မြန်မာ-ဘီလာရုစ်နှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံ၌ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်လျက်ရှိမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘီလာရုစ်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Lt. Gen. Viktar Gennadyevich Khrenin တို့ဆွေးနွေးခဲ့ကြသည်။
နစက ဥက္ကဋ္ဌမှ ဘီလာရုစ်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးအား မတ် ၂၈ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် မြန်မာ-ဘီလာရုစ်နှစ်နိုင်ငံကြား သံတမန်ဆက်ဆံမှု(၂၅)နှစ်ပြည့်မြောက်ခဲ့ပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးတက်ကောင်းမွန်လျက်ရှိမှု၊ နစက ဥက္ကဋ္ဌ၏ ဘီလာရုစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း သဘောတူညီချက်ရရှိခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုတို့အား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ စိုက်ပျိုး ရေးနှင့်မွေးမြူရေးကဏ္ဍ၊ ကုန်ထုတ်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုနှင့် အပြန်အလှန်ကုန်သွယ်ရေးက ဏ္ဍ၊ စက်မှုကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ဆေးဝါးထုတ် လုပ်ရေးကဏ္ဍတို့အပါအဝင် အခြားကဏ္ဍပေါင်း စုံ၌ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ အနာဂတ်ကာလတွင် ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုခိုင်မြဲစေရေးဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံကြားအဆင့်မြင့်အရာရှိကြီးများ ချစ်ကြည်ရေးခရီးစဉ်များအပြန်အလှန် သွားရောက်ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုအခြေအနေများနှင့် တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် နိုင်ငံ ရေးခေတ်စနစ်အမျိုးမျိုးကိုတွေ့ကြုံခဲ့ရပြီး ပြည်တွင်း၊ပြည်ပအန္တရာယ်အမျိုးမျိုးကို အကြိမ်ကြိမ်ကာကွယ်စောင့်ရှောက်ခဲ့မှု၊ လွတ်လပ်ပြီး တရားမျှ တသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နစက ဥက္ကဋ္ဌထံသို့ ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာအလက်ဇန္ဒား လူကာရှန်ကိုမှ ပေးအပ်လိုက်သည့် မြန်မာနိုင်ငံ၏နှစ်(၈၀)ပြည့်တပ်မတော်နေ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ဘီလာရုစ်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးက လက် ရောက်ပေးအပ်ခဲ့သည်။