Wednesday, January 15, 2025

လှိုင်သာယာတွင် ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အသုံးပြု၍ သောက်သုံးရေစတင်ပေးဝေ

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းမှစတင်ကာ ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အသုံးပြု၍ သောက်သုံးရေစတင်ပေးဝေလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အား ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ လှိုင်သာယာ(အရှေ့ပိုင်း)မြို့ နယ်၊...

ဖားကန့် ကျောက်စိမ်းလုပ်ကွက် စွန့်ပစ်နွံကန် ပြိုကျမှုဖြစ်စ...

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ဆိပ်မူကျေးရွာအုပ်စု ၊ စပေါ့ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ကျောက်စိမ်းလုပ်ကွက် စွန့်ပစ်နွံကန်ပြို့ကျမှုဖြစ်စဉ်မှ ပျောက်ဆုံးနေသူများအား ရှာဖွေမှုများ လုပ်ဆောင်လျက်ရှိရာဇန်နဝါရီ...

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင်...

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဘန်လက်ခ် ကပြောသည်။ AFC Women's Futsal Asain Cup 2025 China...

EAO များအတွင်း Coordination and...

EAO များအတွင်း Coordination and Cooperation (ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း) ပိုမိုရရှိလာစေရေးအပါအဝင် အချက်(၅)ချက်ကို 7 EAO Alliance ၏ (၃/၂၀၂၅)...
HomeNewsLocal Newsမြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို...

မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန်ဆွေးနွေး

မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကိုနှင့် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavanh Phomvihane တို့ဆွေးနွေးခဲ့ကြသည်။

လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန်အပ်ခြင်းခံခဲ့ရသည့် H.E. Mr. Thongsavanh Phomvihane အား မြန်မာသံအမတ်ကြီးမှ ဇန်န ဝါရီ ၁၃ ရက်နေ့လည် ၃ နာရီက သွားရောက်တွေ့ ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံစဥ် မြန်မာ-လာအို နှစ်နိုင်ငံကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ် နှံမှု၊ စွမ်းအင်၊ အလုပ်သမားနှင့် ပြည်သူအချင်း ချင်းထိတွေ့ဆက်မှုအပါအဝင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-လာအိုနှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ယန္တရားအစည်းအဝေးများ ပုံမှန်ပြန်လည်ကျင်းပသွားရေးနှင့် ဆက်လက်၍ အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံကြား ခိုင်မာစွာ အပြန်အလှန်ထောက်ခံရပ်တည်သွားနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လှိုင်သာယာတွင် ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အသုံးပြု၍ သောက်သုံးရေစတင်ပေးဝေ

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းမှစတင်ကာ ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အသုံးပြု၍ သောက်သုံးရေစတင်ပေးဝေလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အား ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ လှိုင်သာယာ(အရှေ့ပိုင်း)မြို့ နယ်၊ (၇)ရပ်ကွက်ရှိ တေးဥယျာဉ်မင်္ဂလာကန်တော်တွင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး သောက်သုံးရေစတင်ပေးဝေခြင်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း တက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်ပြီးနောက် ကန်အတွင်းမှရေများအားအနည်ချစနစ်ပြုလုပ်သည့် PE ရေတိုင်ကီကြီး(၂)လုံးနှင့် ပိုးသတ်စနစ်ပြုလုပ်သည့် PE ရေတိုင်ကီကြီး(၂)လုံးတို့ဖြင့် အဆင့်ဆင့်သန့်စင်၍ သောက်သုံး‌ရေစတင်ပေးဝေနေမှုနှင့် မင်္ဂလာကန်တော်တို့ကို ကြည့်ရူစစ်ဆေးခဲ့သည်။ အဆိုပါ တေးဥယျာဉ်မင်္ဂလာကန်တော်သည်(၂ ဒဿမ ၁)ဧက ကျယ်၀န်းပြီး ရေသိုလှောင်နိုင်မှုပမာဏမှာ(၅ ဒဿမ ၁၀)ဂါလံသန်းဖြစ်ပြီး ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အား ရပ်ကွက်အတွင်းရှိ ပြည်သူ(၃၇၁၁၇)ဦးနှင့်အနီးနားရှိရပ်...

ဖားကန့် ကျောက်စိမ်းလုပ်ကွက် စွန့်ပစ်နွံကန် ပြိုကျမှုဖြစ်စ ဉ်မှ ရုပ်အ‌ေ-လာင်း (၆)‌ေ-လာင်း ထပ်မံတွေ့ရှိ

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ဆိပ်မူကျေးရွာအုပ်စု ၊ စပေါ့ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ကျောက်စိမ်းလုပ်ကွက် စွန့်ပစ်နွံကန်ပြို့ကျမှုဖြစ်စဉ်မှ ပျောက်ဆုံးနေသူများအား ရှာဖွေမှုများ လုပ်ဆောင်လျက်ရှိရာဇန်နဝါရီ (၁၄)ရက် ရုပ်အ‌ေ-လာင်း (၆)‌ေ-လာင်း ထပ်မံတွေ့ရှိခဲ့ကြောင်း မြေပြ င်ဆယ်ကယ်ရေးဆောင် ရွက်ပေးနေသူတစ်ဦးထံ သိရသည်။ ယမန်နေ့ ရှာဖွေကယ်ဆယ်မှုတွင် လူကြီးရုပ်အ‌ေ-လာင်း (၅) ‌ေ-လာင်းနှင့် ကလေးရုပ်အ‌ေ-လာင်း(၁)‌ေ-လာင်း ထပ်မံရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ နွံကန်ပြိုကျမှုဖြစ်စဥ်သည် ဇန်နဝါရီ(၁၃)ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနီးဝန်းကျင်ရှိ နေအိမ်ဆယ်နှင့်ချီ နွံဖုံးသွားခဲ့ကာ လူပေါင်းရာနှင့်ချီကာ ‌ေ-သဆုံးနိုင်ကြောင်း ဒေသခံများက ခန့်မှန်းထားကြသည်။ ဇန်နဝါရီ(၁၃)ရက်နေ့က ရှာဖွေကယ်ဆယ်ရေးများ...

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ်ပြော

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဘန်လက်ခ် ကပြောသည်။ AFC Women's Futsal Asain Cup 2025 China (Qualifiers)ပွဲ၏ အုပ်စု(D)ပွဲစဥ်များအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲအား ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့လည် ၁ နာရီက သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်စဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့ အိမ်ကွင်းပရိသတ်ရှေ့မှာ ရလဒ်ကောင်းတွေရဖို့ကြိုးစားပါမယ်။ ဒီပွဲအတွက် ကြို တင်ပြင်ဆင်မှုတွေအများကြီးလုပ်ထားသလို ပြိုင်ပွဲအတွက်လည်း အသင့်ဖြစ်နေပါပြီ"ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဘန်လက်ခ် ကပြောသည်။ ထို့ပြင် အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲစဥ်တိုင်းကို အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကာ အုပ်စု(D)တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071