မြောက်မက်ဆီဒိုနီးယားသမ္မတနိုင်ငံ မြောက်ပိုင်းရှိ ကိုကာနီမြို့တွင် မတ် ၁၆ ရက်နံနက်အစောပိုင်းက နိုက်ကလပ်တစ်ခု မီးလောင်၍ လူဒါဇင်များစွာ ေ-သဆုံး၊ ဒဏ်ရာရမှုရှိခဲ့သည်ဟု ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြသည်။
မီးသည် ကလပ်မျက်နှာကျက်နှင့် ခေါင်းမိုးအထိ မီးရှိန်ကောင်းစွာဖြင့် အလျင်အမြန် ကူးစက်လောင်ကျွမ်းခဲ့သည်။
“မီးလောင်မှုတွင် ေ-သဆုံး၊ ဒဏ်ရာရသူအရေအတွက်ကို စိစစ်ဆုံးဖြတ်နေပါတယ်” ဟု အစိုးရရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ဖြစ်စဉ်တွင် လူ ၅၀ ထက်မနည်း ေ-သဆုံးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနကို ကိုးကားကာ နိုင်ငံပိုင်သတင်းဌာန MIA က ဖော်ပြခဲ့သည်။
လူဦးရေ ၃၀,၀၀၀ ဝန်းကျင်နေထိုင်ရာ မြို့ငယ်လေးရှိ Pulse နိုက်ကလပ်တွင် နိုင်ငံကျော် ဟစ်ဟော့ပ်အဖွဲ့ DNK ၏ ဖျော်ဖြေနေစဉ် မီးလောင်ခဲ့ခြင်း ဖြစ်သည် ဟု သတင်းဌာနက ပြောဆိုသည်။ ညသန်းခေါင်ယံတွင် စတင်ဖျော်ဖြေမှုလုပ်ခဲ့သည့် ဂီတပွဲသို့ လူငယ်အများစု တက်ရောက်ခဲ့ကြသည်။
မီးသည် ဒေသစံတော်ချိန် နံနက် ၃ နာရီတွင် စတင်လောင်ကျွမ်းခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိခဲ့သည်ဟု ကယ်ဆယ်ရေးသတင်းရင်းမြစ်များကို ကိုးကား၍ SDK အွန်လိုင်းသတင်းဌာနက ဖော်ပြခဲ့သည်။
ဒဏ်ရာရရှိခဲ့သူများကို ဒေသတွင်းရှိ ကိုကာနီဆေးရုံနှင့် မြို့တောင်ဘက် ၃၀ ကီလိုမီတာအကွာရှိ Stip ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။
ဖျော်ဖြေပွဲတွင် မီးတောက်မှုတ်ထုတ်သည့် စက်ပစ္စည်းများ အသုံးပြုမှုကြောင့် မီးလောင်မှုဖြစ်ဖွယ်ရှိသည်ဟု ဒေသတွင်း မီဒီယာများက ခန့်မှန်းဖော်ပြခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်