Friday, November 15, 2024

တရုတ်၊ရုရှားတရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမြှင့်မည်

ပေကျင်း၊နိုဝင်ဘာ ၁၄ တရုတ်နှင့်ရုရှားတို့သည် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုယန္တရား၏ ၉ ကြိမ်မြောက် အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ပေကျင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။ ယင်းအစည်းအဝေးကို တရုတ်ကွန်မြူနစ်ပါတီ (စီပီစီ) ၏အကြီးတန်းအရာရှိ...

တိုက်ဖွန်းအူဆာဂီနီးလာ၍ထိုင်ဝမ်၌ သတိပေးချက်ထုတ်ပြန်ထားရ

တိုင်ပေ၊နိုဝင်ဘာ ၁၄ ထိုင်ဝမ်သို့ တိုက်ဖွန်းအူဆာဂီနီးကပ်လာသဖြင့် ထိုင်ဝမ်မိုး‌လေဝသဌာနက မူလကထုတ်ပြန်ထားသည့် ပင်လယ်ရေပြင်သတိပေးချက်အပြင် ယခုအခါ ကုန်းတွင်းပိုင်းမြေပြင်အတွက်ပါ ထပ်တိုးသတိပေးချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်။ ကြာသပတေးနေ့၊ညနေ ၆ နာရီတွင် တိုက်ဖွန်းမုန်တိုင်း၏ဗဟိုသည် ကျွန်း၏တောင်ဘက်စွန်းအရှေ့တောင်ဘက်...

မုန်တိုင်းမပြတ်ဖြစ်နေသော ဖိလစ်ပိုင်ကို စူပါတိုက်ဖွန်း ထပ်ဝင်မည်

စူပါတိုက်ဖွန်း အူဆာဂီ မဝင်ရောက်မီ နိုင်ငံအရှေ့မြောက်ပိုင်းရှိ မြို့များတွင် ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်းများဆောင်ရွက်ရန် ဖိလစ်ပိုင်အာဏာပိုင်များက ကြာသပတေးနေ့(နိုဝင်ဘာ ၁၄) တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ မုန်တိုင်းမပြတ်ဖြစ်နေသော...

တာချီလိတ်မြို့တွင် ဖုန်းဆိုင်အတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ကာလုယက်မှုကျူးလွန်သူ(၄)ဦးကို အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် နိုဝင်ဘာ ၁၃ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ဖုန်းဆိုင်အတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ကာလုယက်မှုကျူးလွန်သူ အမျိုးသား(၄)ဦးအား အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း...
HomeNewsLocal Newsမြန်မာ-ရုရှား ဘဏ်လုပ်ငန်းအပါအဝင် အနာဂတ်...

မြန်မာ-ရုရှား ဘဏ်လုပ်ငန်းအပါအဝင် အနာဂတ် ၌ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများကိုဆွေးနွေး

မြန်မာ-ရုရှား ဘဏ်လုပ်ငန်းအပါအဝင် အနာဂတ် ၌ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများနှင့်ပတ်သက်၍ နစက ၏ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ Mr. Alexey Sambuevich Tsydenov တို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နစက အဖွဲ့ဝင်၊ ဒု-ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒု-ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်တို့ ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများနှင့် ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲတို့သည် နိုဝင်ဘာ ၁၄ ရက်နေ့လည်ပိုင်းက တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံစဉ် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံကြား လေကြောင်းခရီးသွားလာမှုနှင့် ပြည်သူအချင်းချင်းဆက်ဆံမှုတိုးမြှင့်ရေး၊ ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ သာသနာရေးနှင့်ယဉ်ကျေးမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စက်မှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်အလားအလာများကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒု-ဝန်ကြီးချုပ်များနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

spot_img

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results!

Continue reading

တရုတ်၊ရုရှားတရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမြှင့်မည်

ပေကျင်း၊နိုဝင်ဘာ ၁၄ တရုတ်နှင့်ရုရှားတို့သည် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုယန္တရား၏ ၉ ကြိမ်မြောက် အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ပေကျင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။ ယင်းအစည်းအဝေးကို တရုတ်ကွန်မြူနစ်ပါတီ (စီပီစီ) ၏အကြီးတန်းအရာရှိ ချန်ဝမ်ချင်းက ရုရှားဖက်ဒရေးရှင်းလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုဂူနှင့် ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ဟုသိရသည်။ မစ္စတာချန်က မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံခေါင်းဆောင်များသည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးကြီးသော သဘောတူညီချက်များ ဆက်တိုက်ရရှိခဲ့သကဲ့သို့ နှစ်နိုင်ငံဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးခေတ်သစ်အတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံဆက်ဆံရေးသည်လည်း စဉ်ဆက်မပြတ်ဆက်လက်ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်ဟုပြောကြားခဲ့သည်။ ယခုနှစ်သည် တရုတ်-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှု ၇၅ နှစ်မြောက်နှစ်လည်းဖြစ်ပြီး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး ယန္တရားကို စတင်တည်ထောင်ပြီးကတည်းက နှစ်နိုင်ငံ သက်ဆိုင်ရာဌာနများအနေဖြင့် နိုင်ငံရေးလုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့်...

တိုက်ဖွန်းအူဆာဂီနီးလာ၍ထိုင်ဝမ်၌ သတိပေးချက်ထုတ်ပြန်ထားရ

တိုင်ပေ၊နိုဝင်ဘာ ၁၄ ထိုင်ဝမ်သို့ တိုက်ဖွန်းအူဆာဂီနီးကပ်လာသဖြင့် ထိုင်ဝမ်မိုး‌လေဝသဌာနက မူလကထုတ်ပြန်ထားသည့် ပင်လယ်ရေပြင်သတိပေးချက်အပြင် ယခုအခါ ကုန်းတွင်းပိုင်းမြေပြင်အတွက်ပါ ထပ်တိုးသတိပေးချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်။ ကြာသပတေးနေ့၊ညနေ ၆ နာရီတွင် တိုက်ဖွန်းမုန်တိုင်း၏ဗဟိုသည် ကျွန်း၏တောင်ဘက်စွန်းအရှေ့တောင်ဘက် ကီလိုမီတာ ၄၀၀ ခန့်အကွာတွင် တည်ရှိနေရာမှ အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၁၁ ကီလိုမီတာမှ ၁၈ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားလာခဲ့ကြောင်းပြောကြားခဲ့သည်။မုန်တိုင်းဗဟိုချက်အနီးတွင် အမြန်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၅၅ ကီလိုမီတာဖြစ်သည်ဟုလည်းဆိုသည်။ မိုးလေဝသဌာန အ‌နေဖြင့် အူဆာဂီ၏ ခန့်မှန်းမရသောလမ်းကြောင်းကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး ပြည်သူများသည်လည်း တိုက်ဖွန်းမုန်တိုင်း၏ ရွေ့လျားမှုဆိုင်ရာနောက်ဆုံးသတင်းများကို သတိထားစောင့်ကြည့်နေထိုင်ရန်ကိုပါအကြံပြုထားသည်။ လတ်တလောအ‌ခြေအနေအရ ထိုင်ဝမ်တစ်ဝန်း ကူးတို့ဝန်ဆောင်မှုနှင့် လေယာဉ်ခရီးစဉ်အများအပြားကို...

မုန်တိုင်းမပြတ်ဖြစ်နေသော ဖိလစ်ပိုင်ကို စူပါတိုက်ဖွန်း ထပ်ဝင်မည်

စူပါတိုက်ဖွန်း အူဆာဂီ မဝင်ရောက်မီ နိုင်ငံအရှေ့မြောက်ပိုင်းရှိ မြို့များတွင် ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်းများဆောင်ရွက်ရန် ဖိလစ်ပိုင်အာဏာပိုင်များက ကြာသပတေးနေ့(နိုဝင်ဘာ ၁၄) တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ မုန်တိုင်းမပြတ်ဖြစ်နေသော နိုင်ငံတွင် တစ်လအတွင်း ပဉ္စမမြောက်မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်နေရခြင်းဖြစ်သကဲ့သို့ ယခုသီတင်းပတ်အနှောင်းပိုင်းတွင်လည်း ဆဋ္ဌမမြောက်မုန်တိုင်း ထပ်ဝင်ရန် ရှိနေသည်ဟု သိရသည်။ ယခင်တိုက်ဖွန်းများကြောင့် ၎င်းတို့မြို့များရေမြုပ်ခဲ့ဖြင့် ရေဘေးရှောင်ခဲ့ရသူများအပါအဝင် ကာဂါယန်ပြည်နယ်တွင် လူပေါင်း ၂၄,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့သည်ဟု အစိုးရ၏ ကိန်းဂဏန်းအချက်အလက်များက ဖော်ပြသည်။ ဘေးလွတ်ရာ ရွှေ့ပြောင်းမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဟုလည်း သိရသည်။ ဒေသတွင်း၌ အိုဖဲလ်ဟု သိကြသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results!