Saturday, November 16, 2024

ရွှေပြည်သာ ၁၄ လမ်းဆုံတွင် ပံ့သကူကောက်သည့်...

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံတွင် ယနေ့ နိုဝင်ဘာ ၁၅ ရက်ည ၈ နာရီခွဲခန့်က ပံ့သကူကောက်သည့် အမျိုးသမီးတစ်ဦးကားတို-က်ခံရပြီး‌ေ-သဆုံးသွားခဲ့ကြောင်း ကနောင်လူမှုကူညီရေးအသင်းထံမှ...

အကြိမ် (၁၁၀) မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ...

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို (၁၁၀) ကြိမ်မြောက်အဖြစ် ယနေ့ နိုဝင်ဘာ (၁၅)ရက်၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက်က အမှတ် (၆)ရပ်ကွက်ရှိ...

နေပြည်တော်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ...

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ယနေ့ နိုဝင်ဘာ ၁၅ ရက်ညပိုင်းက ဆီမီး(၁၀၀၀)ဖြင့်ထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။ ထို့ပြင်...

လာရောက်လည်ပတ်ချိန်တွင် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှုများစွာကိုခံစားမိဟု...

မိမိတို့လာရောက်လည်ပတ်ချိန်တွင် မြန်မာနိုင်ငံ ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှုများစွာကိုခံစားမိသည်ဟု ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ H.E. Mr. Tsydenov Alekesei Sambuevich...
HomeNewsLocal Newsမြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ်တွင်...

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ်တွင် (MACCS) စနစ်ကို ဧပြီ ၁ ရက်တွင် စတင်အသုံးပြု

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ်တွင် (MACCS) စနစ်ကို ဧပြီ ၁ ရက်တွင် စတင်အသုံးပြု

အကောက်ခွန်ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Myanmar Automated Cargo Clearance System (MACCS) စနစ်ကို မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ်တွင် ဧပြီ ၁ ရက်ကစပြီးစတင်အသုံးပြုနေပြီဖြစ်သည်။

အဆိုပါနယ်စပ်ဒေသများ၌ MACCS စနစ်ကို အသုံးပြုခြင်းအားဖြင့် သွင်းကုန်/ ထုတ်ကုန်ရှင်းလင်း ရေးလုပ်ငန်းစဉ်များကို ယခင် Manual စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာမှ Automation စနစ်သို့ ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်သည်ဟုအကောက်ခွန်ဦးစီးဌာနကပြောဆိုထားသည်။

MACCS စနစ်ကြောင့် ကုန်သွယ်မှုလွယ်ကူချောမွေ့ လာမည်ဖြစ်ကာ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။

MACCS စနစ်ကို အဆိုပါ နယ်စပ်ဒေသများ၌ အောင်မြင်စွာ အသုံးပြုဆောင်ရွက် နိုင်ခဲ့ပါက ကျန်ရှိနေသေးသည့် အခြားနယ်စပ်ဒေသ များသို့ပါ ထပ်မံတိုးချဲ့ အသုံးပြုနိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနအနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

MACCS System စနစ်အသုံးပြုခြင်းနှင့် ပတ်သက်ပြီး မူဆယ် ၁၀၅ မိုင်မှ အကောက်ခွန် ညွှန်ကြားရေးမှူး ဦးဖေကြိုင်က အောက်ပါအတိုင်းရှင်းလင်းပြောကြားထားသည်ကိုတွေ့ရှိရသည်။

“မူဆယ်နယ်စပ်ဒေသမှာ MACCS System ကို စတင်ကျင့်သုံးနိုင်ဖို့ အတွက် ၂၀၁၉ -၂၀၂၀ ခုနှစ်တွေမှာ ကြိုးစား လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ဒီစနစ်က ဂျပန် နည်းပညာပိုင်း အကူအညီနဲ့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စနစ် စတင်ကျင့်သုံးနိုင်အောင် လူတွေကို လက်တွေ့ ပြန်ပြီးလေ့ကျင့်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ လားရှိုးမြို့ မှာ သင်တန်းစင်တာထားပြီး Online ကနေ သင်တန်း ရှစ်ကြိမ်ခွဲပြီး သင်ကြားပို့ချခဲ့ပါတယ်။ ဘရိုကာတွေ၊ အေးဂျင့်တွေအနေနဲ့ အချိန်တိုအတွင်းမှာ ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် အားသာချက်တွေ အများကြီးရှိပါတယ်။ အခွန်အကောက်ပေးဆောင်ရာ မှာလည်း ငွေသားကိုင်ဆောင်ပြီး လုပ်ရမှာမဟုတ်တဲ့အတွက် လုံခြုံမှုကအစ အားလုံးအဆင်ပြေကြမှာပါ။ ကုန်စည်ကို ပုံမှန်အတိုင်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ စစ်ဆေးတဲ့အခါ ဝါ၊ စိမ်း၊ နီ ဆိုပြီး ချန်နယ် သုံးမျိုး ရှိပါတယ်။ အော်တိုမေးရှင်းစနစ်နဲ့ ဦးတည်လုပ်ရတဲ့ ရည်ရွယ်ချက်က စာရွက်စာတမ်းတွေ လျှော့ချခြင်း၊ ကုန်စည်ကူးသန်းမှုကို ယခင်ထက် ပိုမိုမြန်ဆန် ချောမွေ့စေခြင်း စတဲ့ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ပြောဆိုထားသည်ကိုတွေ့ရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေပြည်သာ ၁၄ လမ်းဆုံတွင် ပံ့သကူကောက်သည့် အမျိုးသမီးတစ်ဦး ကားတို-က်ခံရပြီး‌ေ-သဆုံး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံတွင် ယနေ့ နိုဝင်ဘာ ၁၅ ရက်ည ၈ နာရီခွဲခန့်က ပံ့သကူကောက်သည့် အမျိုးသမီးတစ်ဦးကားတို-က်ခံရပြီး‌ေ-သဆုံးသွားခဲ့ကြောင်း ကနောင်လူမှုကူညီရေးအသင်းထံမှ သိရသည်။ ရွှေပြည်သာမြို့နယ်၊ ပုလဲလမ်းရှိ ၁၄ လမ်းဆုံတွင် ကားတစ်စီးပေါ်မှပိုက်ဆံကျဲချသည်ကို မိခခင်ဖြစ်သူအပါအဝင် သားအမိ(၄)ဦးကပြေးကောက်စဥ် နောက်မှမောင်းနှင်လာသောကားတစ်စီးမှ အသက်(၄၀)နှစ်ရှိ မိခင်ဖြစ်သူအားဝင်တို-က်မိခဲ့ကြောင်း သိရသည်။ " ကလေ-း(၃)ယောက်ကတော့လွတ်သွားတယ်။ ကြောက်လန့်ပြီးထွက်ပြေးသွားလို့ မနည်းပြန်ရှာခဲ့ရတယ်။ သူတို့ရဲ့အမေကတော့ ကားတို-က်ခံခဲ့ရပါတယ်။ ကားပေါ်ကနေပိုက်ဆံကျဲသွားတာကိုပြေးကောက်ကြရင်း အခုလိုဖြစ်သွားတာ။ သူတို့တွေက အခင်းဖြစ်တဲ့နေရာနားမှာနေကြတဲ့သူတွေပါ။ ဝင်တို-က်မိတဲ့ကားက တို-က်ပြီးမောင်းပြေးသွားတဲ့အနေအထားမှာရှိတယ်။ အခင်းဖြစ်နေရာမှာမတွေ့ဘူး"ဟု ကနောင်လူမှုကူညီရေးအသင်းမှ ကိုသူရိန်ကပြောသည်။ ဖြစ်စဥ်မှ မိခင်ဖြစ်သူမှာ...

အကြိမ် (၁၁၀) မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို (၁၁၀) ကြိမ်မြောက်အဖြစ် ယနေ့ နိုဝင်ဘာ (၁၅)ရက်၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက်က အမှတ် (၆)ရပ်ကွက်ရှိ မဟာဘုံစံဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ (၁၁၀) ကြိမ်မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံ ကထိန် ဆက်ကပ်လှူဒါန်းရာတွင် စေတနာ ရှင်အလှူရှင်များက အလှူငွေနှင့် လှူဖွယ်ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ်သိန်းသုံးရာခန့် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ မဟာဘုံကထိန်အလှုတွင် တက်ရောက်လာသူများက နမော တဿ (၃)ကြိမ် ရွတ်ဆိုအခမ်းအနားကို ဖွင့်လှစ်ပြီး မဟာဘုံစံကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တစာရိ...

နေပြည်တော်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဆီမီး(၁၀၀၀)ဖြင့်ထွန်းညှိပူဇော်

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ယနေ့ နိုဝင်ဘာ ၁၅ ရက်ညပိုင်းက ဆီမီး(၁၀၀၀)ဖြင့်ထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။ ထို့ပြင် နစက ဥက္ကဋ္ဌနှင့်ဇနီး၊ နစက ဒု-ဥက္ကဋ္ဌနှင့်ဇနီး၊ တက်ရောက်လာကြသူများက စေတီတော်မြတ်ကြီးအား ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိပူဇော်ကာ ပန်း၊ ရေချမ်းများကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း၌လည်း တန်ဆောင်တိုင်မီးထွန်းပွဲတော်အထိမ်းအမှတ်အဖြစ် လမ်း၊ အဆောက်အဦများ၊ ပန်းအလှ သစ်ပင်များတွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ကို ပျော်ပွဲရွှင်ပွဲများဖြင့်ကျင်းပလျက်ရှိကြောင်း သိရသည်။ ထို့အတူ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည် နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးတော်များတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071