Tuesday, March 11, 2025

ယာယီဆေးပညာဘွဲ့လက်မှတ်(အတု)ဖြင့် ဒူဘိုင်းမြို့တွင် ဆက်လက်ပညာသင်ကြားရန်ဆောင်ရွက်ခဲ့သူ(၇)ဦးကိုဖမ်းမိ

တရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)၏ ယာယီဆေးပညာဘွဲ့လက်မှတ်(အတု)ဖြင့် ဒူဘိုင်းမြို့တွင် ဆက်လက်ပညာသင်ကြားရန်ဆောင်ရွက်ခဲ့သည့် ဆေးတက္ကသိုလ်(မန္တလေး)၏ ပါမောက္ခချုပ်အဖြစ်မှထုတ်ပယ်ခံထားရသူအပါအဝင်(၇) ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဒူဘိုင်းမြို့ရှိ The Data flow Group Company...

မတ်လ (၂၀)ရက်မှ စတင်၍ OWIC...

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကတ်ကို ယခုမတ်လ (၂၀) ရက်မှစတင်ပြီး ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယခုကာလအတွင်း ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ရန်...

MBC ၏ မြန်မာဘောက်ဆင်ပြိုင်ပွဲ တွဲဆိုင်း(၇)...

မြန်မာဘောက်ဆင်ကော်မရှင်(Myanmar Boxing Commis sion(MBC)က ကျင်းပပြုလုပ်သည့် PBM4 ပြိုင်ပွဲတွင် တွဲဆိုင်း (၇)ဆိုင်း ပါဝင်ထိုးသတ်သွားမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲအား...

မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်း ချမ်းရေးနှင့်...

မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်း ချမ်းရေးနှင့် တည်ငြိမ်ရေးကိုပိုမိုမြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးအတွက် ဒု- ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊...
HomeNewsLocal Newsမြန်မာသင်္ဘောသား၄ဦး တရုတ်နိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသည့်ကိစ္စ...

မြန်မာသင်္ဘောသား၄ဦး တရုတ်နိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသည့်ကိစ္စ သက်ညှာစွာစဉ်းစားပေးဖို့ မြန်မာသံရုံးက တရုတ်တာဝန်ရှိသူများထံဆွေးနွေး

မြန်မာသင်္ဘောသား၄ဦး တရုတ်နိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသည့်ကိစ္စ သက်ညှာစွာစဉ်းစားပေးဖို့ မြန်မာသံရုံးက တရုတ်တာဝန်ရှိသူများထံဆွေးနွေး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Shandong Maritime Police Bureau မှ မြန်မာသင်္ဘောသား (၄) ဦးတို့အား တရုတ်နိုင်ငံမှ တင်သွင်း/ တင်ပို့ရန် ပိတ်ပင်တားမြစ်ထားသော ကုန်ပစ္စည်းများ မှောင်ခိုရောင်းဝယ်ရေးပြစ်မှု ကျူးလွန်ခြင်းမသင်္ကာမှုဖြင့် ယာယီစောင့်ကြည့်ထိန်းသိမ်းထားသည့်ကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ မြန်မာသံရုံးက လိုက်ပါကူညီဆောင်ရွက်ပေးနေသည်ဟု သံရုံးဘက်က ထုတ်ပြန်သည်။

တရုတ်နိုင်ငံဘက်က မြန်မာသံရုံးသို့ စာပေးပို့ထားကြောင်းသိရပြီး အဆိုပါစာတွင် Sierra Leone နိုင်ငံပိုင် “WENPU” (အမည်လွှဲ) သင်္ဘောပေါ်တွင် လိုက်ပါ လာသည့် မြန်မာသင်္ဘောသား (၄) ဦးတို့သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ “WENPU” သင်္ဘောဖြင့် တရားဝင်တင်သွင်း/ တင်ပို့ခွင့်မရှိသော အေးခဲအသားများကို ကိုရီးယားသမ္မတနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ (၂) ကြိမ်တိုင်တိုင် သယ်ယူပို့ဆောင်ခဲ့ကြပါကြောင်း၊ အဆိုပါမြန်မာ သင်္ဘောသားတို့၏ လုပ်ဆောင်ချက်များသည် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရာဇဝတ်မှုတရားဥပဒေ” အမှတ် (၁၅၁) ၏ သတ်မှတ်ချက်အရ တရုတ်နိုင်ငံမှ တင်သွင်း/ တင်ပို့ရန် ပိတ်ပင်တားမြစ်ထားသော ကုန်ပစ္စည်းများ မှောင်ခိုရောင်းဝယ်ရေး ပြစ်မှုကျူးလွန်သည်ဟု သံသယဖြစ်ဖွယ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ “တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရာဇဝတ်မှုတရားစွဲဆိုရေးတရားဥပဒေ” အမှတ် (၇၄) ၏ သတ်မှတ်ချက်အရ ၎င်းတို့ (၄) ဦးအား Shandong ပြည်နယ်၊ Weihai မြို့တွင် ယာယီစောင့်ကြည့် ထိန်းသိမ်းထားပါကြောင်း ဖော်ပြပါရှိသည်ဟုသိရသည်။

မြန်မာသံရုံး၊ ပေကျင်းမြို့ အနေဖြင့် ၎င်းတို့ (၄) ဦး၏အမှုကိစ္စနှင့်ပတ်သက်၍ အမှုအမြန် ပြီးပြတ်စေရေး၊ အမှုကို သက်ညှာစွာစဉ်းစားပေးနိုင်ရေး၊ မြန်မာသံရုံး/ မိသားစုဝင်များထံ စာရေးသား ပေးပို့နိုင်ရေးနှင့် မြန်မာသံရုံး/ မိသားစုဝင်များထံမှ စာရေးသားပေးပို့နိုင်ရေး ကောင်စစ်ဆိုင်ရာ တွေ့ဆုံခွင့်ရရှိရေး၊ ဖမ်းဆီးထိန်းသိမ်းခံရစဉ်ကာလအတွင်း ကောင်းမွန်စွာစားသောက်နေထိုင်နိုင်ရေးနှင့် အခြားလိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးရေးတို့အတွက် သက်ဆိုင်ရာနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိနေသည်ဟုသိရသည်။

တရားမဝင်မှောင်ခိုပစ္စည်းများ တင်ဆောင်သည့် သင်္ဘောများမှ မြန်မာသင်္ဘောသားများ ဖမ်းဆီး ထိန်းသိမ်းခံထားရသည့်ဖြစ်စဉ်များ ထပ်မံဖြစ်ပွားလျက်ရှိခြင်းကြောင့် တရုတ်နိုင်ငံသို့ ဝင်/ထွက်လျက် ရှိသည့် သင်္ဘောများ၌ လိုက်ပါတာဝန်ထမ်းဆောင်ရာတွင် တရားမဝင်မှောင်ခိုပစ္စည်းများ တင်ဆောင် သည်ဟု ယူဆရသည့်သင်္ဘောများတွင် လိုက်ပါမှုမရှိစေရေး သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ကြပါရန်နှင့် အထူးဂရုပြု ဆောင်ရွက်ကြပါရန် မြန်မာသံရုံး၊ ပေကျင်းမြို့ က၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် သတင်းတစ်ရပ်ထုတ်ပြန်ထားကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယာယီဆေးပညာဘွဲ့လက်မှတ်(အတု)ဖြင့် ဒူဘိုင်းမြို့တွင် ဆက်လက်ပညာသင်ကြားရန်ဆောင်ရွက်ခဲ့သူ(၇)ဦးကိုဖမ်းမိ

တရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)၏ ယာယီဆေးပညာဘွဲ့လက်မှတ်(အတု)ဖြင့် ဒူဘိုင်းမြို့တွင် ဆက်လက်ပညာသင်ကြားရန်ဆောင်ရွက်ခဲ့သည့် ဆေးတက္ကသိုလ်(မန္တလေး)၏ ပါမောက္ခချုပ်အဖြစ်မှထုတ်ပယ်ခံထားရသူအပါအဝင်(၇) ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဒူဘိုင်းမြို့ရှိ The Data flow Group Company မှ မတ် ၄ ရက်က ပညာသင်ကြားရန်လာရောက်လျှောက်ထားသည့် ကေဇင်ထွန်း နှင့်ပတ်သက်၍ သံသယရှိသဖြင့် ယာယီဆေးပညာဘွဲ့လက်မှတ်အားအတည်ပြုပေးရန် ဆေးတက္ကသိုလ်(မန္တလေး)သို့အကြောင်းကြား၍ တာဝန်ရှိသူများကစိစစ်ရာ တရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)မှ ထုတ်ပေးထားသည့် ယာယီဆေးပညာဘွဲ့လက်မှတ်(အတု)ဖြစ်ကြောင်းဖော်ထုတ်သိရှိခဲ့ရသဖြင့် ကျန်းမာရေးဝန်ကြီးဌာနသို့သတင်းပေးပို့ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ထပ်မံစီစစ်မှုများပြုလုပ်ရာ ယင်း လက်မှတ်(အတု)အား တရားမဝင်ဆေးတက္က သိုလ်(မန္တလေး)၊ ယာယီတက္ကသိုလ်ကောင်စီနာယကဖြစ်သော ဆေးတက္ကသိုလ်(မန္တလေး)၏ ပါမောက္ခချုပ်အဖြစ်မှထုတ်ပယ်ခံထားရသူ ခင်မောင်လွင် က...

မတ်လ (၂၀)ရက်မှ စတင်၍ OWIC ကတ်များ ပြန်ထုတ်ပေးမည်

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကတ်ကို ယခုမတ်လ (၂၀) ရက်မှစတင်ပြီး ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယခုကာလအတွင်း ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ရန် ထွက်ခွာမည့်သူများစာရင်းစိစစ်ခြင်း၊ OWIC ကတ်ထုတ်ပေးသော စက်များ၌ တပ်ဆင်ထားသည့် Software များပြုပြင်ခြင်း၊ OWIC ကတ် ထုတ်ပေးရေးစင်တာများ တစ်နေရာတည်းပေါင်းစည်းခြင်း၊ အလုပ်ရှင်/ အလုပ် သမားစာချုပ် ချုပ်ဆိုသည့်နေရာများ တစ်စုတစည်းတည်းဖြစ်အောင် ပြင်ဆင်ခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသောကြောင့် OWIC ကတ် ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ခေတ္တရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့ဖြစ်၍ OWIC ကတ်အသစ် ပြုလုပ်လိုသူများအား...

MBC ၏ မြန်မာဘောက်ဆင်ပြိုင်ပွဲ တွဲဆိုင်း(၇) ဆိုင်း ပါဝင် ထိုးသတ်မည်

မြန်မာဘောက်ဆင်ကော်မရှင်(Myanmar Boxing Commis sion(MBC)က ကျင်းပပြုလုပ်သည့် PBM4 ပြိုင်ပွဲတွင် တွဲဆိုင်း (၇)ဆိုင်း ပါဝင်ထိုးသတ်သွားမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲအား ယခုမတ်လ (၁၅) ရက်၊ မွန်းလွဲ (၂)နာရီအချိန်၌ ရန်ကုန်မြို့ ရိုးရာလက်ဝှေ့ သိမ်ဖြူအားကစားခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ပြိုင်ပွဲအတွင်း Main Event တွဲဆိုင်းအဖြစ် ဗန်လုထောင် နှင့် ဖြိုးသူအောင်တို့တွဲဆိုင်းပါဝင်မည်ဖြစ်ကာ Co-Main Event ပွဲစဉ်တွင် ဆဲလ်မွဲလ်ကျုံး နှင့် ရေမွန်းဒိုတို့အပြင် အခြားတွဲဆိုင်း(၅)ဆိုင်း ပါဝင်ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ် ကြောင်း သိရသည်။ လက်မှတ်ဈေးနှုန်းများမှာ ကျပ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071