ဗီယန်ကျင်း၊ဒီဇင်ဘာ ၁
ယခုလအတွင်း ဘန်ကောက်၌ကျင်းပရန်လျာထားသည့် မြန်မာ့အရေးအတွက် အလွတ်သဘောတွေ့ဆုံဆွေးနွေးမည့်ကိစ္စသည် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်ပတ်သက်၍ အဆင်ပြေအထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်ကြောင်း လာအိုအကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။
လာအိုနိုင်ငံ၌ မကြာသေးမီကကျင်းပခဲ့သည့် ရှစ်ကြိမ်မြောက်အာဆီယံမီဒီယာဖိုရမ်၌ လာအိုအာဆီယံဌာနညွှန်ကြားရေးမှူးချုပ်က အဆိုပါဆွေးနွေးပွဲတွင် ယခင်၊လက်ရှိနှင့်လာမည့်အာဆီယံအလှည့်ကျဥက္ကဌများပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ယခုဆွေးနွေးပွဲအတွင်း အင်ဒိုနီးရှားက အာဆီယံဥက္ကဌအဖြစ်တာဝန်ယူထားချိန်၌ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်မည်ဖြစ်သည်ဟုလည်းသိရသည်။
အင်ဒိုနီးရှားသည် ယခင်က အာဆီယံဥက္ကဌဖြစ်ခဲ့ပြီး လာအိုသည်လက်ရှိအာဆီယံဥက္ကဌဖြစ်ကာ မလေးရှားသည်လာမည့်နှစ်တွင် အာဆီယံဥက္ကဌအဖြစ်တာဝန်ယူမည်ဖြစ်ကြောင်းလည်းသိရသည်။
အာဆီယံဘုံသဘောတူညီချက်ငါးရပ်တွင် နိုင်ငံတွင်းအကြမ်းဖက်နေမှုများကိုချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူများအားလုံးပါဝင်ဆွေးနွေးရန်၊မြန်မာ့အရေးအတွက် အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ရန်၊ မြန်မာသို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ခြင်းအပါအဝင် မြန်မာနိုင်ငံရှိ သက်ဆိုင်သူများအားလုံးနှင့် အာဆီယံအထူးကိုယ်စားလှယ်တို့အားတွေ့ဆုံခွင့်ပေးရန်စသည်တို့ပါဝင်သည်။
Source : ဘန်ကောက်ပို့စ်