Thursday, December 26, 2024

မော်လမြိုင် နဂါးမောက်စေတီတော်၌ မနက်ဖြန် (ဒီဇင်ဘာ...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နဂါးမောက်စေတီတော်မြတ်ကြီး၏ တတိယအကြိမ်မြောက် ဗုဒ္ဓပူဇနိယပူဇော်ပွဲအဖြစ် ဆွမ်းခြောက်လောင်းလှူပွဲအား မနက်ဖြန်(ဒီဇင်ဘာ ၂၆ ရက်)နံနက် ၈ နာရီမှစတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဆွမ်းခြောက်လောင်းလှူပွဲ၌ သံဃာတော်(၁၀၁)...

ဖိလစ်ပိုင်က အမေရိက၏ တိုက်ဖွန်းဒုံးကျည်စနစ်ကို ဝယ်ယူမည်

ဖိလစ်ပိုင်သည် ၎င်း၏ ရေပိုင်နက်အကျိုးစီးပွားများကို ကာကွယ်ရန် အမေရိက တိုက်ဖွန်းဒုံးကျည်စနစ်ကို ဝယ်ယူရန် စီစဉ်ထားသည်ဟု တနင်္လာနေ့တွင် ပြောဆိုခဲ့ရာ ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုတွင် တရုတ်က...

နျူစွမ်းအင်သဘောတူစာချုပ်တွင်လာဘ်မစားပါ–ဆဂျက်ဘ်ဝါဆတ်

၂၀၁၅ ခုနှစ်က ဒေါ်လာ ၁၂ ဒဿမ ၆၅ ဘီလျံတန် နျူကလီးယားစွမ်းအင်ဆိုင်ရာသဘောတူ စာချုပ် ကို ချုပ်ဆိုခဲ့မှုတွင် အကျင့်ပျက်ခြစားခဲ့သည်ဟူသော သူ၏...

အင်ဒို၌ နှစ်သစ်ကူးအတွက် ဆေးခန်းပေါင်း ၁,၅၇၄...

ဂျကာတာ၊ဒီဇင်ဘာ ၂၄ နှစ်ကုန်အားလပ်ရက်များအတွင်း ကျန်းမာရေးနှင့်ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းရန်အတွက် နိုင်ငံတစ်ဝန်း၌ ဆေးခန်းပေါင်း ၁,၅၇၄ ခုကို အဆင်သင့်ပြင်ထားကြောင်း အင်ဒိုနီးရှားကျန်းမာရေးအာဏာကပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ အဆိုပါဆေးခန်းများကို အမြန်လမ်းမကြီး၊ဘက်စ်ကားဂိတ်၊ဆိပ်ကမ်း၊လေဆိပ်၊မတော်တဆမှုအဖြစ်များသောနေရာများသာမက...
HomeNewsLocal Newsမြန်မာ့ဝါဂွမ်းများအား ပြည်ပဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေး...

မြန်မာ့ဝါဂွမ်းများအား ပြည်ပဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်မည်

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဝါဂွမ်းများကို ပြည်ပဈေးကွက်သို့ တိုးမြှင့် တင်ပို့နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

မြန်မာ့ ဝါဂွမ်းများကို ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဈေးကွက်များသို့ တိုးမြှင့်တင်ပို့ရန် စီစဉ်ထားကြောင်း၊ ဝါကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားပေးလျက် ရှိပြီး ဝါဂွမ်းပို့ကုန် မြှင့်တင်ရေးကို တစ်စိုက်မတ်မတ်ဆောင်ရွက်၍ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းမြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ဝါစိုက်ပျိုး၊ ထွက်ရှိ၊ ထုတ်လုပ်၊ သုံးစွဲမှု စသည့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှုရှိရေးသည် အရေးကြီးသဖြင့် ဝါအသင်းနှင့် စိုက်ပျိုးသူတောင်သူများက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ဝါထွက်ရှိသည့် ရာသီကျန်ရှိနေသည့်အတွက် စနစ်တကျ ဂရုတစ်စိုက် ခူးဆွတ်၊ ရိတ်သိမ်း၊ သိုလှောင်နိုင်ပါက ပို့ကုန်လျာထားချက် ပြည့်မီနိုင်ကြောင်း၊ အထူးသဖြင့် လာမည့်နှစ် ဝါထွက်ရာသီတွင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဝါဂွမ်းများအား ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၌ ဈေးကွက်ရရှိရေး ချိတ်ဆက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မော်လမြိုင် နဂါးမောက်စေတီတော်၌ မနက်ဖြန် (ဒီဇင်ဘာ ၂၆ ရက်)တွင် ဆွမ်းခြောက်လောင်းလှူပွဲကျင်းပမည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နဂါးမောက်စေတီတော်မြတ်ကြီး၏ တတိယအကြိမ်မြောက် ဗုဒ္ဓပူဇနိယပူဇော်ပွဲအဖြစ် ဆွမ်းခြောက်လောင်းလှူပွဲအား မနက်ဖြန်(ဒီဇင်ဘာ ၂၆ ရက်)နံနက် ၈ နာရီမှစတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဆွမ်းခြောက်လောင်းလှူပွဲ၌ သံဃာတော်(၁၀၁) ပါးအား စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့အပါအဝင် အလှူရှင်များက လောင်းလှူသွားမည်ဖြစ်ကာ ဆွမ်းခြောက်လောင်းလှူနိိုင်ရန် ခုံတန်းများကိုလည်း အဆင်သင့်ပြင်ဆင်ပေးထားကြောင်း သိရသည်။ ထို့ပြင် နံနက်ပိုင်းမှစတင်၍ တစ်နေကုန်သည်အထိ ဆွမ်းခြောက်လောင်းလှူသူများနှင့် ဧည့်ပရိသတ်များအား စတုဒိသာအဖြစ် ရေခဲမုန့်၊ အချိုပွဲများကို ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ နဂါးမောက်စေတီတော်မြတ်ကြီး၏ တတိယအ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ဆရာ တော်/သံဃာတော်ကြီးများမှ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကိုလည်း ဆင်ယင်ကျင်းပခဲ့ပြီး ဘုရားဖူးလာရောက်သူများကိုလည်း...

ဖိလစ်ပိုင်က အမေရိက၏ တိုက်ဖွန်းဒုံးကျည်စနစ်ကို ဝယ်ယူမည်

ဖိလစ်ပိုင်သည် ၎င်း၏ ရေပိုင်နက်အကျိုးစီးပွားများကို ကာကွယ်ရန် အမေရိက တိုက်ဖွန်းဒုံးကျည်စနစ်ကို ဝယ်ယူရန် စီစဉ်ထားသည်ဟု တနင်္လာနေ့တွင် ပြောဆိုခဲ့ရာ ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုတွင် တရုတ်က သတိပေးရသည်အထိ ဖြစ်စေခဲ့သည်။ အမေရိကန်စစ်တပ်သည် ၎င်း၏ ရေရှည် မဟာမိတ်နှင့် နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် တာလတ်ပစ် ဒုံးကျည်စနစ်ကို ယခုနှစ်အစောပိုင်းက ဖိလစ်ပိုင်၌ ဖြန့်ကြက်ခဲ့သည်။ ထို့အပြင် ယင်းလုပ်ရပ်သည် အာရှ ဒေသကို မတည်မငြိမ်ဖြစ်စေသည်ဟု ပေကျင်းက ဝေဖန်နေသည့်ကြားမှပင် ဒုံးစနစ်ကို ဖိလစ်ပိုင်တွင် ထားရစ်ခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ ဒုံးကျည်စနစ်၏ လုပ်ဆောင်နိုင်စွမ်း၊ ကျွန်းစုကာကွယ်ရေး...

နျူစွမ်းအင်သဘောတူစာချုပ်တွင်လာဘ်မစားပါ–ဆဂျက်ဘ်ဝါဆတ်

၂၀၁၅ ခုနှစ်က ဒေါ်လာ ၁၂ ဒဿမ ၆၅ ဘီလျံတန် နျူကလီးယားစွမ်းအင်ဆိုင်ရာသဘောတူ စာချုပ် ကို ချုပ်ဆိုခဲ့မှုတွင် အကျင့်ပျက်ခြစားခဲ့သည်ဟူသော သူ၏ မိသားစုအပေါ် စွပ်စွဲချက်များသည် လုံးဝအတုအယောင်ဖြစ်ပြီး အပုပ်ချဝါဒဖြန့်မှုသာဖြစ်ကြောင်း ရာထူးမှဖြု-တ်ချခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏သားလည်းဖြစ် အကြံပေးလည်းဖြစ်သူက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံပိုင် Rosatorm က ကျောထောက်နောက်ခံပေးခဲ့သည့် Rooppur နျူစွမ်းအင်စက်ရုံစီမံကိန်းတွင် အကျင့်ပျက်ခြစားမှု၊ အလွဲသုံးစားမှုနှင့် ငွေကြေးခဝါခြမှု စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တနင်္လာနေ့တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071