မြန်မာ-ရုရှားနှစ်နိုင်ငံ စစ်ဘက်နည်းပညာနှင့် အာကာသနည်းပညာဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ၊ ဒု-ကာကွယ်ရေးဝန်ကြီး Col. Gen. Aleksandr Vasilyevich FOMIN တို့ဆွေးနွေးခဲ့ကြသည်။
နစက ဥက္ကဋ္ဌမှ ယနေ့ မတ် ၂၈ ရက်နံနက်ပိုင်းက ရုရှားနိုင်ငံ၊ ဒု-ကာကွယ်ရေးဝန်ကြီးအား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် မြန်မာ-ရုရှားနှစ်နိုင်ငံကြား ရှည်ကြာသည့်သံတမန်ဆက်ဆံမှုရှိပြီး ကောင်းမွန်တိုးတက်သည့် ပူးပေါင်းဆောင်ရွက်မှုများနှင့် ချစ်ကြည်ရင်း နှီးမှုများ ပိုမိုတိုးတက်ကောင်းမွန်လျက်ရှိမှု၊ နစက ဥက္ကဋ္ဌ ရုရှားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေး ခရီးစဉ်သွားရောက်စဉ်အတွင်း ရုရှားနိုင်ငံသမ္မ တ မစ္စတာဗလာဒီမာ ပူတင်နှင့်တွေ့ဆုံဆွေးနွေး၍ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးနိုင်ခဲ့မှုတို့အား ဆွေးနွေးခဲ့ကြသည်။
ထို့အတူ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား တပ်မ တော်(ရေ)မှစစ်ရေယာဉ်များ ချစ်ကြည်ရေးခရီးများအပြန်အလှန်လည်ပတ်လျက်ရှိမှု၊ စစ်ဘက်နည်းပညာနှင့် အာကာသနည်းပညာဆိုင်ရာများတွင် ပူး ပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံအတွက်လိုအပ်သည့် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေး စစ်ဘက်နှင့် အရပ်ဘက်ပညာတော်သင်များ ရုရှားနိုင်ငံတွင် ပ ညာသင်ကြားလျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နိုင်ငံတကာတွင် ရုရှားနိုင်ငံအနေဖြင့် မြန်မာ နိုင်ငံဘက်မှ ရပ်တည်ပေးလျက်ရှိသကဲ့သို့ မြန်မာ နိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးလျက်ရှိမှု၊ မြန်မာနိုင်ငံသည် လွတ် လပ်၍တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိမှုနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့်အညီ ဆောင် ရွက်လျက်ရှိမှုကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ကာကွယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေးနယ်ပယ်များသာမက အခြားနယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုများကို နှစ်ပေါင်းများစွာတိုးတက်ခိုင်မြဲကောင်းမွန်စေရေး ရည်မှန်းဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ နစက ဥက္ကဋ္ဌမှ နှစ်(၈၀)ပြည့်တပ်မတော်နေ့အခမ်းအနားသို့တက်ရောက်ခဲ့မှုနှင့် ရုရှားနိုင်ငံသံစုံတီးဝိုင်းအဖွဲ့မှလည်း မြန်မာနိုင်ငံသို့လာရောက်၍ ဂုဏ်ပြုဖျော်ဖြေတင်ဆက်ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံမှ လှိုက်လှဲစွာကြိုဆိုပါကြောင်းလည်း ပြောကြားခဲ့သည်။