Looking for something?

Explore the website

Looking for something?

Friday, March 14, 2025

ယူကရိန်း အကျပ်အတည်းဆွေးနွေးရန် အမေရိကန် စေ့စပ်ညှိနှိုင်းသူများ...

မော်စကို၊ မတ် ၁၃ ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ ဆွေးနွေးရန် အမေရိကန်တာဝန်ရှိသူများသည် မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း ရုရှားမီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါအဖွဲ့ကို အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်...

နစက ဥက္ကဋ္ဌမှ ကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ယမန်နေ့ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)က ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။ နိုင်ငံတော်ကာကွယ်ရေးနှင့်...

“အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရ ဆရာ တော်အား...

၂ဝ၂၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ခြင်းမင်္ဂလာအခမ်းအ နားအား ယနေ့ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)မွန်းလွဲပိုင်းက မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပ ရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့...

ယခုနှစ် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ အသင်းသစ် (၂)သင်း...

ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် အသင်းသစ်(၂)သင်းဖြစ်သည့် Young Lioness နှင့် Yangon Royals FC...
HomeNewsLocal Newsမြို့ပြစီမံကိန်းအကောင်အထည်ဖော်ဖို့အတွက် ဒဂုံတောင် ဘုရင့်နောင်လမ်းမကြီးဘေးကဆိုင်ခန်းတွေကို...

မြို့ပြစီမံကိန်းအကောင်အထည်ဖော်ဖို့အတွက် ဒဂုံတောင် ဘုရင့်နောင်လမ်းမကြီးဘေးကဆိုင်ခန်းတွေကို အပြီးဖျက်သိမ်းဖို့အကြောင်းကြား

(Unicode)

မြို့ပြစီမံကိန်းအကောင်အထည်ဖော်ဖို့အတွက် ဒဂုံတောင် ဘုရင့်နောင်လမ်းမကြီးဘေးကဆိုင်ခန်းတွေကို အပြီးဖျက်သိမ်းဖို့အကြောင်းကြား

ဒဂုံတောင်ပိုင်းက စိုက်မွေး(၁)ရပ်ကွက်၊သုံးခွရပ် ကွက်နဲ့လေးထောင့်ကန်ရပ်ကွက်တို့ကို မြို့ပြစီမံ ကိန်းအကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် ဘုရင့်နောင်လမ်းမကြီးဘေးမှာ စည်ပင်ခွင့်ပြုချက်မရပဲဆောက်လုပ်ထားတဲ့ ဆိုင်ခန်းပေါင်း ၂၉၀ ကိုအပြီးတိုင်ဖျက်သိမ်းပေးဖို့ ဒဂုံတောင်မြို့ နယ်စည်ပင်က အကြောင်းကြားထားပါတယ်။

“အခုက အရှည် ၁၁၂၇၂ ပေရှိတဲ့ ဘုရင့်နောင်လမ်းမကြီးကိုအဆင့်မြှင့်တင်လမ်းခင်းပြီး ဘေးတစ်ဖက် ပေ ၅၀ စီလမ်းထပ်ချဲ့ဖို့ ရေမြောင်းနဲ့လမ်းပုခုံးဧရိယာတွေအတွက် ကျူးကျော်ဆောက်လုပ်ထားတဲ့ ဆိုင်ခန်းတွေကိုဖျက်သိမ်းခိုင်းတာပါ ဒီဇင်ဘာ ၁၀ ရက်နေ့ကိုနောက်ဆုံးထားဖျက်သိမ်းပေးရမှာပါ”လို့ စိုက်မွေး(၁)ရပ်ကွက်အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

အဲဒီ သုံးရပ်ကွက်ကိုပေါင်းပြီး မြို့ပြစီမံကိန်းဖော်ဆောင်ရာမှာ မြို့ပြအင်္ဂါရပ်နဲ့ကိုက်ညီပြည့်စုံဖို့အတွက် အခုလိုကျူးကျော်ဆိုင်ခန်းတွေကိုဖျက်သိမ်းစေခြင်းဖြစ်ပါတယ်။

မြို့ပြစီမံကိန်းဖော်ဆောင်ရာမှာလိုအပ်တဲ့ ကလေးကစားကွင်း၊အနားယူအပန်းဖြေနိုင်မဲ့ပန်းခြံတွေကိုလည်းဖော်ဆောင်သွားမှာဖြစ်သလို မြို့တော်စည် ပင်ပိုင်စျေးကိုလည်း အဆင့်မြှင့်တင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ဆိုင်တွေကိုဖျက်ပေးဖို့ အကြောင်း ကြားစာသုံးကြိမ်ရောက်ပြီးချိန်မှာ ဒီနားတစ်ဝိုက်ကဆိုင်ခန်းတွေပေါင်းပြီး လူကြီးတွေဆီကိုအသ နားခံစာပို့လိုက်တဲ့အတွက် နောက်ဆုံးဖျက်သိမ်းပေးရမဲ့ရက်ကို ဒီဇင်ဘာ ၁၀ ရက်လို့သတ်မှတ်ပေးခဲ့တယ် “လို့ ဘုရင့်နောင်လမ်းမကြီးပေါ်ကဆိုင်ခန်းတွေမှာစျေးရောင်းနေသူတစ်ယောက်ကပြောပါတယ်။

(Zawgyi)

ၿမိဳ႕ျပစီမံကိန္းအေကာင္အထည္ေဖာ္ဖို႔အတြက္ ဒဂုံေတာင္ ဘုရင့္ေနာင္လမ္းမႀကီးေဘးကဆိုင္ခန္းေတြကို အၿပီးဖ်က္သိမ္းဖို႔အေၾကာင္းၾကား

ဒဂုံေတာင္ပိုင္းက စိုက္ေမြး(၁)ရပ္ကြက္၊သုံးခြရပ္ ကြက္နဲ႔ေလးေထာင့္ကန္ရပ္ကြက္တို႔ကို ၿမိဳ႕ျပစီမံ ကိန္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ဖို႔အတြက္ ဘုရင့္ေနာင္လမ္းမႀကီးေဘးမွာ စည္ပင္ခြင့္ျပဳခ်က္မရပဲေဆာက္လုပ္ထားတဲ့ ဆိုင္ခန္းေပါင္း ၂၉၀ ကိုအၿပီးတိုင္ဖ်က္သိမ္းေပးဖို႔ ဒဂုံေတာင္ၿမိဳ႕ နယ္စည္ပင္က အေၾကာင္းၾကားထားပါတယ္။

“အခုက အရွည္ ၁၁၂၇၂ ေပရွိတဲ့ ဘုရင့္ေနာင္လမ္းမႀကီးကိုအဆင့္ျမႇင့္တင္လမ္းခင္းၿပီး ေဘးတစ္ဖက္ ေပ ၅၀ စီလမ္းထပ္ခ်ဲ႕ဖို႔ ေရေျမာင္းနဲ႔လမ္းပုခုံးဧရိယာေတြအတြက္ က်ဴးေက်ာ္ေဆာက္လုပ္ထားတဲ့ ဆိုင္ခန္းေတြကိုဖ်က္သိမ္းခိုင္းတာပါ ဒီဇင္ဘာ ၁၀ ရက္ေန႔ကိုေနာက္ဆုံးထားဖ်က္သိမ္းေပးရမွာပါ”လို႔ စိုက္ေမြး(၁)ရပ္ကြက္အုပ္ခ်ဳပ္ေရး႐ုံးက တာဝန္ရွိသူတစ္ေယာက္ကေျပာပါတယ္။

အဲဒီ သုံးရပ္ကြက္ကိုေပါင္းၿပီး ၿမိဳ႕ျပစီမံကိန္းေဖာ္ေဆာင္ရာမွာ ၿမိဳ႕ျပအဂၤါရပ္နဲ႔ကိုက္ညီျပည့္စုံဖို႔အတြက္ အခုလိုက်ဴးေက်ာ္ဆိုင္ခန္းေတြကိုဖ်က္သိမ္းေစျခင္းျဖစ္ပါတယ္။

ၿမိဳ႕ျပစီမံကိန္းေဖာ္ေဆာင္ရာမွာလိုအပ္တဲ့ ကေလးကစားကြင္း၊အနားယူအပန္းေျဖႏိုင္မဲ့ပန္းၿခံေတြကိုလည္းေဖာ္ေဆာင္သြားမွာျဖစ္သလို ၿမိဳ႕ေတာ္စည္ ပင္ပိုင္ေစ်းကိုလည္း အဆင့္ျမႇင့္တင္ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္တို႔ဆိုင္ေတြကိုဖ်က္ေပးဖို႔ အေၾကာင္း ၾကားစာသုံးႀကိမ္ေရာက္ၿပီးခ်ိန္မွာ ဒီနားတစ္ဝိုက္ကဆိုင္ခန္းေတြေပါင္းၿပီး လူႀကီးေတြဆီကိုအသ နားခံစာပို႔လိုက္တဲ့အတြက္ ေနာက္ဆုံးဖ်က္သိမ္းေပးရမဲ့ရက္ကို ဒီဇင္ဘာ ၁၀ ရက္လို႔သတ္မွတ္ေပးခဲ့တယ္ “လို႔ ဘုရင့္ေနာင္လမ္းမႀကီးေပၚကဆိုင္ခန္းေတြမွာေစ်းေရာင္းေနသူတစ္ေယာက္ကေျပာပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071