အက်ဒစ်အာဘာဘာ၊မတ် ၁၈
မြန်မာနိုင်ငံအခြေစိုက်အွန်လိုင်းငွေလိ-မ်ဂိုဏ်း များ၌ပိတ်မိနေသည့် နိုင်ငံသား ၁၃၀ ကို နေရပ်ပြန်ပို့လိုက်ပြီဖြစ်ကြောင်း အီသီယိုးပီးယားအစိုးရကကြေငြာချက်ထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သည့်နှစ်ရက်အတွင်း အစိုးရအနေဖြင့် ၎င်း၏မိတ်ဖက်များနှင့်ပူးပေါင်းကာ ထိုင်းနိုင်ငံမှ အီသီယိုးပီးယားနိုင်ငံသား ၅၃ ဦးကို အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့သည်ဟုလည်း အီသီယိုးပီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကပြာကြားခဲ့သည်။
အဆိုပါ လူ-ကုန်ကူးခံရသူများသည် မြန်မာနိုင်ငံရှိငွေလိ-မ်ဂိုဏ်းများမှလွတ်မြောက်လာပြီးနောက် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်တိမ်းရှောင်ခဲ့ကြခြင်းဖြစ်ကြောင်း အီသီယိုးပီးယားနိုင်ငံပိုင်သတင်းအေဂျင်စီကဖော်ပြခဲ့သည်။
နေရပ်ပြန်ပို့ခံရသူများသည် မြန်မာနိုင်ငံရှိ လိ-မ်လည်မှုဂိုဏ်းများတွင် အခြေအနေဆိုးများကြုံတွေ့ခဲ့ရသည်ဟု ဝန်ကြီးဌာနကပြောကြားခဲ့ပြီး ယခုအချိန်အထိ အီသီယိုးပီးယားနိုင်ငံသား စုစုပေါင်း ၁၃၀ ကို ထိုင်းနိုင်ငံမှတဆင့် ပြန်လည်ပို့ဆောင်ခဲ့သည်ဟုဝန်ကြီးဌာနကပြောကြားခဲ့သည်။
အဆိုပါလူ-ကုန်ကူးခံရသူများသည် အရှေ့တောင်အာရှနိုင်ငံများ၌ အလုပ်ကောင်းကောင်းရမည်ဟု သိမ်းသွင်းခံရပြီး ထိုင်း-မြန်မာနယ်စပ်ရှိ လိ-မ်လည်မှုဂိုဏ်းများသို့ လူ-ကုန်ကူးခံလိုက်ရခြင်းဖြစ်ရာ ပြည်သူများသတိထားနေထိုင်ကြဖို့လည်း အစိုးရအာဏာပိုင်များကသတိပေးထားသည်။
Source : ရှင်းဟွာ