မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဟနွိုင်းမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နစက ဥက္ကဋ္ဌမှ ယနေ့ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီးအား နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဥ် ကာကွယ်ရေးဆိုင်ရာများတွင် ပူး ပေါင်းဆောင်ရွက်မှုများအား ပိုမိုမြှင့်တင်ရန်၊ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးနှင့်ကုန်သွယ်မှုများမြှင့်တင်ဆောင်ရွက်ရေး၊ ပညာ ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆေးဝါး၊ စက်မှုနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ အခြား နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်ရေး၊ ကျောင်းသား၊ ကျောင်းသူများအား လေ့လာရခရီးစဥ်စေလွှတ်ရာတွင်သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပညာတော်သင်များကိုစေလွှတ်နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။