အငြိမ့်၊ ဇာတ်၊ ဆိုင်း၊ တေးဂီတ အဖွဲ့၊ ဂီတသင်တန်းကျောင်းများနှင့် မန္တလေးအနုပညာရပ်ဝန်းရှိ အသက် ၆ဝ နှစ်အထက် စန္ဒရားဆရာဂီတပညာ ရှင်ကြီးများအား ပူဇော်ကန်တော့ပွဲ ကို စက်တင်ဘာ ၁၅ ရက်နံနက်ပိုင်းက မန္တလေးပန်တျာ ကျောင်းဝင်းအတွင်းရှိ စန္ဒရားသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
”ကျွန်တော်တို့ လူငယ်လူလတ် ပိုင်း စန္ဒရားဆရာတွေ စုစည်းပြီး ကုသိုလ်ကောင်းမှုတစ်ခုအနေနဲ့ မနှစ်ကစပြီး သက်ကြီးဝါကြီး စန္ဒ ရားဆရာကြီးတွေကို ဂါရဝပြုကန် တော့ခဲ့ပါတယ်။ ဒီနေ့က ဒုတိယ အကြိမ် ကျင်းပတာဖြစ်ပါတယ်” ဟု စန္ဒရားဝင်းဖေက ပြောသည်။
အခမ်းအနားတွင် ဂီတအနု ပညာရှင်များက တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေကြပြီး အသက် ၆ဝ နှစ်အထက် ကန်တော့ခံ စန္ဒရား ဂီတ ပညာရှင်ကြီး ၁၉ ဦးအား ဂီတအနု ပညာရပ်ဝန်းမှ ဂီတအနုပညာရှင်များ၊ ဂီတချစ်မြတ်နိုးသူများနှင့် တပည့် ဟောင်းများက ဂါရဝပြု လက်ဆောင် များဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။