Friday, November 15, 2024

၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်...

ဖီလစ်ပိုင်နိုင်ငံမှ နိုဝင်ဘာ ၁၆ ရက်မှ ၂၁ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိရန် အကောင်းဆုံးကြိုးစားသွားမည်ဟု...

မူဆယ်တွင် စက်သုံးဆီတစ်လီတာ ကျပ် (၁၂၀၀၀)...

တရုတ် - မြန်မာ နယ်စပ် မူဆယ်မြို့တွင် စက်သုံးဆီတစ်လီတာလျှင် ကျပ် (၁၂၀၀၀)အထိ ဈေးမြင့်တက်နေပြီး အချို့စက်သုံးဆီဆိုင်များ ပိတ်ထားရကြောင်း မူဆယ်ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့...

အိန္ဒိယ၌လေထုညစ်ညမ်းနေ၍အများပြည်သူပို့ဆောင်ရေးစနစ်များရပ်ဆိုင်း

နူးဒေလီ၊နိုဝင်ဘာ ၁၄ ကြာသပတေးနေ့နံနက်ပိုင်းက အိန္ဒိယနိုင်ငံမြို့တော်နှင့် ဆင်ခြေဖုံးများတွင် မီးခိုးမြူများ ဖုံးလွှမ်းသွားခဲ့ပြီး လေယာဉ်ခရီးစဉ်များနှင့် ရထားအချိန်များကို ရပ်ဆိုင်းခဲ့ရကြောင်းသိရသည်။ ခရီးသည်များအနေဖြင့်လည်း လေကြောင်းခရီးစဉ်ဆိုင်ရာ နောက်ဆုံးအခြေအနေအတွက် သတင်းအချက်အလက်များရစေရန် မိမိတို့၏...

တရုတ်၊ရုရှားတရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမြှင့်မည်

ပေကျင်း၊နိုဝင်ဘာ ၁၄ တရုတ်နှင့်ရုရှားတို့သည် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုယန္တရား၏ ၉ ကြိမ်မြောက် အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ပေကျင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။ ယင်းအစည်းအဝေးကို တရုတ်ကွန်မြူနစ်ပါတီ (စီပီစီ) ၏အကြီးတန်းအရာရှိ...
HomeNewsမြန်မာအပါအဝင် ၂၂ နိုင်ငံ၌...

မြန်မာအပါအဝင် ၂၂ နိုင်ငံ၌ စားနပ်ရိက္ခာမဖူလုံမှုပိုဆိုးလာနိုင်

ရောမ၊နိုဝင်ဘာ ၁

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံ၌ စားနပ်ရိက္ခာမလုံလောက်မှု သည် ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း ကုလသမဂ္ဂအေဂျင်စီနှစ်ခုက ထုတ်ပြန်သည့် အစီရင်ခံစာတွင်သတိပေးထားသည်။

၎င်းနိုင်ငံများအနက် ဆူဒန်၊ပါလက်စတိုင်း၊တောင်ဆူဒန်၊ ဟေတီနှင့် မာလီတို့သည် စိုးရိမ်စရာအဆင့် အမြင့်ဆုံးတွင်ရှိပြီး အရေး‌ပေါ် စောင့်ရှောက်ရမည့်နိုင်ငံများလည်းဖြစ်ကြောင်း စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့၏ပူးတွဲကြေငြာချက်၌သတိပေးထားသည်။

သူတို့၏နောက်၌ ချဒ်၊လက်ဘနွန်၊မြန်မာ၊မိုဇမ်ဘစ်၊နိုင်ဂျီးရီးယား၊ဆီးရီးယားနှင့်ယီမင်တို့သည် အလွန်စိုးရိမ်ဖွယ်ကောင်းသော နိုင်ငံများအဖြစ်သတ်မှတ်ခံရကာ ကျန် ၁၀ နိုင်ငံဖြစ်သည့် ကင်ညာ၊လီဆိုသို၊နမ်မီဘီးယား၊နိုင်ဂျာ၊ဘာကီနာဖာဆို၊အီသီယိုးပီးယားနှင့် ဇင်ဘာဘွေတို့ကိုမူ ငတ်မွတ် ခေါင်းပါးမှု နှင့်ကြုံနေရသည့် နိုင်ငံများများအဖြစ်သတ်မှတ်ခဲ့ကြသည်။

ယခုကဲ့သို့ စားနပ်ရိက္ခာမဖူလုံမှုသည် သက်ဆိုင်ရာနိုင်ငံများ၏ ပဋိပက္ခ၊ရာသီဥတုနှင့် စီးပွားရေးမတည်ငြိမ်မှု နှင့် မညီမျှမှုများကြောင့်ဖြစ်ကာ တစ်ခုသို့မဟုတ် တစ်ခုထက်ပိုသောအချက်များက အခြေအနေကို ပိုဆိုး‌အောင်တွန်းပို့နေခြင်းဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

ပဋိပက္ခနှင့်လက်နက်ကိုင်အကြမ်းဖက်မှုများကငတ်မွတ်ခေါင်းပါးမှု၏ အဓိကအကြောင်းရင်းများဖြစ်ကာယင်းပြဿနာများကြောင့် စားနပ်ရိက္ခာစနစ်များပျက်စီးခြင်း၊လူအများ အိုးမဲ့အိမ်မဲ့ဖြစ်စေခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို လက်လှမ်းမီ ရရှိခွင့်ကို ဟန့်တားခြင်းများကြောင့် ပိုဆိုးလာသည်ဟုလည်း အေဂျင်စီနှစ်ခုကပြောကြားခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိရန် အကောင်းဆုံးကြိုးစားသွားမည်ဟု နည်းပြချုပ်ဦးဌေးမြင့်ဆို

ဖီလစ်ပိုင်နိုင်ငံမှ နိုဝင်ဘာ ၁၆ ရက်မှ ၂၁ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိရန် အကောင်းဆုံးကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဦးဌေးမြင့်ကပြောသည်။ ပြိုင်ပွဲအကြိုသတင်းစာရှင်းလင်းပွဲအား ယနေ့ နိုဝင်ဘာ ၁၅ ရက်နံနက်ပိုင်းက ဖီလစ်ပိုင်နိုင်ငံရှိ ပြိုင်ပွဲဝင်အသင်းများတည်းခိုသော Marcopolo Hotel ၌ကျင်းပစဉ်ပြောကြားခဲ့ခြင်းဖြစ်ပြီး သတင်းစာရှင်းလင်းပွဲသို့ ဖိလစ်ပိုင်၊အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်အသင်းများမှ နည်းပြနှင့် အသင်းခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။ "အာဆီယံ အမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲဟာ အတွေ့အကြုံကောင်းတွေရရှိစေမယ့် ပြိုင်ပွဲဖြစ်ပါတယ်။ ပွဲတိုင်းခက်ခဲမှာပါ။ ဒီပြိုင်ပွဲမတိုင်ခင် ထိုင်းမှာလေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲကစားခဲ့ပါတယ်။...

မူဆယ်တွင် စက်သုံးဆီတစ်လီတာ ကျပ် (၁၂၀၀၀) အထိ ဈေးမြင့်တက်

တရုတ် - မြန်မာ နယ်စပ် မူဆယ်မြို့တွင် စက်သုံးဆီတစ်လီတာလျှင် ကျပ် (၁၂၀၀၀)အထိ ဈေးမြင့်တက်နေပြီး အချို့စက်သုံးဆီဆိုင်များ ပိတ်ထားရကြောင်း မူဆယ်ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ တရုတ်နိုင်ငံဘက်မှ စက်သုံးဆီအပါအဝင် အခြားလူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန်များကို တင်သွင့်ခွင့်ပိတ်လိုက်ပြီးနောက် ဒေသတွင်း စက်သုံးဆီဈေးများ မြင့်တက်လာပြီး လက်ကျန်ဆီများကို အကန့်အသတ်ဖြင့် ရောင်းချပေးနေရကြောင်း ဆိုသည်။ "ဂိတ်တွေပိတ်တော့ ဆီလက်ကျန်မရှိတော့တဲ့ ဆိုင်တွေက ပိတ်ထားပြီ။ လက်ကျန်ဆီရှိတဲ့ ဆိုင်တွေကပဲ ရောင်းပေးနေတာ။ ဆိုင်တွေမှာဆိုရင်တော့ ၉၅၀၀ ကျပ်နဲ့ရတယ်။ လိုချင်သလိုမရဘူး။ အပြင် ဆီဆိုင်အသေးတွေကတော့ ဒီနေ့အထိ ၁၂၀၀၀နဲ့...

အိန္ဒိယ၌လေထုညစ်ညမ်းနေ၍အများပြည်သူပို့ဆောင်ရေးစနစ်များရပ်ဆိုင်း

နူးဒေလီ၊နိုဝင်ဘာ ၁၄ ကြာသပတေးနေ့နံနက်ပိုင်းက အိန္ဒိယနိုင်ငံမြို့တော်နှင့် ဆင်ခြေဖုံးများတွင် မီးခိုးမြူများ ဖုံးလွှမ်းသွားခဲ့ပြီး လေယာဉ်ခရီးစဉ်များနှင့် ရထားအချိန်များကို ရပ်ဆိုင်းခဲ့ရကြောင်းသိရသည်။ ခရီးသည်များအနေဖြင့်လည်း လေကြောင်းခရီးစဉ်ဆိုင်ရာ နောက်ဆုံးအခြေအနေအတွက် သတင်းအချက်အလက်များရစေရန် မိမိတို့၏ သက်ဆိုင်ရာလေကြောင်းလိုင်းများထံဆက်သွယ်မေးမြန်းရန်ပြောကြားထားသည်။ ပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုဖြစ်သည့် အင်ဒီဂို သည် မြူများက အမ်ရစ်ဆာ၊ဗာရာဏသီနှင့် ဒေလီသို့ အသွားအပြန်ပျံသန်းမှုများအပေါ် သက်ရောက်မှုရှိနိုင်ကြောင်းထုတ်ပြန်ခဲ့ပြီး ခရီးသည်များအနေဖြင့်လည်း လေဆိပ်သို့ မသွားရောက်မီ လေကြောင်းပျံသန်းမှု အခြေအနေကို စောင့်ကြည့်ရန်တိုက်တွန်းထားသည်။ Flightradar 24 ၏ ပြသချက်များအရ ဒေလီလေဆိပ်တွင် လေကြောင်းခရီးစဉ် ၃၀၀ ကျော် နှောင့်နှေးခဲ့ကြောင်းသိရပြီး ကြာသပတေးနေ့တွင် မြို့တော်၏လေထုအရည်အသွေးသည် ပိုမိုကျဆင်းလာကာ ပြင်းထန်သည့်အခြေအနေတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071