မဏိပူရ၊ဒီဇင်ဘာ ၂၇
မဏိပူရပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရသည် နယ်စပ်ဒေသများကိုတင်းကြပ်စွာ စီမံခန့်ခွဲရန်အတွက် နိုင်ငံေတာ်၏ ယန္တရားကို အပြည့်အဝ အသုံးပြုရန် ဗဟိုအစိုးရထံ တောင်းဆိုထားကြောင်းပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ နယ်စပ် ၁၀ ကီလိုမီတာအတွင်း မြန်မာနိုင်ငံသားများကို ဝင်ရောက်ခွင့်ပြုသည့် ညွှန်ကြားချက်မှာ ကြားဖြတ်အစီအစဉ်သာဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ဗဟိုအစိုးရက ပြည်နယ်အစိုးရထံ တရားဝင်ဆက်သွယ်လာမှုမရှိသေးသော်လည်း လွတ်လပ်စွာ ရွေ့လျားသွားလာမှု စနစ် ကိုထိန်းညှိနိုင်ရန်ကြိုးပမ်းလျက်ရှိပြီး ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အိန္ဒိယနိုင်ငံသို့ဝင်ရောက်ရန်ကြိုးပမ်းနေသည့်မြန်မာနိုင်ငံသားများအတွက် ဗီဇာနှင့်နိုင်ငံကူးလက်မှတ်များ ထုတ်ပေးမည့်အစီအစဉ်ရှိသည်ဟုလည်းပြောကြားခဲ့သည်။
သို့သော် နှစ်နိုင်ငံနယ်စပ် ၁၀ ကီလိုမီတာအထိ လွတ်လပ်စွာသွားလာခွင့် စနစ်ကိုမရုတ်သိမ်းရန် ပြည်နယ်အများစု၏တောင်းဆိုမှုများလည်းရှိနေသဖြင့် ဗဟိုအစိုးရက ယခုပြဿနာကို မျှမျှတတကိုင်တွယ်လိမ့်မည်ဟုလည်းဆိုခဲ့သည်။
Source : အိန္ဒိယတူဒေး