Friday, January 3, 2025

ကနဦးရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၆၁) သန်းစီမံကိန်းများအတွက် MOU...

မြန်မာ့လယ်ယာထွက်ကုန်စည်များ ပြည်ပသို့ တိုးမြှင့်တင်ပို့ရာတွင် အထောက်အကူပြုနိုင်ရန် ဆိပ်ကမ်းတံတားများနှင့် ကုန်ကိုင်တွယ်စက်ကိ ရိယာများကို ပူးပေါင်းရင်းနှီးမြှုပ်နှံတိုးချဲ့တည် ဆောက်နိုင်ရေးစီမံကိန်းများအတွက် ကနဦးရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၆၁)သန်းရှိ MOU များကို...

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဆင့်မြင့်တရားစီရင်ရေးဆိုင်ရာ သင်ကြားရေးဌာနဖြစ်သော Judicial...

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ပြည်ထောင် စုတရားလွှတ်တော်ချုပ်၏ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဆင့်မြင့်တရားစီရင်ရေးဆိုင်ရာ သင်ကြားရေးဌာနဖြစ်သော Judicial College အဆောက်အဦသစ်အား ဇန်နဝါရီ ၂ ရက်နံနက်ပိုင်းက...

ထိုင်းမှာ ခရီးသွား ဘတ်စ်ကားတစ်စီး ယာဉ်တို-က်မှုဖြစ်၍...

ထိုင်းနိုင်ငံ ယာလာပြည်နယ်မှ ဆမွတ်ဆခွန်သို့ ထွက်ခွာလာသည့် စင်းလုံးငှားဘတ်စ်ကားတစ်စီးသည် ဇန်နဝါရီ ၁ ရက်က ဆူရတ်ဌာနီပြည်နယ် ချိုင်ယာခရိုင်တွင် လမ်းဘေးသစ်ပင်တစ်ပင်ကို ဝင်တို-က်မိခဲ့သောကြောင့် ခရီးသည်...

ငွေကျပ်သိန်း(၅)ထောင်ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများနှင့်စိတ်ကြွဆေးပြားများကို မိုင်းပန်မြို့နယ်တွင်ဖမ်းမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်တွင် ငွေကျပ်သိန်း(၅)‌ေထာင်ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများနှင့်စိတ်ကြွဆေးပြားများကို ဒီဇင်ဘာ ၂၈ ရက်နံနက် ၁၁ နာရီခွဲခန့်ကဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့ထံမှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းပန်မြို့ နယ်၊...
HomeNewsLocal Newsမြန်မာ - ကိုရီးယား...

မြန်မာ – ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတား ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်တော့မည်

မြန်မာ – ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတား ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

(ဒလ)မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ (ဒလ)တံတားအား ကိုရီးယားသမ္မတနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ EDCF Loan ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာအစိုးရ ထည့်ဝင်ငွေ ၃၀ ဒသမ ၃၄၁ သန်း စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၃ သန်း အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားမှာ မြန်မာနိုင်ငံရှိ သံမဏိကြိုးဆိုင်းတံတားများတွင် အကြီးဆုံးနှင့် အရှည်ဆုံး တံတားဖြစ်လာမည်ဖြစ်ပြီး တန်ချိန် တစ်သောင်းခွဲရှိ နိုင်ငံတကာကုန်တင်သင်္ဘောများ တံတားအောက်မှ ဖြတ်သန်းသွားနိုင်ရန် ၄၉ မီတာအမြင့်နှင့် တည်ဆောက်ထားပြီး ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ်ကိုယ်ထည် အပေါ်တွင် သံမဏိကြိုးဆိုင်းတံတား အမျိုးအစားဖြစ်ပြီး တံတားအရှည်စုစုပေါင်း ၆၁၂၈ ပေ ရှိပြီး တံတားခံနိုင်ဝန်(ခွင့်ပြုယာဉ်အလေးချိန်)မှာ ယာဉ်တစ်စီးချင်း(၇၅)တန် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ – ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားကို ၂၀၁၉ ခုနှစ်၊ မေလက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ တံတားကြီး တည်ဆောက်ပြီးစီးခဲ့လျှင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝင်ပေါက်၊ ထွက်ပေါက်တစ်ခုဖြစ်သွားမည်ဖြစ်ပြီး ရန်ကုန်မြစ်ကို ခြားနေသည့် ဒလဘက်ခြမ်းနှင့် ရန်ကုန်ဘက်အခြမ်း တဆက်တည်းဖြစ်သွားမည်ဖြစ်ရာ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ယခုထက် ပိုမို ဖွံ့ဖြိုးတိုးတက်သွားနိုင်ကြောင်း သိရသည်။

အဆိုပါ တံတား ပြီးစီးသွားပါက ရန်ကုန်မြို့မှ တဆင့် ဒလ၊ တွံတေး၊ ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်များသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ပြီး ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများကို အတိုင်းအတာ တစ်ခု အထိ ဖြေရှင်းပေးနိုင်မည်ဟုလည်း ကျွမ်းကျင်သူများက သုံးသပ်ကြခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကနဦးရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၆၁) သန်းစီမံကိန်းများအတွက် MOU များကို MCHEC နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အပါအဝင် ကုမ္ပဏီ(၄)ခုလက်မှတ်ထိုး

မြန်မာ့လယ်ယာထွက်ကုန်စည်များ ပြည်ပသို့ တိုးမြှင့်တင်ပို့ရာတွင် အထောက်အကူပြုနိုင်ရန် ဆိပ်ကမ်းတံတားများနှင့် ကုန်ကိုင်တွယ်စက်ကိ ရိယာများကို ပူးပေါင်းရင်းနှီးမြှုပ်နှံတိုးချဲ့တည် ဆောက်နိုင်ရေးစီမံကိန်းများအတွက် ကနဦးရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၆၁)သန်းရှိ MOU များကို MCHEC နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အပါအဝင် ကုမ္ပဏီ(၄)ခုမှ ဇန်နဝါရီ ၂ ရက်နံနက်ပိုင်းက လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ MOU လက်မှတ်ရေးထိုးပွဲသို့ နစက အဖွဲ့ဝင် ဒု-ဝန်ကြီးချုပ်၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်၍ ရန်ကုန်ဆိပ်ကမ်းအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆန်တင်ပို့မှု တန်ချိန်(၁ ဒသမ...

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဆင့်မြင့်တရားစီရင်ရေးဆိုင်ရာ သင်ကြားရေးဌာနဖြစ်သော Judicial College အဆောက်အဦသစ်ဖွင့်လှစ်

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ပြည်ထောင် စုတရားလွှတ်တော်ချုပ်၏ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဆင့်မြင့်တရားစီရင်ရေးဆိုင်ရာ သင်ကြားရေးဌာနဖြစ်သော Judicial College အဆောက်အဦသစ်အား ဇန်နဝါရီ ၂ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ Judicial College အဆောက်အဦသစ်အား နစက ဥက္ကဋ္ဌ(ကိုယ်စား) နစက အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး တက်ရောက်ဖွင့်လှစ်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ Judicial College အဆောက်အဦသစ်ကြီးကို စတင်ဖွင့်လှစ်နိုင်သဖြင့် တရားစီရင်ရေးမဏ္ဍိုင်အတွက်သာမက နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဝမ်းမြောက်ရပြီး နိုင်ငံများကြားတရားစီရင်ရေးဖလှယ်မှုအစီအစဉ်(Judicial Exchange Programme)သည် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကိုဖြစ်ထွန်းစေရုံသာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက်ပါ အာမခံချက်ပေးနိုင်သည့်...

ထိုင်းမှာ ခရီးသွား ဘတ်စ်ကားတစ်စီး ယာဉ်တို-က်မှုဖြစ်၍ ငါးဦး ‌ေ-သဆုံး

ထိုင်းနိုင်ငံ ယာလာပြည်နယ်မှ ဆမွတ်ဆခွန်သို့ ထွက်ခွာလာသည့် စင်းလုံးငှားဘတ်စ်ကားတစ်စီးသည် ဇန်နဝါရီ ၁ ရက်က ဆူရတ်ဌာနီပြည်နယ် ချိုင်ယာခရိုင်တွင် လမ်းဘေးသစ်ပင်တစ်ပင်ကို ဝင်တို-က်မိခဲ့သောကြောင့် ခရီးသည် ငါးဦး ‌ေ-သဆုံးကာ ၃၀ ဦး ဒဏ်ရာရခဲ့သည်။ ချိုင်ယာခရိုင် ပါဝီမြို့ရှိ ပါဝီလမ်းဆုံအနီး အမှတ် ၄၁ အဝေးပြေးလမ်းပေါ်တွင် ည ၇း၄၁ နာရီကာ ယာဉ်တို-က်မှုဖြစ်ခဲ့ခြင်းဟု ဆိုသည်။ ယာဉ်မောင်းသည် လမ်းမကျွမ်းကျင်သူဖြစ်နိုင်သည်ဟု ရဲက ယူဆပြီး Dee Mee Prom ဘတ်စ်ကားမှာ လမ်းကွေ့အရောက် မထိန်းနိုင်ခဲ့သဖြင့် တိမ်းမှေ-ာက်သွားကာ သစ်ပင်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071