Sunday, December 29, 2024

ရုရှားဓါတ်ငွေ့ပေးပို့မှုကိုရပ်လျှင်ယူကရိန်းကိုဓါတ်အားဖြတ်မည်–ဆလိုဗက်

ဇန်နဝါရီ ၁ ရက်နောက်ပိုင်းတွင် ဆလိုဗက်သို့ ရုရှားဓါတ်ငွေ့ တဆင့်ခံပေးပို့နေမှုအား ယူကရိန်းက ရပ်ဆိုင်းခဲ့မည်ဆိုပါက လျှပ်စစ်ဓါတ်အားပေးဝေမှုကို ရပ်တန့်ခြင်းအပါအဝင် ယူကရိန်းအပေါ် တုန့်ပြန်ရန်အစီအစဥ်များကိုသူ့အစိုးရက အကဲဖြတ်...

မြန်မာနိုင်ငံမှ ပထမဆုံးဝင်ရောက်ယှဥ်ပြိုင်မည့် Professional Boxing...

မြန်မာနိုင်ငံဘောက်ဆင်သမိုင်းတလျှောက်တွင် WBC,OPBFနှင့် JBCမှကျင်းပသောနိုင်ငံတကာ Professional Boxing ပြိုင်ပွဲများတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာကစားသမား(၃)ဦးဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း Myanmar Boxing Commission(MBC)ထံမှ သိရသည်။ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌...

နိုင်ငံဝန်ထမ်း (၄,၀၀၀)ခန့် ပါဝင်သည့် ဒီဇင်ဘာ...

နိုင်ငံ့ဝန်ထမ်းပေါင်း (၄,၀၀၀)ခန့် ပါဝင်သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ ဒီဇင်ဘာ (၂၈)ရက် ၊...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းစာရင်းတွင် မေထက်လူကို ရွေးချယ်ခေါ်ယူထား

နိုင်ငံတကာပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် အမေရိကန် ကောလိပ်ဘောလုံးအသင်းအဆင့်၌ ကစားနေသည့် မေထက်လူကို ရွေးချယ်ခေါ်ယူထားသည်ကို တွေ့ရသည်။ အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်း၏ လေ့ကျင့်ပြင်ဆင်နေသည့် ဓာတ်ပုံများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်စဉ်...
HomeNewsLocal Newsမြဝတီနှင့် တာချီလိတ်နယ်စပ်ဒေသများတွင် MACCS...

မြဝတီနှင့် တာချီလိတ်နယ်စပ်ဒေသများတွင် MACCS Online Payment System ကျင့်သုံးမည်

လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁) ရက်မှ စတင်၍ မြဝတီနှင့် တာချီလိတ် နယ်စပ်ဒေသများတွင် MACCS Online Payment System ကျင့်သုံးမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Online အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကုန်ပစ္စည်းရှင်းလင်းထုတ်ယူသည့် လုပ်ငန်းစဉ်များအတွက် အခွန်ငွေပေးဆောင်ရာတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် Deposit Payment ၊ Direct Payment တို့အပြင် Mobile banking ၊ Internet Banking တို့မှတဆင့် Online Payment ဖြင့် အခွန်ငွေပေးဆောင်နိုင်ရန်အတွက် AYA Bank ၊ KBZ Bank ၊ CB Bank တို့နှင့် ပူးပေါင်းပြီး MACCS Online Payment System အား ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်မှစတင်၍ သီလဝါ အထူးစီးပွားရေးဇုန်အပါအဝင် ရန်ကုန်ဧရိယာ၌ အသုံးပြုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ MACCS Online Payment System အား မြဝတီ (H)နှင့် တာချီလိတ်(N2) နယ်စပ်ဒေသများတွင် ဇန်နဝါရီ (၁) ရက်မှစတင်၍ အသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

MACCS Online Payment System တွင် မိမိတို့၏ Mobile banking ၊ Internet Banking များမှတဆင့် Payment Statement Information ရရှိပြီးသည့် Import / Export Declaration No. များအား ကျသင့်အခွန်ငွေ တိုက်ရိုက်ပေးဆောင်ခြင်း(Direct Payment)နှင့် MACCS စနစ်ရှိ Deposit Account ထဲသို့ ငွေထပ်မံဖြည့်တင်းခြင်း(Deposit Addition Only) လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

MACCS Online Payment System အသုံးပြုမှုနှင့်ပတ်သက်၍ အခက်အခဲ တစ်စုံတရာရှိပါက Help Desk Section ဖုန်းနံပါတ်- ၀၁-၃၇၉၄၂၉ (ရုံးချိန်အတွင်း)နှင့် သက်ဆိုင်ရာ ပုဂ္ဂလိကဘဏ် (AYA Bank ဖုန်းနံပါတ် ၀၁-၂၃၁၇၇၇၇ ၊ KBZ Bank ဖုန်းနံပါတ် ၀၉-၉၅၁၀၁၈၅၅၅ ၊ KBZ Pay Call Center ဖုန်းနံပါတ် ၃၂၁၁ ၊ CB Bank ဖုန်းနံပါတ် ၀၁- ၂၃၁၇၇၇၀)များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားဓါတ်ငွေ့ပေးပို့မှုကိုရပ်လျှင်ယူကရိန်းကိုဓါတ်အားဖြတ်မည်–ဆလိုဗက်

ဇန်နဝါရီ ၁ ရက်နောက်ပိုင်းတွင် ဆလိုဗက်သို့ ရုရှားဓါတ်ငွေ့ တဆင့်ခံပေးပို့နေမှုအား ယူကရိန်းက ရပ်ဆိုင်းခဲ့မည်ဆိုပါက လျှပ်စစ်ဓါတ်အားပေးဝေမှုကို ရပ်တန့်ခြင်းအပါအဝင် ယူကရိန်းအပေါ် တုန့်ပြန်ရန်အစီအစဥ်များကိုသူ့အစိုးရက အကဲဖြတ် သုံးသပ်သွားမည်ဟု ဆလိုဗက်ဝန်ကြီးချုပ် ရောဘတ်ဖီကိုက ဒီဇင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။ “ဇန်နဝါရီ ၁ ရက်နောက်ပိုင်းမှာ ယူကရိန်းအပေါ် တုန့် ပြန်မယ့်အစီအမံတွေနဲ့ အခြေအနေ တွေကို အကဲဖြတ်သွားမှာပါ” ဟု ဗီဒီယိုမိန့်ခွန်းတွင် ဖီကိုက ပြောဆိုခဲ့သည်။ ရှောင်လွှဲ၍မရပါက ဓါတ်အားစနစ် ချို့ယွင်းနေသောကာလအတွင်း ယူကရိန်းလိုအပ်နေသော ဓါတ်အားပေးဝေမှုကို ရပ်တန့်သွားမည်ဟု သူက ပြောဆိုခဲ့ပြီး...

မြန်မာနိုင်ငံမှ ပထမဆုံးဝင်ရောက်ယှဥ်ပြိုင်မည့် Professional Boxing ပြိုင်ပွဲကြီး

မြန်မာနိုင်ငံဘောက်ဆင်သမိုင်းတလျှောက်တွင် WBC,OPBFနှင့် JBCမှကျင်းပသောနိုင်ငံတကာ Professional Boxing ပြိုင်ပွဲများတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာကစားသမား(၃)ဦးဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း Myanmar Boxing Commission(MBC)ထံမှ သိရသည်။ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင်ကျင်းပမည့် Professional Boxing ပြိုင်ပွဲသို့ MBC မှမျက်နှာသစ်ကစားသမားများဖြစ်သည့် နိုင်လတ်မှ (၅၉)ကီလို၊ နော်ဖုန်းမှ (၅၂ ဒသမ ၁)ကီလိုနှင့် စောလင်းအောင်မှ (၅၃)ကီလိုတို့တွင် ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။ အဆိုပါ Boxing ကစားသမား(၃)ဦးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှစတင်၍...

နိုင်ငံဝန်ထမ်း (၄,၀၀၀)ခန့် ပါဝင်သည့် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်း လျှောက်ပွဲကျင်းပ

နိုင်ငံ့ဝန်ထမ်းပေါင်း (၄,၀၀၀)ခန့် ပါဝင်သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ ဒီဇင်ဘာ (၂၈)ရက် ၊ နံနက်အစောပိုင်းအချိန်၌ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ ဗဟိုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ စုပေါင်းလမ်းလျှောက်ပွဲပြုလုပ်ရခြင်းသည် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ် ၍ ပြုလုပ်ခြင်းဖြစ်ပြီး၊ လမ်းလျှောက်ပွဲအား မြန်မာနိုင်ငံအို လံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071