Friday, November 22, 2024

အရှေ့ဒဂုံ ကျန်စစ်သားလမ်းတွင် ရပ်ထားသည့် YBS...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၂) ရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် ရပ်ထားသည့် ခရီးသည်တင် YBS ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီး သတ်တပ်ဖွဲ့နှင့် နယ်မြေခံ...

လာအို-မြန်မာ မဲခေါင်မြစ်ကြောင်းတစ်လျှောက် ကုန်စည်ကူးသန်းသွားလာမှု ဘေးကင်းလုံခြုံမှုရရှိစေရေးအပါအဝင်...

မြန်မာ-လာအိုနှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ မဲခေါင်မြစ်ကြောင်းတစ်လျှောက် အေးချမ်းတည်ငြိမ်မှု ရရှိစေပြီး ပြည်သူများ လှေ/ သင်္ဘောအသုံးပြု၍ ကုန်စည်ကူးသန်းသွားလာမှုတွင် ဘေးကင်းလုံးခြုံမှုနှင့် အဆင်ပြေချောမွေ့မှုရရှိစေရေးတို့အတွက် တာဝန်ရှိသူများတွေ့ဆုံ...

တရုတ်နှင့်အာဆီယံကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေး

ဗီယန်ကျင်း၊နိုဝင်ဘာ ၂၁ ၁၄ ကြိမ်မြောက် တရုတ်-အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးကို လာအိုနိုင်ငံ၊ဗီယန်ကျင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါအစည်းအဝေးကို တရုတ်ကာကွယ်ရေးဝန်ကြီးဒွန်ဂျန်နှင့် လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုဂ်ငံတော်ကာကွယ်ရေးဝန်ကြီးဖြစ်သည့် Chansamone Chanyalath...

ပုဂံရှေးဟောင်းရေကန် (၃၄)ကန်ကို ဆက်လက်တူးဖော်ထိန်းသိမ်းမည်

ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းရေကြီးရေလျှံမှုများအတွက် ကာကွယ်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေလမ်းကြောင်းများ ဖော်ထုတ်ကာ ရှေးဟောင်းရေကန် (၉၁) ကန်ကို ပြန်လည်တူးဖော်ထိန်းသိမ်းနေရာ ကျန်ရှိသည့် (၃၄)ကန်ကိုဆက်လက် တူးဖော်မည်...
HomeNewsLocal Newsမြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း...

မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း (၆၂)တွဲ ရောင်းချနိုင်ခဲ့

၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို ဆက်လက်ကျင်းပခဲ့ပြီး ကျောက်မျက်အတွဲပေါင်း (၆၂)တွဲကို ရောင်းချနိုင်ခဲ့ကြောင်း ပြပွဲကျင်းပရေးကော်မတီ ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြပွဲစတုတ္ထမြောက်နေ့တွင် ကျောက်မျက်အတွဲ အမှတ် (၁) မှ အတွဲအမှတ် (၁၆၀) အထိ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များ၏ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ကျောက်မျက်အတွဲပေါင်း (၆၂) တွဲရောင်းချရကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

အလားတူ ပြပွဲပဥ္စမ‌မြောက်နေ့တွင် ကျောက်မျက်အတွဲ (၁) မှ (၈၅၀) ထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ယခုကျင်းပသည့် ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ (၁၈) ရက်မှ (၂၇) ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း (၂၈၀)၊ ကျောက်မျက်အတွဲပေါင်း (၁၆၀) နှင့်အုပ်စု (အေ၊ဘီ၊စီ) (၃)အုပ်စုခွဲခြားထားသည့် ကျောက် စိမ်းအတွဲပေါင်း (၄၈၀၀) တို့ကို ပြည်တွင်းပြည်ပရတနာကု န်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်း ချပေးသွားမည်ဖြစ်ပြီး ယင်းတွင် အုပ်စု စီမှ ကျောက်စိမ်းအတွဲများကို MSME လုပ်ငန်းများ အားပေးမြှင့်တင်ရန် ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်သည့်အတွက် ပြည်တွင်းရတနာကုန်သည်များက ကျပ်ငွေဖြင့်သာ ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အရှေ့ဒဂုံ ကျန်စစ်သားလမ်းတွင် ရပ်ထားသည့် YBS ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၂) ရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် ရပ်ထားသည့် ခရီးသည်တင် YBS ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီး သတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီကယ်ဆယ်ရေးအသင်းတို့ထံမှ သိရသည်။ ယနေ့ နိုဝင်ဘာ (၂၂) ရက်၊ ညနေ (၄)နာရီ (၃၅)မိနစ် အချိန်ခန့်က အဆိုပါ နေရာတွင် ကားမီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁) စီးတို့နှင့်အတူ ဝန်းရံမှူးလူမူကူညီကယ်ဆယ်ရေးအသင်းမှ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ငြှိမ်းသတ်ရာ ညနေ...

လာအို-မြန်မာ မဲခေါင်မြစ်ကြောင်းတစ်လျှောက် ကုန်စည်ကူးသန်းသွားလာမှု ဘေးကင်းလုံခြုံမှုရရှိစေရေးအပါအဝင် အခြားပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-လာအိုနှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ မဲခေါင်မြစ်ကြောင်းတစ်လျှောက် အေးချမ်းတည်ငြိမ်မှု ရရှိစေပြီး ပြည်သူများ လှေ/ သင်္ဘောအသုံးပြု၍ ကုန်စည်ကူးသန်းသွားလာမှုတွင် ဘေးကင်းလုံးခြုံမှုနှင့် အဆင်ပြေချောမွေ့မှုရရှိစေရေးတို့အတွက် တာဝန်ရှိသူများတွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ယနေ့ နိုဝင်ဘာ ၂၂ ရက်နံနက်ပိုင်းက တာချီလိတ်မြို့တွင် (၁၂)ကြိမ်မြောက်အဖြစ် မြန်မာ-လာအို ဒေသဆိုင်ရာ နယ်ခြားကော်မတီနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့အတွက် မြန်မာနိုင်ငံဘက်မှ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်၏ ခေတ္တစစ်ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး သန့်လှိုင်ဝင်းနှင့် လာအိုနိုင်ငံမှ ဘော်ကဲအိုခရိုင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထောင်းခိုင်း ဆီယာလာတ်တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် ဆွေးနွေးမှုတွင် နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ တရားမဝင်မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့တို့အား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့လည်း...

တရုတ်နှင့်အာဆီယံကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေး

ဗီယန်ကျင်း၊နိုဝင်ဘာ ၂၁ ၁၄ ကြိမ်မြောက် တရုတ်-အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးကို လာအိုနိုင်ငံ၊ဗီယန်ကျင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါအစည်းအဝေးကို တရုတ်ကာကွယ်ရေးဝန်ကြီးဒွန်ဂျန်နှင့် လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုဂ်ငံတော်ကာကွယ်ရေးဝန်ကြီးဖြစ်သည့် Chansamone Chanyalath တို့က ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြပြီး လာအိုသည် ၂၀၂၄ ခုနှစ်အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အလှည့်ကျဥက္ကဋ္ဌလည်းဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း နှစ်ဘက်ခေါင်းဆောင်များ၏ အရေးပါသောလမ်းညွှန်မှုဖြင့် တရုတ်-အာဆီယံ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုသည် အပြန်အလှန်အကျိုးဖြစ်ထွန်းစေရုံသာမက ဒေသတွင်းနှင့်ကမ္ဘာကိုပါ ကြီးမားစွာအကျိုးပြုခဲ့ကြောင်း၎င်းပြောကြားခဲ့သည်။ နိုင်ငံတကာအခင်းအကျင်းများက မည်သို့ပင်ပြောင်းလဲလာစေကာမူ တရုတ်နိုင်ငံအနေဖြင့် အာဆီယံနှင့်စည်းလုံးညီညွတ်မှု၊အပြန်အလှန်ယုံကြည်မှုကိုမြှင့်တင်ကာ လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ဆောင်ရွက်သွားမည်ဟုလည်းတရုတ်ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သည်။ အာဆီယံနိုင်ငံများ၏ကာကွယ်ရေးဦးစီးချုပ်ရုံးများမှ အကြီးအကဲများသည် တရုတ်၊အာဆီယံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အလေးအနက်ကတိပြုပြောကြားခဲ့ကြပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၊ငြိမ်းချမ်းရေးနှင့်ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခိုင်အမာကတိပြုခဲ့ကြသည်။ Source...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071