Friday, November 22, 2024

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၄...

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၄ ကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ကိုရီးယား(KOGAM) ၊ ဟောင်ကောင် (HKMMA)...

အရှေ့ဒဂုံ ကျန်စစ်သားလမ်းတွင် ရပ်ထားသည့် YBS...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၂) ရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် ရပ်ထားသည့် ခရီးသည်တင် YBS ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီး သတ်တပ်ဖွဲ့နှင့် နယ်မြေခံ...

လာအို-မြန်မာ မဲခေါင်မြစ်ကြောင်းတစ်လျှောက် ကုန်စည်ကူးသန်းသွားလာမှု ဘေးကင်းလုံခြုံမှုရရှိစေရေးအပါအဝင်...

မြန်မာ-လာအိုနှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ မဲခေါင်မြစ်ကြောင်းတစ်လျှောက် အေးချမ်းတည်ငြိမ်မှု ရရှိစေပြီး ပြည်သူများ လှေ/ သင်္ဘောအသုံးပြု၍ ကုန်စည်ကူးသန်းသွားလာမှုတွင် ဘေးကင်းလုံးခြုံမှုနှင့် အဆင်ပြေချောမွေ့မှုရရှိစေရေးတို့အတွက် တာဝန်ရှိသူများတွေ့ဆုံ...

တရုတ်နှင့်အာဆီယံကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေး

ဗီယန်ကျင်း၊နိုဝင်ဘာ ၂၁ ၁၄ ကြိမ်မြောက် တရုတ်-အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးကို လာအိုနိုင်ငံ၊ဗီယန်ကျင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါအစည်းအဝေးကို တရုတ်ကာကွယ်ရေးဝန်ကြီးဒွန်ဂျန်နှင့် လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုဂ်ငံတော်ကာကွယ်ရေးဝန်ကြီးဖြစ်သည့် Chansamone Chanyalath...
HomeNewsLocal Newsမှတ်ပုံမတင်သည့် ဆန်စပါးသိုလှောင်ရုံများကို လိုအပ်ပါက...

မှတ်ပုံမတင်သည့် ဆန်စပါးသိုလှောင်ရုံများကို လိုအပ်ပါက လုပ်ငန်းလိုင်စင်ယာယီပိတ်သိမ်းသည်အထိ အရေးယူမည်

ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းများ အနေဖြင့်ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံမတင်ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အလေးအနက်ထားဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တိုက်တွန်းထုတ်ပြန်ထားသည်။

ဆန်တန်ချိန် (၂၅) နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း (၂၅၀၀) နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူများ မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်တွင် ထုတ်ပြန်ထားပြီးဖြစ်သည်ဟု ဆိုသည်။

အမိန့်ထုတ်ပြန်ပြီး နှစ်လပြည့်မြောက်သည့်နေ့ရက်တွင် ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူသည် မှတ်ပုံတင်ဆောင်ရွက်ခြင်း မရှိပါက စာဖြင့်သတိပေးခြင်း၊ ဆန်စပါးလုပ်ငန်းနှင့် သက်ဆိုင်သော လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ လုပ်ကိုင်ခွင့် ယာယီပိတ်သိမ်းခြင်းကို လိုအပ်လျှင် သက်ဆိုင်ရာအစိုးရဌာနက ပြုလုပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်း တို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့သိုလှောင်ရုံမှတ်ပုံတင်ခြင်းမှာ ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေများကို စနစ်တကျ စာရင်းပြုစု မှတ်ပုံတင်ထားနိုင်ရေး၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတိုအတွက် ရည်ရွယ်ကြောင်း သိရသည်။

သိုဖြစ်၍ ဆန်စပါးသိုလှောင်ရုံကို ပိုင်ဆိုင်သူများ အနေဖြင့် အလေးအနက်ထား လိုက်နာဆောင်ရွက်စေရေးအတွက် ထပ်မံအသိပေးကြေညာခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၄ ကို ဒီဇင်ဘာတွင် ကျင်းပမည်

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၄ ကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ကိုရီးယား(KOGAM) ၊ ဟောင်ကောင် (HKMMA) တို့မှ အသင်းဝင်စက်ရုံများ၏ Pavilion များ၊ အခြားသော အာဆီယံနိုင်ငံများ၏ Pavilion ကိုလည်း သက်ဆိုင်ရာအသင်းများနှင့် အတူခင်းကျင်း ပြသသွားမည် ဖြစ်သည်။ " မြန်မာ့အထည်ချုပ်လုပ်ငန်းမှ ထုတ်ကုန်များအတွက် ဈေးကွက်အသစ်များရရှိစေရန် ကုန်စည်ပြပွဲများ၊ စီးပွားရေးမိတ်ဖက်များနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးခြင်းနှင့် အပြည်အပြည်ဆိုင်ရာကုန်စည်ပြပွဲများတွင် ဝင်ရောက်ပြသခြင်းဖြင့်၊ ယခုလို အထည်အလိပ် နှင့် စက်ပစ္စည်းများပြပွဲမှ မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍ၏...

အရှေ့ဒဂုံ ကျန်စစ်သားလမ်းတွင် ရပ်ထားသည့် YBS ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၂) ရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် ရပ်ထားသည့် ခရီးသည်တင် YBS ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီး သတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီကယ်ဆယ်ရေးအသင်းတို့ထံမှ သိရသည်။ ယနေ့ နိုဝင်ဘာ (၂၂) ရက်၊ ညနေ (၄)နာရီ (၃၅)မိနစ် အချိန်ခန့်က အဆိုပါ နေရာတွင် ကားမီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁) စီးတို့နှင့်အတူ ဝန်းရံမှူးလူမူကူညီကယ်ဆယ်ရေးအသင်းမှ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ငြှိမ်းသတ်ရာ ညနေ...

လာအို-မြန်မာ မဲခေါင်မြစ်ကြောင်းတစ်လျှောက် ကုန်စည်ကူးသန်းသွားလာမှု ဘေးကင်းလုံခြုံမှုရရှိစေရေးအပါအဝင် အခြားပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-လာအိုနှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ မဲခေါင်မြစ်ကြောင်းတစ်လျှောက် အေးချမ်းတည်ငြိမ်မှု ရရှိစေပြီး ပြည်သူများ လှေ/ သင်္ဘောအသုံးပြု၍ ကုန်စည်ကူးသန်းသွားလာမှုတွင် ဘေးကင်းလုံးခြုံမှုနှင့် အဆင်ပြေချောမွေ့မှုရရှိစေရေးတို့အတွက် တာဝန်ရှိသူများတွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ယနေ့ နိုဝင်ဘာ ၂၂ ရက်နံနက်ပိုင်းက တာချီလိတ်မြို့တွင် (၁၂)ကြိမ်မြောက်အဖြစ် မြန်မာ-လာအို ဒေသဆိုင်ရာ နယ်ခြားကော်မတီနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့အတွက် မြန်မာနိုင်ငံဘက်မှ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်၏ ခေတ္တစစ်ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး သန့်လှိုင်ဝင်းနှင့် လာအိုနိုင်ငံမှ ဘော်ကဲအိုခရိုင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထောင်းခိုင်း ဆီယာလာတ်တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် ဆွေးနွေးမှုတွင် နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ တရားမဝင်မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့တို့အား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071