က ကျင်းပသည့် PBM3 ပြိုင်ပွဲကို ယခုလဇန်နဝါရီ (၂၅)ရက်နေ့၌ ရန်ကုန်မြို့ ၊ သိမ်ဖြူ မြန်မာ့ရိုးရာလက်ဝှေ့အားကစားရုံအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ ပွဲစဉ်အတွင်း တွဲဆိုင်း (၁၀)ဆိုင်း ယှဉ်ပြိုင်ထိုးသ-တ်မည်ဖြစ်ကြောင်း MBC က အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ယှဉ်ပြိုင်ထိုးသ-တ်မည့် တွဲဆိုင်း (၁၀)ဆိုင်းမှာ စူပါဖယ်သာဝိတ်တန်း၊ ဖယ်သာဝိတ်တန်း၊ စူပါဗန်တန်ဝိတ်တန်း၊ ဖလိုင်းဝိတ်တန်းတို့ ပါဝင်မည်ဖြစ်ပြီး ၊ စူပါဖယ်သာဝိတ်တန်း၌ နိုင်လတ်နှင့် ကျော်စွာမိုး၊ ထက်ဝင်းကျော်နှင့် ကျော်သူရ၊ မျိုးခန့်ကျော်နှင့် အောင်မြင့်ဦးတို့ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။
ဖယ်သာဝိတ်တန်း၌ ဂင့်ရှန်းမွောင် နှင့် ယိန်းဇုံ၊ ကောင်းမြတ်ထွန်းနှင့် ဇိုင်းဒန့်အောင် ၊ ကျော်ခန့်ဝင်နှင့် ဟိန်းတေဇတို့ အသီးသီးယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။
အလားတူ ဖလိုင်းဝိတ်တန်း၌ ဗန်လုနှင့် ရဲမိုးအောင်၊ ရဲမင်းအောင်နှင့် ဟိန်းသူညီညီ၊အောင်သူထွန်းနှင့်ဖြိုးသူမောင်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ၊ စူပါဘန်တန်ဝိတ်တန်း၌ ဟိန်းမင်းနိုင်နှင့် အောင်ကောင်းမြတ်တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ပွဲစဉ်အတွက် ကြိုတင်လက်မှတ်များကို ဇန်နဝါရီ (၁၄)ရက်မှစတင်ရောင်းချပေးသွားမည်ဖြစ်ပြီး၊ လက်မှတ်တစ်စောင်လျှင် ကျပ်(၅,၀၀၀)မှကျပ်(၁၅,၀၀၀) အထိ ရောင်းချပေးသွားမည်ဖြစ်ကာ ထိုင်ခုံနံပါတ်များသ-တ်မှတ်ထားခြင်းမရှိသဖြင့် ကွင်းအတွင်းသို့ စောစီးစွာလာရောက်ကြရန် မြန်မာဘောက်ဆင်ကော်မရှင်က အသိပေးနှိုးဆော်ထားသည်။
မြန်မာဘောက်ဆင်အဖွဲ့ချုပ်(MBC)အနေ ဖြင့် ပြီးခဲ့သော ၂၀၂၄ ခုနှစ်အတွင်း PBM1 နှင့် PBM2 ပွဲစဉ်များကို ကျင်းပပြုလုပ်ခဲ့ပြီး၊ အလားအလာကောင်းမွန်သော ကစားသမားများကို နိုင်ငံတကာပြိုင်ပွဲများ၌ ယှဉ်ပြိုင်ကစားရန်စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။