ရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မ.ဝ.တ. လမ်းဆုံတွင် YBS ယာဉ်တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးဓာတ်တိုင်နှင့် ဆိုင်ကယ်တစ်စီးအား ဝင်ရောက်တို-က်မိမှုဖြစ်ပွားခဲ့ကြောင်း အနီးနားဝန်းကျင်ရှိ ဒေသခံတို့ထံမှ သိရသည်။
ယနေ့ မတ်လ (၂၇)ရက် နံနက်(၇)နာရီခွဲအချိန်ခန့်က ရန်ကုန်ပြေးဆွဲနေသည့် ခရီးသည်တင် YBS 137 ယာဉ်တစ်စီး ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းအရ ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ အရေးပေါ်လူနာတင်ယာဉ်အမှတ် (၀၆) သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်တွင် ဝင်ရောက်တို-က်မိသော လမ်းဘေးရှိ ဓါတ်တိုင်နှင့် ဆိုင်ကယ်တစ်စီးတို့ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ပြီး အမျိုးသား တစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရခဲ့၍ ၎င်းအား လိုအပ်သည့် မြေပြင်ဆေးကုသမှုများပေးကာ မြောက်ဥက္ကလာဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။