တနင်္သာရီတိုင်း ၊ မြိတ်မြို့တွင် ယနေ့ဇန်နဝါရီ (၁၈)ရက် တစ်ရက်တည်းတွင် မီးစလောင်ကျွမ်းမှု(၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ မွန်းလွဲ (၂)နာရီခွဲအချိန်တွင် မြိတ်မြို့၊ ရှမ်းချောင်းလမ်းမကြီး၊ တိုင်းရုံးလမ်းခွဲအနီးရှိ ရာဘာစက်ရုံမီးလောင်မှုဖြစ်ပွားခဲ့ရာ ယခု ညနေ (၅)ခွဲအချိန်အထိ မီးငြိမ်းသတ်နေရဆဲဖြစ်ပြီး အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။
“မီးက များပါတယ်။ လက်ရှိအချိန်အထိ အပြီးသတ်ငြိမ်းသတ်နေရဆဲပါ။ အခြားဟာကိုတော့ ဖြေပေးနိုင်တဲ့သူက ဖိုက်တာတိုး( မီးလောင်ပြင်အတွင်း ဝင်ရောက်မီးငြိမ်းသတ်နေခြင်း)နေရလို့ပါ။ ကျွန်တော်တို့ နောက်ကလည်း အင်အားဖြည့် လုပ်ပေးနေရလို့ မဖြေအားသေးတာပါ”ဟု ဖုန်းလက်ခံဖြေသူ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မီးလောင်နေသည့် ရာဘာစက်ရုံအနီး စက်သုံးဆီဆိုင် ရှိနေခြင်းကြောင့် မီးကူးစက်မှုမရှိစေရေးအတွက် ဆောင်ရွက်ခဲ့ရကြောင်းလည်း သိရသည်။
အလားတူ မြိတ်မြို့ အလယ်ကျွန်းရပ်ကွက်တွင်လည်း ယနေ့ နံနက်အစောပိုင်း (၃)နာရီခွဲအချိန်ခန့်က နေအိမ်တစ်လုံးမှစတင်၍ မီးလောင်ကျွမ်းရာမှယင်းအိမ်အပြင် နှစ်ခန်းတွဲနေအိမ်တစ်လုံး မီးသင့်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးမီးေလာင် ေ-သဆုံးခဲ့ကြောင်း သိရသည်။
ထို့အတူ ယခုလ ဇန်နဝါရီ(၁၁)ရက်၌ မြိတ်မြို့တဖက်ကမ်းရှိ ကျွန်းစုမြို့နယ်၊ ပထော်ကျေးရွာ၌ နေအိမ်မီးလောင်မှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ရာ နေအိမ်(၃)လုံး မီးသင့်ဆုံးရှူံခဲ့ရသေးသည်။
ဓာတ်ပုံ-ရှင်သန်ခြင်း လူမှုကူညီရေးအသင်း