ဇန်နဝါရီလ ၂၂ ရက်တွင် မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ကြီးမှူးကာ သနပ်ခါးလိမ်းခြယ်သည့် ဓလေ့အား ယူနက်စကို တင်သွင်းသည့်အခါ အထောက်အကူဖြစ်စေရန်အတွက်လည်းကောင်း ၊ ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုသောအားဖြင့် လည်းကောင်း ပြည်ထောင်စုနေ့တွင် ကျင်းပမည့် “သွေးချင်းစုံလင် သနပ်ခါးသဘင်” (Together Through Thanakhar ) သရုပ်ဖော်ပွဲနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည့် အခမ်းအနားကျင်းပခဲ့သည်။
ပါဝင်ယှဉ်ပြိုင်သူများသည် သတ်မှတ်ထားသည့် အချိန်၅မိနစ်အတွင်း တစ်ဦးချင်းေသာ်လည်းေကာင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်ကာ သနပ်ခါး၏သမိုင်းကြောင်းနှင့် ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများကို တင်ဆက်သရုပ်ဖော်ရမည်။
ဆုအားဖြင့် တစ်ဦးချင်းအကောင်းဆုံးသရုပ်ဖော်ဆု၊ အဖွဲ့လိုက်အကောင်းဆုံးသရုပ်ဖော်ဆု၊ Costume နှင့် Accessories ဆု၊ Audience အကြိုက်ဆုံးဆု စသဖြင့်ပေးအပ်သွားမှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သူတိုင်းအား ဆုပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
သနပ်ခါးကို ကျောက်ပျဉ်နှင့် သွေးပြီးလိမ်းရသည့် ဓလေ့အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် မတ်လတွင် ၁၀မိနစ်စာ Documentary နှင့်အတူ UNESCO သို့ တင်ပြမည်ဖြစ်ကြောင်းသိရသည်။