Sunday, January 5, 2025

ရန်ကုန်မြို့၌ ယနေ့နံနက်ပိုင်းတွင် မိနစ်ပိုင်းသာခြား၍ မီးလောင်မှုနှစ်ခုဖြစ်ပွား

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့်ရွှေပြည်သာမြို့နယ်တို့တွင် ယနေ့ ဇန်နဝါရီ ၅ ရက်နံနက်ပိုင်းက မိနစ်ပိုင်းသာခြား၍ မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် ယနေ့...

စွမ်းအင်ဝန်ကြီးဌာနမှ နေပြည်တော်တွင် ဓာတ် ဆီအရောင်းဆိုင်ဖွင့်လှစ်

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ် ငန်းသိုလှောင်ဖြန့်ဖြူးရေးဌာနမှ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီးဘေးတွင် ဓာတ်ဆီအရောင်းဆိုင်အမှတ်(၀၃၅၄)ကို ဇန်နဝါရီ ၄ ရက်မှစတင်၍ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ထိုသို့ ရောင်းချရာ၌ သုံးဘီးဆိုင်ကယ်နှင့်...

ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ် တို့ကို...

ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၏ သဘင်ဆောင်၌ ကျင်းပသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊...

သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ(၃၄)ဦးကို နစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်း

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ(၃၄)ဦးကို နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ ဇန်နဝါရီ ၄ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...
HomeNewsLocal Newsမြန်မာ - လာအို...

မြန်မာ – လာအို နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍ တိုးတက်မှုများကို သုံးသပ်ဆွေးနွေး

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီး မစ္စတာ ငွန်းဆဲန် ခမ်ဒါလာဗွန်တို့ တွေ့ဆုံကာ မြန်မာ – လာအို နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံရေးဖြစ်ပေါ်တိုးတက်မှုများကို သုံးသပ်ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော လာအိုနိုင်ငံသံအမတ်ကြီး မစ္စတာ ငွန်းဆဲန် ခမ်ဒါလာဗွန်အား အောက်တိုဘာ (၃၀)ရက် နေ့လယ် (၁)နာရီအချိန်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲ အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးဖြစ်ပေါ်တိုးတက်မှုများ၊ နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အထူးသဖြင့် မြန်မာ-လာအို နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုအစရှိသည့် ကိစ္စရပ်များသာမက ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စတို့အပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်မြို့၌ ယနေ့နံနက်ပိုင်းတွင် မိနစ်ပိုင်းသာခြား၍ မီးလောင်မှုနှစ်ခုဖြစ်ပွား

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့်ရွှေပြည်သာမြို့နယ်တို့တွင် ယနေ့ ဇန်နဝါရီ ၅ ရက်နံနက်ပိုင်းက မိနစ်ပိုင်းသာခြား၍ မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် ယနေ့ ဇန်နဝါရီ ၅ ရက်နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က နေအိမ်မီးလောင်မှုဖြစ်ပွား၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၄ နာရီ ၂၈ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၄ နာရီခွဲ၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ ဇန်နဝါရီ ၅...

စွမ်းအင်ဝန်ကြီးဌာနမှ နေပြည်တော်တွင် ဓာတ် ဆီအရောင်းဆိုင်ဖွင့်လှစ်

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ် ငန်းသိုလှောင်ဖြန့်ဖြူးရေးဌာနမှ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီးဘေးတွင် ဓာတ်ဆီအရောင်းဆိုင်အမှတ်(၀၃၅၄)ကို ဇန်နဝါရီ ၄ ရက်မှစတင်၍ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ထိုသို့ ရောင်းချရာ၌ သုံးဘီးဆိုင်ကယ်နှင့် ဆိုင်ကယ်ဆီများကို ပေါက်ဈေးထက်သက်သာသည့်ဈေးနှုန်းဖြင့် လာရောက်ဝယ်ယူသူများကို တိုက် ရိုက်ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ " ဓာတ်ဆီအမျိုးအစား (RON-68) တစ်လီတာကို (၂၂၀၀)ကျပ်နဲ့ စပြီးရောင်းချပေးနေပါတယ်။ ဒီဆီကို သုံးဘီးဆိုင်ကယ်တွေ ဆိုင်ကယ်တွေမှာသုံးသလို အိမ်သုံး၊ လုပ်ငန်းသုံး၊ ရုံးသုံးမီးစက်တွေ၊ စက်လှေတွေမှာလည်းသုံးလို့ရပါတယ်။ အခု စက်သုံးဆီအရောင်းဆိုင်ကို မနက် ၆ နာရီကနေ ည ၆ နာရီအထိ...

ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ် တို့ကို အကောင်အထည်ဖော်ရာတွင် အသိပညာရှင်၊ အတတ်ပညာရှင်၊ တိုင်းရင်းသားပြည်သူများ ပူး‌ပေါင်းပါဝင်ရန် နစက ဥက္ကဋ္ဌ တိုက်တွန်း

ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၏ သဘင်ဆောင်၌ ကျင်းပသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခဲ့သည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသက်တမ်းသည် (၇၇)နှစ်တိုင်ခဲ့ပြီဖြစ်သော်လည်း ပြည်တွင်း/ပြည်ပ ပယောဂများကြောင့် ပဋိပက္ခများနှင့်အ တူ ယနေ့ကာလအထိ တည်ငြိမ်အေးချမ်းမှု အားနည်းနေဆဲဖြစ်၍ လွတ်လပ်ရေးကို ထာဝစဉ်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည့်တာဝန်သည် မိမိတို့အားလုံးအတွက် သမိုင်းပေးတာဝန်ဖြစ်သည်ဟု ပြောသည်။ " လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်တာအပြင် လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင် ရွက်ခဲ့ကြသူတွေရဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071