Monday, November 25, 2024

အားကောင်းသော လေဖိအားနည်း ရပ်ဝန်းအခြေနေများကြောင့် နောက်...

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် နောက် (၂) ရက်အတွင်း တိုင်းနှင့် ပြည်နယ် (၆)ခုတွင် နေရာကွက်ကျား မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး...

ဆင်များအကြောင်း လေ့လာနိုင်ရန် ဝါးနက်ဆင်စခန်းအတွင်း ပြခန်းငယ်စီစဉ်ထား

ဆင်များနှင့်ပတ်သက်သော ဗဟုသုတများကို လေ့လာသိရှိနိုင်ရန်ပြခန်းငယ်တစ်ခုကို မန္တလေးမြို့အနီးတွင်ရှိသည့် ဝါးနက်ဆင်စခန်းအတွင်း ပြုလုပ်ထားကြောင်း သိရသည်။ အဆိုပါ ဆင်စခန်းသည် မန္တလေးမြို့နှင့်အနီးဆုံးတွင်ရှိနေပြီး ပြင်ဦးလွင်မြို့နယ်၊ ရဲရွာရေလှောင်တမံသွားသည့် ကားလမ်းဘေး (၉)...

ပုလဲမြို့နယ် စစ်ရှောင်ပြည်သူ (၁၀၀၀၀) ကျော်...

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံစစ်ရှောင်ပြည်သူ (၁၀၀၀၀) ကျော် စစ်ဘေးရှောင်နေကြရပြီး လက်ရှိတွင် ‌အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံက...

ယူကရိန်းသို့ မြေမြှု-ပ်မိုင်းများ ထောက်ပံ့ပေးမှုကို ဂူတာရက်စ်...

ယူကရိန်း ပဋိပက္ခမှာ မြေမြှု-ပ်မိုင်း အသုံးပြုမှုအပေါ် ရှုတ်ချကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားသည်။ "မြေမြှု-ပ်မိုင်းတွေဟာ အရပ်သားတွေအတွက် အန္တရာယ်ကို...
HomeNewsLocal Newsမြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားအတွက် ရွှေကြိုများ...

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားအတွက် ရွှေကြိုများ ခေါ်ယူ

နေပြည်တော်တွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားအတွက် အကယ်ဒမီဆုဗန်းကိုင်ဆောင်ရန် ရွှေကြိုများခေါ်ယူကြောင်း မြန်မာနိုင်ငံရုပ်ရှ င်အစည်းအရုံးထံမှ သိရသည်။

ရွှေကြိုအဖြစ် လျှောက်ထားသူများသည် ယခုနှစ် ဒီဇင်ဘာလ(၃၁)ရက်တွင် အသက်(၁၆)နှစ် ပြည့်ပြီးသူနှင့် အသက် (၂ ၅)နှစ် မကျော်လွန်သူဖြစ်ရမည်ဖြစ်ကာ အိမ်ထောင်မရှိသူ အပျို/လူပျို ဖြစ်ရမည်ဟု ဆိုသည်။

ထိုနည်းတူ အမျိုးသမီး အရပ်အမြင့်မှာ (ဖိနပ်မပါ) ၅ ပေ ၂ လက်မမှ ၅ ပေ ၈ လက်မ အတွင်း ဖြစ်ရမည်ဖြစ်ကာ အမျိုးသား၏ အရပ်အမြင့်မှာ (ဖိနပ်မပါ) ၅ ပေ ၆ လက်မ မှ ၆ ပေ အထိ ဖြစ်ရမည်ဟု သိရသည်။

ထို့ပြင် ကျန်းမာရေးကောင်းမွန်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူနှင့် ကိုယ်ခန္ဓာအချိုးအစား ပြေပြစ်သူဖြစ်ရမည် ဖြစ်ကာ လျှောက်လွှာများကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ အမှတ်(၁၆)၊ ဝင်္ဂဘာလမ်း၌ နိုဝင်ဘာလ(၂၆)ရက်တွင် စတင်ထုတ်ယူနိုင်ပြီး ဒီဇင်ဘာလ(၆)ရက် ညနေ(၄)နာရီမတိုင်မီ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။

အရွေးချယ်ခံရသည့် ရွှေကြိုမောင်မယ်များအတွက် ရှေ့ဆက်မည့် အနုပညာလုပ်ငန်းအစီအစဉ်များ သီးခြားရှိကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အသိပေးကြေညာထား သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အားကောင်းသော လေဖိအားနည်း ရပ်ဝန်းအခြေနေများကြောင့် နောက် (၂)ရက်အတွင်း တိုင်းနှင့် ပြည်နယ် (၆)ခုတွင် နေရာကွက်ကျား မိုးရွာနိုင်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် နောက် (၂) ရက်အတွင်း တိုင်းနှင့် ပြည်နယ် (၆)ခုတွင် နေရာကွက်ကျား မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ နိုဝင်ဘာ (၂၅)ရက်၊ နံနက်(၇)နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ နိုဝင်ဘာ(၂၅)ရက်၊ နံနက် (၅)နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာ အရှေ့ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် အ နောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းသို့...

ဆင်များအကြောင်း လေ့လာနိုင်ရန် ဝါးနက်ဆင်စခန်းအတွင်း ပြခန်းငယ်စီစဉ်ထား

ဆင်များနှင့်ပတ်သက်သော ဗဟုသုတများကို လေ့လာသိရှိနိုင်ရန်ပြခန်းငယ်တစ်ခုကို မန္တလေးမြို့အနီးတွင်ရှိသည့် ဝါးနက်ဆင်စခန်းအတွင်း ပြုလုပ်ထားကြောင်း သိရသည်။ အဆိုပါ ဆင်စခန်းသည် မန္တလေးမြို့နှင့်အနီးဆုံးတွင်ရှိနေပြီး ပြင်ဦးလွင်မြို့နယ်၊ ရဲရွာရေလှောင်တမံသွားသည့် ကားလမ်းဘေး (၉) မိုင်အကွာတွင် တည်ရှိသည့် မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်စခန်းတစ်ခုလည်း ဖြစ်သည်။ ပြခန်းငယ်တွင် ဆင်တစ်ကောင်လုံး၏ အရိုးစုနှင့်အတူ ဆင်များ၏ သဘာဝ၊ အမူအကျင့်များအကြောင်း၊ ဆင်များကို မည်ကဲ့သို့ ထိန်းသိမ်းကြောင်းကိုလည်းကောင်း၊ သစ်ခုတ်သည့်နေရာတွင် ဆင်များ၏ လုပ်အားအသုံးပြုပုံကိုလည်းကောင်း စသည်ဖြင့် ဆင်များ၏ သဘာဝဖြစ်စဉ်များကို လေ့လာနိုင်ရန် ဓာတ်ပုံဗီနိုင်းများဖြင့် ရှင်းလင်းပြသထားပြီး ဆင်ကျန်းမာရေးအတွက် ဆေးကျွေးခြင်းများမှအစ ဗဟု သုတရစေရန်...

ပုလဲမြို့နယ် စစ်ရှောင်ပြည်သူ (၁၀၀၀၀) ကျော် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံစစ်ရှောင်ပြည်သူ (၁၀၀၀၀) ကျော် စစ်ဘေးရှောင်နေကြရပြီး လက်ရှိတွင် ‌အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။ အဆိုပါ စစ်ရှောင်ပြည်သူများမှာ ရာသီတုတ်ကွေးအပါအဝင် သွေးအားနည်းခြင်း၊ ခေါင်းကိုက်၊ နာစေးချောင်းဆိုးများ ဖြစ်ပွားနေပြီး၊ သက်ကြီးပိုင်းများမှာ သွေးတိုး၊ဆီးချိုနှင့် အခြားသောနာတာရှည်ရောဂါဝေဒနာသည်များ ပါဝင်ကြောင်း ဆိုသည်။ " အဓိက က ရာသီတုတ်ကွေးပေါ့။ ရာသီဥတု အပြောင်းအလဲမှာဖြစ်တာပေါ့။ အဲဒီကမှ ချောင်းဆိုးတာတွေ ရင်ကြပ်တာတွေ ဖြစ်ကြတယ်။ ဆေးဝါးတွေက ပြတ်လပ်နေတဲ့အပြင် ဈေးနှုန်းတွေ မြင့်တက်နေတော့ ထိရောက်အောင်မကုသနိုင်သလိုဖြစ်နေတယ်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071