Sunday, December 22, 2024

မော်လမြိုင်တွင် အဆင့်မြင့်ငါးဈေးသစ်ကြီး တည်ဆောက်လျက်ရှိ

မွန်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်း၍ မော်လမြိုင်အဆင့်မြင့် ငါးဈေးသစ်ကြီးကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်...

YPS ကတ် နှင့် Qr...

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များတွင် YBS ယာဉ်စီးခငွေပေးချေရန် YPS ကတ် အသုံးပြုသူ နှစ်သိန်းကျော်ရှိလာပြီး QR Code အသုံးပြုရန်...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရိုဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုးလက္ခာ...

မြန်မာနိုင်ငံတောင်ပိုင်း၊ ကရင်ပြည်နယ်၊ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရို ဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုး လက္ခာ ဖြစ်ပွားသူမရှိသေးကြောင်း ဒေသတွင်း မြေပြင်စောင့်ကြည့်နေသူ လူမှုကူညီကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ယနေ့တွင် ပေါ်ပြူလာနယူးစ်သို့...

ရန်ကုန်တွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဟု MEODA...

ဈေးကွက်အတွင်း စားသုံးဆီများကို အိမ်အရောက်ပို့စနစ်နှင့် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက...
HomeInternationalမြောက်ကိုးရီးယား၏ နျူကလီးယားစမ်းသပ်မှုကို ဆွေးနွေးနေစဥ်တောင်ကိုရီးယားက...

မြောက်ကိုးရီးယား၏ နျူကလီးယားစမ်းသပ်မှုကို ဆွေးနွေးနေစဥ်တောင်ကိုရီးယားက စစ်ရေးလေ့ကျင့်မှုများ စတင်လာ

ဆိုးလ်၊ အောက်တိုဘာ ၁၇

တောင်ကိုရီးယားတပ်ဖွဲ့များသည် နှစ်နိုင်ငံ စစ်ရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်နေချိန်တွင်  မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုများအပေါ် တုံ့ပြန်နိုင်ရန်အတွက် စွမ်းရည်မြှင့်တင်ရန် ရည်ရွယ်၍ ၎င်းတို့၏ နှစ်စဉ် ဟိုဂွတ် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၁၇ ရက် တနင်္လာနေ့တွင် စတင်ပြုလုပ်ခဲ့သည်။

စနေနေ့တွင် ပြီးဆုံမည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ပြီးခဲသည့် ရက်သတ္တပတ်များအတွင်း အမေရိက၊ ဂျပန်တို့နှင့်အတူ ပူးပေါင်းခဲ့သော လုပ်ဆောင်မှုများ အပါအဝင် ဆက်တိုက်ပြုလုပ်နေခဲ့သည့် တောင်ကိုရီးယား၏ စစ်ရေးလေ့ကျင့်မှုများတွင် နောက်ဆုံးဖြစ်သည်။

အဆိုပါ နောက်ဆုံး လေ့ကျင့်မှုမှာ မြောက်ကိုရီးယားက သောကြာနေ့တွင် တာတိုပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်း အပါအဝင် ရာနှင့်ချီသော အမြောက်ကျည်များကို ကိုရီးယားနှစ်နိုင်ငံ နယ်စပ်အနီး ပစ်ခတ်ခဲ့ခြင်းနှင့် ယခုနှစ်အတွင်း မကြုံစဖူးထူး ကဲသော အရှိန်အဟုန်ဖြင့် လက်နက်စမ်းသပ်မှုများ ပြုလုပ်နေခြင်းတို့ကြောင့် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြုံယမ်းသည် တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများအပေါ် ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး ထိုလုပ်ဆောင်မှုများအား ရန်စမှုများနှင့် တန်ပြန်ခြိမ်းခြောက်မှုများဟု ခေါ်ဆိုခဲ့သည်။ ဆိုးလ်က ၎င်း၏ လေ့ကျင့်မှုများမှာ ပုံမှန် လုပ်နေကျဖြစ်ပြီး ကာကွယ်ရေး အသားပေး လေ့ကျင့်မှုများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် တပ်ဖွဲ့ဝင်အချို့နှင့် ပူးပေါင်းထားသည့် တောင်ကိုရီးယားတပ်ဖွဲ့များသည် ဟိုဂွတ် စစ်ရေးလေ့ကျင့်မှုအတွင်း တပ်ဖွဲ့ဝင်များ၏ ပူးတွဲစစ်ဆင်ရေးရည်စွမ်းရည်ကို မြှင့်တင်ရန်နှင့် အဆင်သင့်ဖြစ်နေစေရန်အတွက် အာရုံစိုက်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောကြားခဲ့သည်။

“တပ်ဖွဲ့တွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား၊ ဒုံးကျည်နဲ့ တခြား ခြိမ်းခြောက်မှု အမျိုးမျိုးကို တန်ပြန်နိုင်ဖို့ နေ့ရောညပါ လက်တွေ့ကျတဲ့ လေ့ကျင်မှုတွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်၊ ဒါမှသာ သူတို့ဟာ စစ်ကာလနဲ့ ငြိမ်းချမ်းရေးကာလမှာ ပေးထားတဲ့ မစ်ရှစ်ကို ပြီးမြောက်အောင်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပြီး အချို့အမေရိကန် တပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို မြင့်တင်နိုင်မှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source:CNN

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မော်လမြိုင်တွင် အဆင့်မြင့်ငါးဈေးသစ်ကြီး တည်ဆောက်လျက်ရှိ

မွန်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်း၍ မော်လမြိုင်အဆင့်မြင့် ငါးဈေးသစ်ကြီးကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် အဆိုပါ အဆင့်မြှင့် ငါးဈေးသစ်စီမံကိန်း တည်ဆောက်နေမှုကို ဒီဇင်ဘာ (၂၁)ရက်က ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး၊ စံချိန်စံညွှန်းမီ တည်ဆောက်ရေး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ရတနာထွန်း သား၊ ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ ရောင်းချသည့်ဈေးမှာ မြို့အတွင်းတွင်ရှိသဖြင့် ယာဉ်ကြောပိတ်ဆိုမှုများ...

YPS ကတ် နှင့် Qr Code အသုံးပြုသူ သုံးသိန်းခွဲကျော်ရှိလာ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များတွင် YBS ယာဉ်စီးခငွေပေးချေရန် YPS ကတ် အသုံးပြုသူ နှစ်သိန်းကျော်ရှိလာပြီး QR Code အသုံးပြုရန် App Download ပြုလုပ်ပြီး အသုံးပြုသူ တစ်သိန်းခွဲကျော်ရှိကြောင်း Asia Starmar Transport Intelligent မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ကြောင့် YPS ကတ်ကို စတင်ဖြန့်သည့်အချိန်မှ လက်ရှိအချိန်အထိ (၅၀) ရာခိုင်နှုန်း၊ (၆၀) ရာခိုင်နှုန်း ခန့်အထိ တိုးလာခြင်း ဖြစ်ကြောင်းလည်း သူကဆိုသည်။ လက်ရှိတွင် YPS ကတ်ကို...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရိုဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုးလက္ခာ ဖြစ်ပွားမှုမရှိဟု ဆို

မြန်မာနိုင်ငံတောင်ပိုင်း၊ ကရင်ပြည်နယ်၊ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရို ဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုး လက္ခာ ဖြစ်ပွားသူမရှိသေးကြောင်း ဒေသတွင်း မြေပြင်စောင့်ကြည့်နေသူ လူမှုကူညီကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ယနေ့တွင် ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ယခု ရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်မြို့သစ်တွင် ဝမ်းပျက်ဝမ်းလျောသူအချို့ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် အခြေခံ၍ မြဝတီမြို့၏ အခြေအနေကို ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်သည်။ "မြဝတီမှာတော့ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်တဲ့သူမရှိပါဘူး။ ကျွန်တော်တို့ကဆေးရုံအမြဲဝင်ထွက်နေတဲ့သူတွေ အသိဆုံးပါ။ ရွှေကုက္ကိုလ်မြို့မှာတော့ အယောက်(၄၀)လောက် ဝမ်းပျက်ဝမ်းလျောနေတဲ့သူတွေ ရှိတယ်လို့ သိရပေမယ့် ဘာကြောင့်ဖြစ်တာလဲတော့မသိဘူး"ဟု ၎င်း သိရှိထားမှုအား ရှင်းပြသည်။ ယင်းနှင့်ပတ်သက်၍ ရွှေကုက္ကိုလ်မြို့အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုထံသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071