Saturday, December 21, 2024

Call centre မှတဆင့် စားအုန်းဆီမှာယူသူ...

စားအုန်ဆီကို (Door to Door) စနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ တစ်ရက်လျှင် Call centre မှတဆင့် စားအုန်းဆီမှာယူသူ (၁၀၀၀၀၀) အထိ...

IBEC ဗုဒ္ဓတက္ကသိုလ်နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ် ၏...

IBEC Buddhist University (IBEC)နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တို့၏ ဒုတိယအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားအား ယနေ့ ဒီဇင်ဘာ ၂၁ ရက်နံနက် ၈ နာရီက IBEC...

မိုးမောက်မြို့နယ်အတွင်း ဒေသခံစစ်ရှောင် (၁၀,၀၀၀)ကျော် ခိုလှုံရာနေရာများ...

ဗန်းမော်မြို့ ၊ တိုက်ပွဲကြောင့် မိုးမောက်မြို့ အတွင်းသို့ တိမ်းရှောင်လာသော ဒေသခံစစ်ဘေးရှောင် (၁၁,၀၀၀)ကျော် ခိုလှုံရာနေရာများ အခက်အခဲဖြစ်ပေါ်နေသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။ မိုးမောက်မြို့သည်...

ရုပ်ရှင်ဥပဒေကို ပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်

နစက မှ ဒီဇင်ဘာ ၂၀ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၅၉/ ၂၀၂၄ ဖြင့် ရုပ်ရှင်ဥပဒေအား ပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ရုပ်ရှင်ဥပဒေ ပုဒ်မ...
HomeNewsLocal Newsမြန်မာ-လာအို နှစ်နိုင်ငံအကြား ဘုံအကျိုးဖြစ်ထွန်းစေမည့်...

မြန်မာ-လာအို နှစ်နိုင်ငံအကြား ဘုံအကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်စွမ်းကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်မည်

မြန်မာ-လာအို နှစ်နိုင်ငံအကြား ဘုံအကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်စွမ်းအားအစရှိသည့် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံတော်ဆိုင်ရာ အထူး အာဏာကုန်လွှဲအပ်ခြင်းခံရသော လာအိုနိုင်ငံသံအမတ်ကြီး မစ္စတာ ဘွန်ဖီယန် ကျန်ထဝုန်တို့ တွေ့ဆုံကာ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူး အာဏာကုန်လွှဲအပ်ခြင်းခံရသော လာအိုနိုင်ငံသံအမတ်ကြီး မစ္စတာ ဘွန်ဖီယန် ကျန်ထဝုန် အား ဒီဇင်ဘာ (၂၀) ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော လာအိုနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာ-လာအို နှစ်နိုင်ငံအကြား သမိုင်းကြောင်းအစဉ်အလာအရ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို တည်ရှိပြီး နှစ်နိုင်ငံယန္တရားများမှတစ်ဆင့် ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံဘုံအကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်စွမ်းအား အစရှိသည့် ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့အပေါ် ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Call centre မှတဆင့် စားအုန်းဆီမှာယူသူ တစ်ရက်လျှင် (၁၀၀၀၀၀) အထိ ရှိဟုဆို

စားအုန်ဆီကို (Door to Door) စနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ တစ်ရက်လျှင် Call centre မှတဆင့် စားအုန်းဆီမှာယူသူ (၁၀၀၀၀၀) အထိ အမှာစာရရှိကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဆန်းလင်းက ပြောသည်။ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " စက်မှုဇုန်မှာလုပ်တဲ့ ဝန်ထမ်းတွေ အဆင်ပြေပြေဝယ်ယူနိုင်ဖို့အတွက် အိမ်တိုင်ရာရောက် စားအုန်းဆီရောင်းချတဲ့စနစ်ကို အကောင်အထည်ဖော်ပါတယ်။ စားအုန်းဆီကို စားသုံးသူတွေရဲ့လက်ထဲ လက်ဝယ်ဖြန့်ဖြူးမှုက စမ်းသပ်ကာလမှာ အဆင်ပြေတယ်လို့ ပြောလို့ရတယ်။ ကျန်တဲ့စားသုံးသူတွေကအဆင်ပြေစေဖို့အတွက် ဆီဝယ်ယူခွင့်စာအုပ်နဲ့ ဖြန့်ဖြူးရောင်းချပါတယ်။ ဒီစနစ်က အင်မတန်အဆင်ပြေတဲ့စနစ်ပါ"...

IBEC ဗုဒ္ဓတက္ကသိုလ်နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ် ၏ ဒုတိယအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားသို့ သီတဂူဆရာတော်ကြီးကြွရောက်

IBEC Buddhist University (IBEC)နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တို့၏ ဒုတိယအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားအား ယနေ့ ဒီဇင်ဘာ ၂၁ ရက်နံနက် ၈ နာရီက IBEC ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ သီတဂူဆရာတော်ကြီးကြွရောက်တော်မူခဲ့သည်။ ထိုသို့ ကြွရောက်တော်မူပြီးနောက် သက်ဆိုင်ရာနယ်ပယ်အလိုက် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရရှိသူများ၊ မဟာဝိဇ္ဇာဘွဲ့၊ ဝိဇ္ဇာဘွဲ့နှင့် ဒီပလိုမာလက်မှတ်ရရှိသူများကို သီတဂူဆရာတော်ကြီးမှ ဘွဲ့လက်မှတ်များချီးမြှင့်ပေးအပ်တော်မူခဲ့သည်။ အဆိုပါ IBEC ဘွဲ့နှင်းသဘင်ခန်းမ၌ ဘွဲ့နှင်းသဘင်ကျင်းပပြီးချိန်နှင့် ဒီဇင်ဘာ ၂၂ ရက်(မနက်ဖြန်)တို့တွင် မြတ်စွာဘုရားရှင်ထားတော်မူခဲ့သည့် သုံးဖြာသောသာသနာတော်မြတ်ကြီးဖွံ့ဖြိုးတိုးတက်စေရန် "ဗုဒ္ဓသာသနာနှင့် ယနေ့ကမ္ဘာ" ခေါင်းစဉ်ဖြင့် ယနေ့ဖြစ်ပေါ်လျက်ရှိသော ကမ္ဘာကြီး၏အခြေအနေအား ဗုဒ္ဓသာသနာရှုထောင့်မှ သုတေသနပြုလုပ်သုံးသပ်တင်ပြမည့်...

မိုးမောက်မြို့နယ်အတွင်း ဒေသခံစစ်ရှောင် (၁၀,၀၀၀)ကျော် ခိုလှုံရာနေရာများ အခက်အခဲဖြစ်ပေါ်နေ

ဗန်းမော်မြို့ ၊ တိုက်ပွဲကြောင့် မိုးမောက်မြို့ အတွင်းသို့ တိမ်းရှောင်လာသော ဒေသခံစစ်ဘေးရှောင် (၁၁,၀၀၀)ကျော် ခိုလှုံရာနေရာများ အခက်အခဲဖြစ်ပေါ်နေသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။ မိုးမောက်မြို့သည် ဗန်းမော်ခရိုင်အတွင်းပါရှိသည့် အစိုးရရုံးစိုက်ရာမြို့ဖြစ်ကာ လက်ရှိတွင် KIO က ထိန်းချုပ်ထားသည့်မြို့တစ်မြို့လည်းဖြစ်သည်။ လက်ရှိတွင် ဒေသခံများအနေဖြင့် မိုးမောက်မြို့အတွင်းရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြသည့်အပြင် တချို့မှာလည်း ကျေးရွာများအတွင်းရှိ မိသားစုနည်းသည့် နေအိမ်များတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။ စစ်ရှောင်ဦးရေမှာနေ့စဉ်နှင့်အမျှတိုးလာနေပြီး၊ ကနဦးရောက်ရှိလာသည့် စစ်ရှောင် (၄,၀၀၀)ကျော်ကို နေရာချပေးရန်ပင် အခက်အခဲများရှိနေကြောင်း စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသည့်ဒေသခံတစ်ဦးက ဆိုသည်။ ယခုလ ဒီဇင်ဘာ (၄)ရက်မှ စတင်ဖြစ်ပွားခဲ့သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071