မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသားများအတွက် အွန်လိုင်းမှတဆင့် အလည်အပတ် ဗီဇာ လျှောက်ထားမှုကို ပြန်လည်ခွင့်ပြုထားကြောင်း သိရသည်။
ယမန်နေ့ ဧပြီ (၂၂) ရက်မှ စတင်ကာ ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကာ ဗီဇာရပ်တန့်ထားမှု (၁၉)ရက်အကြာ၌ ပြန်လည်ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြီးကြောင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့် နိုင်ငံခြားသားများအတွက် အလည်အပတ်ဗီဇာ (Tourist Vis a) လျှောက်ထားမှုကို ဧပြီ (၃) ရက်မှ စတင်ကာ ယာယီရပ်နားထားခဲ့ခြင်း ဖြစ်သည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်းများအရ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံကို ပြည် ပခရီးသွားဧည့်သည် (၁.၀၆) သန်းကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
